ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံအသုံးမျပဳေရး သေဘာတူညီမႈမရ၍ ေ႐ြးေကာက္ပြဲက်င့္ဝတ္လက္မွတ္မထိုးႏိုင္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီေျပာ

(၂၀၂၀)ေ႐ြးေကာက္ပြဲအတြက္ ႏိုင္ငံေရးပါတီမ်ား၏ မဲ ဆြယ္စည္း႐ုံးမႈတြင္ သမိုင္းဝင္ ပုဂၢိဳလ္မ်ား၏ ႐ုပ္ပုံမ်ား အသုံးျပဳ ျခင္းသည္ အျငင္း ပြားရမည့္အေျခ အေနျဖစ္ေသာ္လည္း ယင္းသည္ ဥပေဒဆိုင္ရာ အျငင္းပြားမႈသာ ျဖစ္ၿပီး ေ႐ြးေကာက္ပြဲဆိုင္ရာက်င့္ ဝတ္၌ ထည့္သြင္းေဖာ္ ျပ ရန္မသင့္ ေၾကာင္း ကခ်င္အမ်ိဳးသားကြန္ဂ ရက္ပါတီဥကၠ႒ ေဒါက္တာအမ္ ေကာန္လ က မွတ္ခ်က္ ျပဳ ေျပာဆိုလိုက္ သည္။သို႔ရာတြင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေ႐ြးေကာက္ပြဲဆိုင္ရာက်င့္ ဝတ္သည္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒအပါအဝင္ တည္ဆဲ ဥပေဒ မ်ားႏွင့္ ညီၫြတ္ရန္ လိုအပ္ၿပီး အထက္ပါတားျမစ္ခ်က္ကို ထည့္ သြင္းပါက တည္ဆဲဥပေဒမ်ားႏွင့္ ကြဲလြဲႏိုင္ေၾကာင္း မွတ္ခ်က္ ေပးပို႔ခဲ့သည္ ဟု ဆိုသည္။

အဆိုပါ က်င့္ဝတ္ကို ျပည္ ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မ ရွင္ႏွင့္ ဆြစ္ဇာလန္သံ႐ုံးတို႔ ကမ ကထျပဳမႈျဖင့္ ဒီခ်ဳပ္ႏွင့္ ျပည္ခိုင္ ၿဖိဳးပါတီတို႔မွ ကိုယ္စားလွယ္ မ်ားအပါအဝင္ ႏိုင္ငံေရးပါတီ ၁၉ ခုမွကိုယ္စားလွယ္ ၂၁ဦးပါဝင္ သည့္ေကာ္မတီက ခုနစ္လေက်ာ္ ၾကာ အခ်ိန္ယူ ေရးဆြဲခဲ့ ျခင္းျဖစ္ သည္။ထိုသို႔ ေရးဆြဲရာတြင္ သမိုင္း ဝင္ပုဂၢိဳလ္မ်ား၏ ႐ုပ္ပုံမ်ားျဖင့္ မဲ ဆြယ္ျခင္းမျပဳေရး တားျမစ္ခ်က္ ထည့္ရန္သင့္၊မသင့္ အျငင္း ပြား မႈရွိ၍ မဲခြဲဆုံးျဖတ္ရာ ထည့္သြင္း ေဖာ္ျပရန္ ေထာက္ခံသူ ၁၂ ဦး၊ ကန႔္ကြက္သူႏွင့္ ၾကားေန သူ ကိုး ဦးရွိေၾကာင္း ေကာ္မတီတြင္ ပါဝင္ ခဲ့သည့္ ေဒါက္တာအမ္ ေကာန္လကေျပာသည္။

လာမည့္ အေထြေထြ ေ႐ြးေကာက္ပြဲအတြက္ ႏိုင္ငံေရး ပါတီမ်ားႏွင့္ ကိုယ္စားလွယ္ ေလာင္းမ်ားဆိုင္ရာ က်င့္ဝတ္ကို အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္အပါအဝင္ ႏိုင္ငံေရး ပါတီ ၆၄ ခုက သေဘာတူ လက္မွတ္ေရးထိုးခဲ့ေသာ္လည္း ျပည္ခိုင္ၿဖိဳးပါတီအပါအဝင္ ပါတီအခ်ိဳ႕က လက္ မွတ္ေရးထိုးခဲ့ျခင္းမရွိေပ။ရန္ကုန္ၿမိဳ႕ရွိ Melia ဟိုတယ္ ၌ ဇြန္လ၂၆ရက္က ျပဳလုပ္သည့္ ေ႐ြးေကာက္ပြဲဆိုင္ရာ က်င့္ဝတ္ လက္မွတ္ေရးထိုး ပြဲ အခမ္းအနား သို႔ တက္ေရာက္သည့္ ပါတီ ၈၀ ေက်ာ္အနက္ ၆၄ ပါတီက သ ေဘာတူ လက္မွတ္ေရးထိုးခဲ့ သည္။ လက္ရွိတြင္ ေ႐ြးေကာက္ ပြဲယွဥ္ၿပိဳင္ခြင့္ရွိသည့္ ႏိုင္ငံေရး ပါတီ ၉၄ ပါတီရွိသည္။

သို႔ေသာ္ အဆိုပါက်င့္ဝတ္ ျပ႒ာန္းခ်က္တြင္ မဲဆြယ္စည္း႐ုံး ေရးႏွင့္ပတ္သက္၍ အမ်ိဳးသား ေခါင္းေဆာင္ (ဗိုလ္ခ်ဳပ္ေအာင္ ဆန္း)႐ုပ္ပုံႏွင့္ သမိုင္းဝင္ပုဂၢိဳလ္ မ်ား၏ ဓာတ္ပုံအသုံးမျပဳရန္ တား ျမစ္ခ်က္ထည့္သြင္းေရး သေဘာ တူညီမႈမရ၍ လက္မွတ္မထိုး ျခင္းျဖစ္ေၾကာင္း ျပည္ ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ နႏၵာလွျမင့္က ေျပာသည္။အမ်ိဳးသားေခါင္းေဆာင္၊ အားလုံးနဲ႔ဆိုင္တဲ့ပုဂၢိဳလ္ကို ႏိုင္ငံ ေရးပါတီ မဲဆြယ္တဲ့ ပုံမွာမသုံးဖို႔။ ဘယ္ပါတီမွ မသုံးဖို႔။ မိမိပါတီ ေခါင္းေဆာင္၊ ပါတီကိုယ္စား လွယ္ပုံနဲ႔ပဲ မဲဆြယ္ ၾကဖို႔။ ဒါကို အားလုံး တစ္ေျပးညီသ ေဘာတူ ဖို႔။ ဒါကိုေတာင္းဆိုတယ္။ ဒီမွာ ပါမလာတဲ့အတြက္ လက္မွတ္ မထိုးတာ’’ဟု ၎ကေျပာသည္။

လက္မွတ္ေရးထိုးျခင္း မရွိ ေသာ ပါတီမ်ားတြင္ အမ်ိဳးသား ႏိုင္ငံေရးမဟာမိတ္မ်ားအဖြဲ႕ခ်ဳပ္ ပါတီ၊ အမ်ိဳးသားဒီမိုကေရစီအင္ အားစုပါတီ၊ ျပည္ေထာင္စုလယ္ သမား၊ အလုပ္သမားအင္အားစု ပါတီ၊ ဒီမိုကေရစီႏွင့္ၿငိမ္းခ်မ္းေရး ပါတီစသည့္ ႏိုင္ငံေရးပါတီမ်ား လည္း ပါဝင္သည္။

REF: 7DAY DAILY

UNICODE

ဗိုလ်ချုပ်အောင်ဆန်းပုံအသုံးမပြုရေး သဘောတူညီမှုမရ၍ ရွေးကောက်ပွဲကျင့်ဝတ်လက်မှတ်မထိုးနိုင်ကြောင်း ပြည်ခိုင်ဖြိုးပါတီပြော

(၂၀၂၀)ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ၏ မဲ ဆွယ်စည်းရုံးမှုတွင် သမိုင်းဝင် ပုဂ္ဂိုလ်များ၏ ရုပ်ပုံများ အသုံးပြု ခြင်းသည် အငြင်း ပွားရမည့်အခြေ အနေဖြစ်သော်လည်း ယင်းသည် ဥပဒေဆိုင်ရာ အငြင်းပွားမှုသာ ဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာကျင့် ဝတ်၌ ထည့်သွင်းဖော် ပြ ရန်မသင့် ကြောင်း ကချင်အမျိုးသားကွန်ဂ ရက်ပါတီဥက္ကဋ္ဌ ဒေါက်တာအမ် ကောန်လ က မှတ်ချက် ပြု ပြောဆိုလိုက် သည်။သို့ရာတွင် ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာကျင့် ဝတ်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင် တည်ဆဲ ဥပဒေ များနှင့် ညီညွတ်ရန် လိုအပ်ပြီး အထက်ပါတားမြစ်ချက်ကို ထည့် သွင်းပါက တည်ဆဲဥပဒေများနှင့် ကွဲလွဲနိုင်ကြောင်း မှတ်ချက် ပေးပို့ခဲ့သည် ဟု ဆိုသည်။

အဆိုပါ ကျင့်ဝတ်ကို ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်နှင့် ဆွစ်ဇာလန်သံရုံးတို့ ကမ ကထပြုမှုဖြင့် ဒီချုပ်နှင့် ပြည်ခိုင် ဖြိုးပါတီတို့မှ ကိုယ်စားလှယ် များအပါအဝင် နိုင်ငံရေးပါတီ ၁၉ ခုမှကိုယ်စားလှယ် ၂၁ဦးပါဝင် သည့်ကော်မတီက ခုနစ်လကျော် ကြာ အချိန်ယူ ရေးဆွဲခဲ့ ခြင်းဖြစ် သည်။ထိုသို့ ရေးဆွဲရာတွင် သမိုင်း ဝင်ပုဂ္ဂိုလ်များ၏ ရုပ်ပုံများဖြင့် မဲ ဆွယ်ခြင်းမပြုရေး တားမြစ်ချက် ထည့်ရန်သင့်၊မသင့် အငြင်း ပွား မှုရှိ၍ မဲခွဲဆုံးဖြတ်ရာ ထည့်သွင်း ဖော်ပြရန် ထောက်ခံသူ ၁၂ ဦး၊ ကန့်ကွက်သူနှင့် ကြားနေ သူ ကိုး ဦးရှိကြောင်း ကော်မတီတွင် ပါဝင် ခဲ့သည့် ဒေါက်တာအမ် ကောန်လကပြောသည်။

လာမည့် အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ် လောင်းများဆိုင်ရာ ကျင့်ဝတ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် နိုင်ငံရေး ပါတီ ၆၄ ခုက သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီအချို့က လက် မှတ်ရေးထိုးခဲ့ခြင်းမရှိပေ။ရန်ကုန်မြို့ရှိ Melia ဟိုတယ် ၌ ဇွန်လ၂၆ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ် လက်မှတ်ရေးထိုး ပွဲ အခမ်းအနား သို့ တက်ရောက်သည့် ပါတီ ၈၀ ကျော်အနက် ၆၄ ပါတီက သ ဘောတူ လက်မှတ်ရေးထိုးခဲ့ သည်။ လက်ရှိတွင် ရွေးကောက် ပွဲယှဉ်ပြိုင်ခွင့်ရှိသည့် နိုင်ငံရေး ပါတီ ၉၄ ပါတီရှိသည်။

သို့သော် အဆိုပါကျင့်ဝတ် ပြဋ္ဌာန်းချက်တွင် မဲဆွယ်စည်းရုံး ရေးနှင့်ပတ်သက်၍ အမျိုးသား ခေါင်းဆောင် (ဗိုလ်ချုပ်အောင် ဆန်း)ရုပ်ပုံနှင့် သမိုင်းဝင်ပုဂ္ဂိုလ် များ၏ ဓာတ်ပုံအသုံးမပြုရန် တား မြစ်ချက်ထည့်သွင်းရေး သဘော တူညီမှုမရ၍ လက်မှတ်မထိုး ခြင်းဖြစ်ကြောင်း ပြည် ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။အမျိုးသားခေါင်းဆောင်၊ အားလုံးနဲ့ဆိုင်တဲ့ပုဂ္ဂိုလ်ကို နိုင်ငံ ရေးပါတီ မဲဆွယ်တဲ့ ပုံမှာမသုံးဖို့။ ဘယ်ပါတီမှ မသုံးဖို့။ မိမိပါတီ ခေါင်းဆောင်၊ ပါတီကိုယ်စား လှယ်ပုံနဲ့ပဲ မဲဆွယ် ကြဖို့။ ဒါကို အားလုံး တစ်ပြေးညီသ ဘောတူ ဖို့။ ဒါကိုတောင်းဆိုတယ်။ ဒီမှာ ပါမလာတဲ့အတွက် လက်မှတ် မထိုးတာ’’ဟု ၎င်းကပြောသည်။

လက်မှတ်ရေးထိုးခြင်း မရှိ သော ပါတီများတွင် အမျိုးသား နိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ပါတီ၊ အမျိုးသားဒီမိုကရေစီအင် အားစုပါတီ၊ ပြည်ထောင်စုလယ် သမား၊ အလုပ်သမားအင်အားစု ပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး ပါတီစသည့် နိုင်ငံရေးပါတီများ လည်း ပါဝင်သည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *