




REF: LET PAN

UNICODE

ဝမ်း နည်းစရာသတင်းကတော့ ဂန္တဝင်စာရေးဆရာ နွမ်ဂျာ သိုင်း ကွယ် လွန်သွားခြင်းပါ

စာရေးဆရာ နွမ်ဂျာသိုင်း၏ သမီးဖြစ်သူ ဒီဇိုင်နာ မေမြတ်ဝါဆို၏ ငယ်ဘ၀ ဖြတ်သန်းရာ မေမြတ်ဝါဆိုကို ဖခင်ဖြစ်သူစာရေးဆရာ နွမ်ဂျာ သိုင်းနဲ့ မိခင်ဖြစ်သူ ဒေါ်အေးမြင့်ရီတို့ကနေ ဇူလိုင် ၁၂ ရက် ၁၉၈၄ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။မွေးချင်းညီအစ်မ သုံးယောက်အနက် တစ်ဦးဖြစ်ပြီး ရန်ကုန်ဇာတိ ဖြစ်ပါတယ်။ မေမြတ်ဝါဆိုက ငယ်စဉ်ဘ၀ အမှတ်တရ အနေနဲ့ကတော့ နှစ်တန်းကျောင်းသူ အရွယ်လောက် ကတည်းက အပ်ချုပ်စက် တက်နင်းတာတို့၊ စာချုပ်ချင်တာတို့က အမှတ်တရပါလို့ ဆိုပါတယ်။

ငယ်စဉ်ကလေး ဘဝဆော့ကစားစဉ်မှာတောင် အရုပ်မအတွက် အဝတ်အစားချုပ် ပေးတာမျိုးတွေ လုပ်လေ့ရှိတယ်လို့လည်း ရယ်မောရင်း နဲ့ ပြောပြခဲ့ပါတယ်။ညီအစ်မသုံးယောက်ရှိတာကြောင့် အစ်မများက စက်ချုပ်သင်နေစဉ်မှာ တွေ့မြင်ခွင့်ရခဲ့တာတွေကလည်း ဝါသနာကို ပိုပြီးအမြစ်တွယ်လာစေခဲ့တယ်လို့ ဆိုခဲ့ပါသေးတယ်။ ဒီဇိုင်နာ မေမြတ်ဝါဆိုက ဖခင်ဖြစ်သူ စာရေးဆရာ နွမ်ဂျာသိုင်းရဲ့ မျိုးဆက်သစ် တစ် ယောက်အနေနဲ့ စာရေးလို စိတ်ပြင်းပြပေမယ့် လက် တွေ့မှာ မလုပ်ဆောင်ဖြစ်ပါဘူး။

ငယ်စဉ်ဘ၀ တစ်လျှောက်လုံး စာဖတ်ခြင်းကိုတော့ စွဲစွဲမြဲမြဲ လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ဝါဆိုဖေဖေက စာ ရေးဆရာဆိုတော့ စာတော့ အရမ်းရေးတတ်ချင်တယ်။ဒါပေမယ့် မရေးတတ်ခဲ့ဘူး။ စာဖတ်ကတော့ အရမ်းဝါသနာပါခဲ့တာပါ။ ငယ်စဉ်တစ် လျှောက်လုံးက စာအုပ်တွေ နဲ့ပဲ အဖော်ပြုခဲ့တာ။ အပြင်သွားတာလည်း နည်းတယ်။ဘဝမှာ စာအုပ်တွေနဲ့ပဲ ကြီးပြင်းခဲ့တယ် လို့လည်း ပြောလို့ရတယ်။ အပြင်အတွေ့ အကြုံ နည်းတဲ့အခါကျတော့ စကားကြွယ်ကြွယ်၀၀ မပြောတတ်တာတွေတော့ ရှိပါတယ်” လို့ဆို ပါတယ်။

မေမြတ်ဝါဆိုရဲ့ ကျောင်းပညာရေး အနေနဲ့ကတော့ သူငယ်တန်းကနေ တက္ကသိုလ် ဝင်တန်းအထိကို ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး ကျောင်းမှာ တက်ရောက်သင်ယူခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ပြီး ချိန်မှာ အင်္ဂလိပ်ဘာသာ အဓိကနဲ့ ဘွဲ့ရရှိခဲ့တယ်လို့ ဆိုခဲ့ ပါတယ်။ကျောင်းပညာရေးမှာ အရမ်းထူးချွန်တဲ့ အထဲမပါဝင်ခဲ့သလို အရမ်းညံ့တဲ့အထဲလည်း မပါခဲ့ဘူးလို့ ပွင့်ပွင့်လင်းလင်း ဆိုခဲ့ပါတယ်။ ဆရာနွမ်ဂျာသိုင်းသည်၂၇-၆-၂၀၂၀ နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်မြို့ပင်လုံဆေးရုံ၌ ကွယ်လွန်အနိစ္စရောက်သွားသည့် အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းတင်အပ်ပါသည်။ ကွယ်လွန်ချိန်မှာဆရာနွမ်ဂျာသိုင်းဟာ အသက် ၆၈ နှစ်ခန့်ရှိပြီဖြစ်ပါတယ်.။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *