



Sayar Lone

UNICODE

ဇွဲကပင်တောင် မှာ ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူလေးရဲ့ အလောင်းကို ရှာဖွေ တွေ့ရှိပြီ

ဇွဲကပင်တောင် မှာ ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူ အတွက် ရဲတပ်ဖွဲ့က ပျောက်ဆုံးသူ သွားလာတတ်တဲ့နေရာကို အခြားရဲစခန်း ထံချိတ် ဆက်ပြီး စုံစမ်းရှာဖွေလျက် ရှိတယ်လို့ သိရပါတယ်။အဲ့ဒီကျောင်းသူလေးကို မနေ့ ညနေပိုင်းအချိန်က ဇွဲကပင်တောင် ထိပ်ပေါ်မှာ တွေ့နေ ရပြီး နောက်ပိုင်းမှာ ပြန်လည်ဆင်းသွားတယ်လို့ ဇွဲကပင်တောင်ပေါ် ဆရာတော်ထံ ကနေ သိရပါတယ်။

နောက်ဆုံး ရရှိထားတဲ့ သတင်းအရ ဒီကနေ့ ညနေပိုင်း ၃ နာရီခွဲ အချိန်လောက်မှာ ဇွဲကပင်တောင်ထိပ် ရောက်ခါနီးတစ်နေရာမှာ ရှိတဲ့ ချောက်ကမ်းပါ အစွန်းမှာ ပျောက်ဆုံးသူရဲ့ ဆိုင်ကယ်သော့ကို တွေ့ရှိရတယ်လို့ မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။ဇွဲကပင်တောင် မှ ပျောက်ဆုံးသွားသော တက္ကသိုလ်ကျောင်းသူ ကောင်မလေးရဲ့ အလောင်းကို ပေ (၃၀၀_ အနက် ချောက်ထဲတွင် ရှာဖွေ တွေ့ရှိထားပါပြီ။

ဇွဲကပင်တောင် မှ တက္ကသိုလ် ကျောင်းသူကောင်မလေး ရဲ့ အလောင်းကို ဒရုန်း နဲ့ ရှာဖွေတွေ့ရှိ သွားပါပြီး ကောင်မလေးအား ကျောက် တောင် တစ်နေရာတွင် Drone နဲ့ ရှာဖွေတွေ့ရှိ သွားခဲ့ပါပြီ။ သော့တွေ့ရှိသောနေရာမှ အနက်ပေ (၃၀၀) တွင် တွေ့ရှိတာဖြစ်ကြောင်း ဝမ်းနည်းဖွယ်ရာ သိရှိရပါတယ်။

Sayar Lone

Add a Comment

Your email address will not be published. Required fields are marked *