






REF; BBC Burmese

UNICODE

ဇွဲကပင် တောင်ပေါ် မှာ သေဆုံးလျက်ပြန်တွေ့ခဲ့တဲ့ ကျောင်းသူလေးနှ င့်ပတ်သက်၍ ထူးဆန်းဖွယ်အချ က်များ

ဇွဲကပင်တောင်ပေါ်တက်ရင်း ပျောက်ဆုံးသူအမျိုးသမီးငယ်ကို မနေ့ ဇွန် ၂၆ ရက်နေ့ကတည်းက ဘားအံမီးသတ်တပ်ဖွဲ့၊ အရပ်ဘက်လူမှု ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းရှာဖွေခဲ့ပြီး ဒီကနေ့မနက်မှာ ဆက်လက်ရှာဖွေရာက သေဆုံးလျက်ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။ ကလေး မရဲ့ မိသားစုတွေလည်းမနေ့ကတည်းကရောက်နေပြီ၊ မနေ့က ရတဲ့ ဆို့စ်တွေကမှားနေတော့ ရှာမတွေ့ခဲ့ဘူး၊

ဒီနေ့ကတော့ ကယ်ဆယ်ရေးအင်အား ၁၂၀ လောက်နဲ့ဝိုင်းရှာခဲ့တာပါ”လို့ ပျောက်ဆုံးခဲ့တဲ့ ကျောင်းသူကို ရှာဖွေခဲ့တဲ့အခြေအနေနဲ့ ပတ် သက်ပြီးတော့လည်း ဝန်ကြီးကပြောပြပါတယ်။ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူကို ရှာဖွေရေးအတွက် ပြည်နယ် မီးသတ် တပ်ဖွဲ့က တောင်ခြေမှာ ယာယီကွပ်ကဲရေးစခန်းဖွင့်ကာ လူမူရေးဝန်ကြီး လမ်းညွန်ချက်နဲ့ မီးသတ်က ဒရုန်းယာဉ်တွေနဲ့ ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။

ဇွဲကပင်တောင်ပေါ်တက်ရင်း ဇွန်လ ၂၅ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်က ပျောက်ဆုံးသွားသည့် ဘားအံ တက္ကသိုလ်မှ တတိယနှစ်ကျောင်း သူ၏ရုပ်လောင်းကို စေတီရင်ပြင် အနီး ချောက်ကမ်းပါး၌ ယနေ့ ဇွန် ၂၇ ရက် နံနက်ပိုင်းက ပြန်လည်တွေ့ရှိသည်။အဆိုပါကျောင်းသူ ပျောက် ဆုံးနေသည့် အတွက် ကရင်ပြည်နယ်အစိုးရ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊အရပ်ဘက်လူမှုကယ်ဆယ်ရေး အဖွဲ့များ ။

ပူးပေါင်း၍ အင်အား ၁၀၀ ခန့်ဖြင့်ရှာဖွေခဲ့ရာ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ရုပ်အလာင်းဟုယူဆရသည့်အရာတခုကို ရှာဖွေရေးဒ ရုန်းကင်မရာက တွေ့ရှိခဲ့သည်။ ဘားအံတက္ကသိုလ်တွင် သတ္တဗေဒဂုဏ်ထူတန်း ပထမနှစ် တက်ရောက်နေသည့် မဇာခြည်မြင့်မြတ် (၂၀) နှစ်သည် ဇွန်လ ၂၅ နေ့ ညနေပိုင်းက နေထိုင်ရာ အဆောင်မှထွက်ခွာပြီး ဇွဲကပင်တောင်ပေါ်သို့ တက်ရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါရုပ်လောင်းအား အတည်ပြု သယ်ဆောင်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။မနေ့က နောက်ဆုံး ဆိုင် ကယ်သော့တွေ့တဲ့နေရာကို သေချာသိရလို့ အဲဒီနေရာအနီးက ချောက်ကို ဒရုန်းနဲ့ကြည့်တော့ ရုပ်အလောင်းလို့ ယူဆရတဲ့ဓာတ်ပုံကို ရတယ်၊ မသေချာမှာစိုးလို့ ကယ်ဆယ်ရေးအဖွဲ့တွေကိုယ်တိုင် ချောက်ထဲဆင်းပြီးတော့ ။

ကလေးမရဲ့ရုပ်အလောင်းဘေးကိုရောက်နေပြီ။ ပြန်သယ်ဖို့လုပ်နေပါပြီ။”လို့ လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်ကပြောပါတယ်။ ပျောက် ဆုံးနေသူ အမျိုးသမီးငယ်ဟာ ဘားအံတက္ကသိုလ်၊ သတ္တဗေဒဘာသာရပ်မှာ ဂုဏ်ထူးတန်း ပထမနှစ် တက်ရောက်နေသူဖြစ်ပြီး၊ဇွန် ၂၅ ညနေပိုင်းက သူနေထိုင်ရာ ဘားအံအဆောင် ကနေ ထွက်ခွာပြီး ဇွဲကပင်တောင်ပေါ်ကိုတက်ရောက်ရာကနေ ပျောက်ဆုံးနေခဲ့တာပါ။

REF;  BBC Burmese

Add a Comment

Your email address will not be published. Required fields are marked *