ဂမ္ဘီယာႏိုင္ငံရဲ႕တရားေရးဝန္ႀကီးလဲျဖစ္ ျမန္မာႏိုင္ငံကို(ICJ)မွာ တရားစြဲရာမွာဦးေဆာင္သူလဲျဖစ္တဲ့ တမ္ဘာဒူး ရာထူးမွႏုတ္ထြက္

ဂမ္ဘီယာႏိုင္ငံရဲ႕ ထင္ရွားတဲ့ တရားေရးဝန္ႀကီး အဘူဘာကာ တမ္ဘာဒူးနဲ႔ ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္ အဖြဲ႕ရဲ႕လူ႔အခြင့္အေရးေရွ႕ ေနရိဒ္ ဘေရာ္ဒီ က သူတို႔ ၾကားမွာ အၿမဲတမ္း သေဘာတူတာမ်ိဳး မရွိေပမဲ့ တမ္ဘာဒူး ဟာ လူ႔အခြင့္အေရး အႀကံေပးေတြရဲ႕ စကားကို နား ေထာင္တယ္လို႔ေျပာပါတယ္။

ျမန္မာႏိုင္ငံကို ႏိုင္ငံတကာတရား႐ုံး(အိုင္စီေဂ်)မွာ တရားစြဲရာမွာဦးေဆာင္ပါဝင္ခဲ့တဲ့ အဘူဘာကာ တမ္ဘာဒူးဟာ ရာထူးကေန ႏုတ္ထြက္ ခဲ့ပါတယ္။ေရွ႕ေနေဒၚဒါ ဂ်ယ္လိုက တမ္ဘာဒူးရဲ႕တာဝန္ကို ဇူလိုင္ကစၿပီးလႊဲေျပာင္းယူမယ္လို႔လည္း ဂမ္ဘီယာအစိုးရက ထုတ္ျပန္ပါတယ္ ။ ျမန္မာ ႏိုင္ငံကို လူမ်ိဳးတုန္းသတ္ျဖတ္မႈစြပ္စြဲခ်က္ေတြနဲ႔တရားစြဲၿပီးတဲ့ေနာက္ တမ္ဘာဒူးကို ႏိုင္ငံတကာမွာပိုၿပီးလူသိမ်ားလာပါတယ္။

ႏိုင္ငံရဲ႕ေရွ႕ေနခ်ဳပ္လည္းျဖစ္တဲ့တမ္ဘာဒူးဟာ ဇြန္ ၃၀ ရက္ကစၿပီး ကုလသမဂၢမွာ အမည္မေဖာ္ျပေသးတဲ့တာဝန္ထမ္းေဆာင္ဖို႔ ရာထူးကေနႏုတ္ထြက္တာပါ။

၂၀၁၇ ခုႏွစ္မွာ တရားေရးဝန္ႀကီးအျဖစ္တာဝန္စတင္ထမ္းေဆာင္ခဲ့တဲ့သူဟာ ႏိုင္ငံရဲ႕အာဏာရွင္ေဟာင္းယာယာ ဂ်မ္မာလက္ထက္မွာ မတရားဖိႏွိပ္ထားတာေတြကို စုံစမ္းစစ္ေဆးဖို႔ရည္႐ြယ္တဲ့ ဂမ္ဘီယာရဲ႕အမွန္တရား၊ ရင္ၾကားေစ့ေရးႏွင့္ နစ္နာေၾကးေပးေလ်ာ္ေရး ေကာ္ မရွင္ဖြဲ႕စည္းရာမွာ အေရးပါခဲ့သူ ျဖစ္ပါတယ္။

REF: THE FIFTH WAVE NEWS

UNICODE

ဂမ်ဘီယာနိုင်ငံရဲ့တရားရေးဝန်ကြီးလဲဖြစ် မြန်မာနိုင်ငံကို(ICJ)မှာ တရားစွဲရာမှာဦးဆောင်သူလဲဖြစ်တဲ့ တမ်ဘာဒူး ရာထူးမှနုတ်ထွက်

ဂမ်ဘီယာနိုင်ငံရဲ့ ထင်ရှားတဲ့ တရားရေးဝန်ကြီး အဘူဘာကာ တမ်ဘာဒူးနဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့လူ့အခွင့်အရေးရှေ့ နေရိဒ် ဘရော်ဒီ က သူတို့ ကြားမှာ အမြဲတမ်း သဘောတူတာမျိုး မရှိပေမဲ့ တမ်ဘာဒူး ဟာ လူ့အခွင့်အရေး အကြံပေးတွေရဲ့ စကားကို နား ထောင်တယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)မှာ တရားစွဲရာမှာဦးဆောင်ပါဝင်ခဲ့တဲ့ အဘူဘာကာ တမ်ဘာဒူးဟာ ရာထူးကနေ နုတ်ထွက် ခဲ့ပါတယ်။ရှေ့နေဒေါ်ဒါ ဂျယ်လိုက တမ်ဘာဒူးရဲ့တာဝန်ကို ဇူလိုင်ကစပြီးလွှဲပြောင်းယူမယ်လို့လည်း ဂမ်ဘီယာအစိုးရက ထုတ်ပြန်ပါတယ် ။ မြန်မာ နိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်တွေနဲ့တရားစွဲပြီးတဲ့နောက် တမ်ဘာဒူးကို နိုင်ငံတကာမှာပိုပြီးလူသိများလာပါတယ်။

နိုင်ငံရဲ့ရှေ့နေချုပ်လည်းဖြစ်တဲ့တမ်ဘာဒူးဟာ ဇွန် ၃၀ ရက်ကစပြီး ကုလသမဂ္ဂမှာ အမည်မဖော်ပြသေးတဲ့တာဝန်ထမ်းဆောင်ဖို့ ရာထူးကနေနုတ်ထွက်တာပါ။

၂၀၁၇ ခုနှစ်မှာ တရားရေးဝန်ကြီးအဖြစ်တာဝန်စတင်ထမ်းဆောင်ခဲ့တဲ့သူဟာ နိုင်ငံရဲ့အာဏာရှင်ဟောင်းယာယာ ဂျမ်မာလက်ထက်မှာ မတရားဖိနှိပ်ထားတာတွေကို စုံစမ်းစစ်ဆေးဖို့ရည်ရွယ်တဲ့ ဂမ်ဘီယာရဲ့အမှန်တရား၊ ရင်ကြားစေ့ရေးနှင့် နစ်နာကြေးပေးလျော်ရေး ကော် မရှင်ဖွဲ့စည်းရာမှာ အရေးပါခဲ့သူ ဖြစ်ပါတယ်။

REF:   THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *