ဌာနဆိုင္ရာ ႐ုံးမ်ား တြင္ အလုပ္ေကာင္းေကာင္းမလုပ္ဘဲ ျပည္သူ ကို ပညာျပေနပုံကို လႊတ္ေတာ္အမတ္ ကိုယ္တိုင္ ေဖာ္ထုတ္

အစိုးရ႐ုံးတစ္႐ုံးမွာ စာ႐ြက္တစ္႐ြက္ ေလးထုတ္ ဖို႔ေတာင္ အဲဒီေလာက္ၾကာရင္ အမႈတစ္မႈလုံး၊ တစ္ၿမိဳ႕နယ္စာအမႈ၊ တစ္ျပည္နယ္စာအမႈ စစ္ေနရရင္ ေျမယာအမႈတစ္မႈစစ္ရင္ ၅ႏွစ္ေလာက္ၾကာရတဲ့အေၾကာင္းအရင္းကို သိရပါၿပီ။ SNLD ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚ နန္းစံစံေအးသည္ ဌာနဆိုင္ရာ ႐ုံးတစ္ခုတြင္ သူေတြ႕ႀကဳံခံစားခဲ့ရပုံအား သူ၏ ေဖ့စ္ဖြခ္ စာမ်က္ႏွာတြင္ ျပည္သူသို႔တင္ျပထားခ်က္အား ျပန္ လည္မွ်ေဝပါသည္။

ဌာနဆိုင္ရာ ႐ုံးမ်ား တြင္ ျပည္သူ ကို ပညာျပေနၾကေသာ လုပ္ရပ္အား လႊတ္ေတာ္ ကိုယ္စားလွယ္ ကိုယ္တိုင္ ကိုယ္က် လက္ပူး လက္ၾကပ္ ေဖာ္ထုတ္ လိုက္ၿပီ။ေျပာျပန္ ရင္ လည္း ဖတ္သာၾကည့္ လိုက္ၾကပါ…။ေျမယာအမႈတစ္ခု ကို ၅ ႏွစ္ေလာက္ စစ္ေဆးရတဲ့ အေၾကာင္းရင္း တစ္ခု ကို မေန႔က အျခားနည္း သုံးစြဲခြင့္ ခြင့္ျပဳမိန႔္ ကို ျပည္နယ္ေျမစာရင္း႐ုံး မွာ ကိုယ္တိုင္သြားထုတ္ယူစဥ္ က သိလိုက္ ရတယ္ ။ ကိုယ့္ ကိုယ္ ကိုလည္း လႊတ္ေတာ္ ကိုယ္စားလွယ္ လို႔ မိတ္မဆက္ဘူ၊ ။

mask နဲ႔ မို႔ ကိုယ့္ကို လည္း ဘယ္သူမွ မသိဘူး၊ သာမာန္လူအေန နဲ႔ပဲသြားထုတ္ယူျခင္းျဖစ္တယ္။ ေတြ႕ရွိခ်က္ကေတာ့ သြားထုတ္ယူစဥ္ က ကိုယ္တစ္ေယာက္တည္း ရွိတာကို စာ႐ြက္တစ္႐ြက္ တည္း ထုတ္ဖို႔ ကို ၁ နာရီေလာက္ထိုင္ေစာင့္ ရတယ္ ။ ဝန္ထမ္းေတြက အလုပ္ခ်ိန္ အ တြင္း မွာ ကိုယ္ေရးကိုယ္တာဖုန္းကို အၾကာႀကီးနဲ႔အက်ယ္ႀကီးေျပာေန တယ္ ။ (ကြၽန္မက ႐ုံးခန္းနံရံနား မွာ ရပ္ၿပီးၾကည့္ေနလည္း သူက ေတြ႕ေနလည္း ျပည္သူတစ္ေယာက္ ရွိေနတာကို အေလးမထားပဲ ေျပာၿမဲေျပာေန တယ္)။

-ေအးရာေအးေၾကာင္ပဲ တေန႔တာ အခ်ိန္ကုန္ဖို႔ကိုပဲ မသိမသာ ေစာင့္ေနၾက တယ္ ။ စကားေျပာေနၾက တယ္ ။ စာ႐ြက္စာတမ္းေတြ ထိန္း သိမ္းထားရွိမႈက စနစ္တက်မရွိ။ ျပန႔္ႀကဲေနတာပဲ။ အေရးႀကီးစာ႐ြက္စာတမ္း အျမန္ရွာခိုင္းရင္ ေတြ႕ပါ့မလားေတာင္ မသိဘူး ။ ပုံစံစာ႐ြက္ ေပၚ အမည္ေလးပဲျပန္ျဖည့္ေပး႐ုံ ကို ရစ္သီရစ္သီနဲ႔ ဘာလုပ္ေနမွန္း ကိုမ သိဘူး။ (အသိတေယာက္ ေျပာတာေတာ့ ပိုက္ဆံေတာင္းခ်င္ လို႔ အဲလို လုပ္တာတဲ့ ဟုတ္လားမသိ)။စာ႐ိုက္ၿပီးေတာ့ ျပည္နယ္မႉးလက္မွတ္ယူရအုံးမယ္ သူအိမ္ခဏျပန္ေနလို႔ ခဏေစာင့္တဲ့။

ၾကည့္လိုက္ေတာ့ ေန႔လည္ ၃နာရီ။ ထိုင္ေစာင့္ေန တုန္းက သူ႔ကားျဖတ္ေမာင္းသြားတာေတြ႕လိုက္တယ္(သူကေတာ့ကိုယ့္ကိုမသိ)။ သူ႔ အိမ္ကဘယ္နားမွာ လည္း ဆိုေတာ့ ၾကည့္လိုက္ေတာ့ ႐ုံးနဲ႔တစ္ဝန္းထဲ လက္ရွိေနရာကေန ေျခလွမ္း ၃၀လွမ္းေလာက္ပဲ ရွိမယ္။ အဲဒါကို ကားနဲ႔ အသြားအျပန္ ။ ျပည္နယ္မႉး လက္မွတ္ယူတာေတာ့မၾကာဘူး (ကိုယ့္နာမည္ကိုေတြ႕လိုက္လို႔လားမသိ)။ စာ႐ြက္မထြက္ခင္ ကာ လနဲ႔ အိမ္ခဏျပန္တဲ့ကာလက ေစာင့္ရတာၾကာ တယ္လို႔ေျပာရမယ္။အဲဒါပါဘဲ ႐ုံးတစ္႐ုံးမွာ အလုပ္လုပ္ေနတာ ျပည္သူေတြအတြက္။

Nang San San Aye

UNICODE

ဌာနဆိုင်ရာ ရုံးများ တွင် အလုပ်ကောင်းကောင်းမလုပ်ဘဲ ပြည်သူ ကို ပညာပြနေပုံကို လွှတ်တော်အမတ် ကိုယ်တိုင် ဖော်ထုတ်

အစိုးရရုံးတစ်ရုံးမှာ စာရွက်တစ်ရွက် လေးထုတ် ဖို့တောင် အဲဒီလောက်ကြာရင် အမှုတစ်မှုလုံး၊ တစ်မြို့နယ်စာအမှု၊ တစ်ပြည်နယ်စာအမှု စစ်နေရရင် မြေယာအမှုတစ်မှုစစ်ရင် ၅နှစ်လောက်ကြာရတဲ့အကြောင်းအရင်းကို သိရပါပြီ။ SNLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ် နန်းစံစံအေးသည် ဌာနဆိုင်ရာ ရုံးတစ်ခုတွင် သူတွေ့ကြုံခံစားခဲ့ရပုံအား သူ၏ ဖေ့စ်ဖွခ် စာမျက်နှာတွင် ပြည်သူသို့တင်ပြထားချက်အား ပြန် လည်မျှဝေပါသည်။

ဌာနဆိုင်ရာ ရုံးများ တွင် ပြည်သူ ကို ပညာပြနေကြသော လုပ်ရပ်အား လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင် ကိုယ်ကျ လက်ပူး လက်ကြပ် ဖော်ထုတ် လိုက်ပြီ။ပြောပြန် ရင် လည်း ဖတ်သာကြည့် လိုက်ကြပါ…။မြေယာအမှုတစ်ခု ကို ၅ နှစ်လောက် စစ်ဆေးရတဲ့ အကြောင်းရင်း တစ်ခု ကို မနေ့က အခြားနည်း သုံးစွဲခွင့် ခွင့်ပြုမိန့် ကို ပြည်နယ်မြေစာရင်းရုံး မှာ ကိုယ်တိုင်သွားထုတ်ယူစဉ် က သိလိုက် ရတယ် ။ ကိုယ့် ကိုယ် ကိုလည်း လွှတ်တော် ကိုယ်စားလှယ် လို့ မိတ်မဆက်ဘူ၊ ။

mask နဲ့ မို့ ကိုယ့်ကို လည်း ဘယ်သူမှ မသိဘူး၊ သာမာန်လူအနေ နဲ့ပဲသွားထုတ်ယူခြင်းဖြစ်တယ်။ တွေ့ရှိချက်ကတော့ သွားထုတ်ယူစဉ် က ကိုယ်တစ်ယောက်တည်း ရှိတာကို စာရွက်တစ်ရွက် တည်း ထုတ်ဖို့ ကို ၁ နာရီလောက်ထိုင်စောင့် ရတယ် ။ ဝန်ထမ်းတွေက အလုပ်ချိန် အ တွင်း မှာ ကိုယ်ရေးကိုယ်တာဖုန်းကို အကြာကြီးနဲ့အကျယ်ကြီးပြောနေ တယ် ။ (ကျွန်မက ရုံးခန်းနံရံနား မှာ ရပ်ပြီးကြည့်နေလည်း သူက တွေ့နေလည်း ပြည်သူတစ်ယောက် ရှိနေတာကို အလေးမထားပဲ ပြောမြဲပြောနေ တယ်)။

-အေးရာအေးကြောင်ပဲ တနေ့တာ အချိန်ကုန်ဖို့ကိုပဲ မသိမသာ စောင့်နေကြ တယ် ။ စကားပြောနေကြ တယ် ။ စာရွက်စာတမ်းတွေ ထိန်း သိမ်းထားရှိမှုက စနစ်တကျမရှိ။ ပြန့်ကြဲနေတာပဲ။ အရေးကြီးစာရွက်စာတမ်း အမြန်ရှာခိုင်းရင် တွေ့ပါ့မလားတောင် မသိဘူး ။ ပုံစံစာရွက် ပေါ် အမည်လေးပဲပြန်ဖြည့်ပေးရုံ ကို ရစ်သီရစ်သီနဲ့ ဘာလုပ်နေမှန်း ကိုမ သိဘူး။ (အသိတယောက် ပြောတာတော့ ပိုက်ဆံတောင်းချင် လို့ အဲလို လုပ်တာတဲ့ ဟုတ်လားမသိ)။စာရိုက်ပြီးတော့ ပြည်နယ်မှူးလက်မှတ်ယူရအုံးမယ် သူအိမ်ခဏပြန်နေလို့ ခဏစောင့်တဲ့။

ကြည့်လိုက်တော့ နေ့လည် ၃နာရီ။ ထိုင်စောင့်နေ တုန်းက သူ့ကားဖြတ်မောင်းသွားတာတွေ့လိုက်တယ်(သူကတော့ကိုယ့်ကိုမသိ)။ သူ့ အိမ်ကဘယ်နားမှာ လည်း ဆိုတော့ ကြည့်လိုက်တော့ ရုံးနဲ့တစ်ဝန်းထဲ လက်ရှိနေရာကနေ ခြေလှမ်း ၃၀လှမ်းလောက်ပဲ ရှိမယ်။ အဲဒါကို ကားနဲ့ အသွားအပြန် ။ ပြည်နယ်မှူး လက်မှတ်ယူတာတော့မကြာဘူး (ကိုယ့်နာမည်ကိုတွေ့လိုက်လို့လားမသိ)။ စာရွက်မထွက်ခင် ကာ လနဲ့ အိမ်ခဏပြန်တဲ့ကာလက စောင့်ရတာကြာ တယ်လို့ပြောရမယ်။အဲဒါပါဘဲ ရုံးတစ်ရုံးမှာ အလုပ်လုပ်နေတာ ပြည်သူတွေအတွက်။

Nang San San Aye

Add a Comment

Your email address will not be published. Required fields are marked *