အေမရိကန္က သတ္ျဖတ္လိုက္၍ အိုစမာ ဘင္လာဒင္ အာဇာနည္ျဖစ္သြားေၾကာင္း ပါကစၥတန္ဝန္ႀကီးခ်ဳပ္ ေျပာဆို

၂၀၁၁ ခုႏွစ္ ေမ ၂ ရက္တြင္ အိုစမာဘင္လာဒင္ လုပ္ႀကံခံရသည့္အခ်ိန္အထိ ပါကစၥတန္သည္ ႏိုင္ငံတြင္း အိုစမာ ခိုလႈံေနျခင္းမရွိေၾကာင္း တစ္ခ်ိန္လုံး ျငင္းဆိုခဲ့သည္။ ယင္းျဖစ္ရပ္သည္ ပါကစၥတန္အတြက္ အရွက္ရစရာေကာင္းသည့္ ျဖစ္ရပ္ျဖစ္ၿပီး အေမရိကန္ႏွင့္ ပါကစၥတန္တို႔ ၾကား ဆက္ဆံေရးပိုမိုဆိုး႐ြားသြားခဲ့သည္။ပါကစၥတန္ရွိ ၾသဇာႀကီးမားေသာ ေထာက္လွမ္းေရးအဖြဲ႕( အိုင္အက္စ္အိုင္)သည္ အိုစမာ ဘင္လာ ဒင္ မည္သည့္ေနရာတြင္ ပုန္းေအာင္းေနသည္ကိုသိပုံရၿပီး ၎ကို အသုံးခ်လိုဟန္ရွိခဲ့ေၾကာင္း ေျပာဆိုခဲ့သည္။

ထိုကိစၥကို ေထာက္လွမ္းေရးေဟာင္း အာဆတ္ ဒူရာနီ က အယ္လ္ဂ်ာဇီးရားသတင္းဌာနအား ၂၀၁၅ ခုႏွစ္တြင္ ေျပာဆိုခဲ့သည္။ အယ္လ္ခိုင္ ဒါေခါင္းေဆာင္ေဟာင္း အိုစမာဘင္လာဒင္သည္ အာဇာနည္ျဖစ္ေၾကာင္း ပါကစၥတန္ဝန္ႀကီးခ်ဳပ္ အီမရန္ခန္းက ဇြန္ ၂၅ ရက္ တြင္ေျပာဆိုခဲ့ သည္။၂၀၁၁ ခုႏွစ္တြင္ ႏိုင္ငံေျမာက္ပိုင္း အေဘာ့တာဘတ္ၿမိဳ႕၌ ခိုလႈံေနသည့္ အိုစမာ ဘင္လာဒင္ကို အေမရိကန္ အထူးတပ္ ဖြဲ႕ဝင္မ်ားက လုပ္ႀကံသတ္ျဖတ္ခဲ့ၿပီးေနာက္ အေမရိကန္ႏွင့္ ပါကစၥတန္တို႔ၾကား ဆက္ဆံေရးဆိုး႐ြားခဲ့ပုံႏွင့္ပတ္သက္၍ ေျပာဆိုခဲ့သည္။

ခန္းက လႊတ္ေတာ္ တြင္း ေျပာဆိုေနရင္း ဘင္လာဒင္သည္ အာဇာနည္ျဖစ္ခြင့္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။ အေမရိကန္ေတြ အ ေဘာ့တာဘတ္ကိုေရာက္ၿပီး အိုစမာ ဘင္လာဒင္ကို သတ္ခဲ့တယ္၊ သူက အာဇာနည္ျဖစ္သြားေရာ ဟု ခန္းကေျပာဆို ခဲ့သည္။ အစၥလာမ္ဘာသာတြင္ အာဇာနည္မ်ားကို မ်ားစြာေလးစားမႈရွိၾကၿပီး ဘာသာေရးတာဝန္ထမ္းေဆာင္ရင္းသို႔မဟုတ္ ခက္ခဲၾကမ္း တမ္းေသာ အေျခအေနမ်ားတြင္ အသက္ကိုစြန႔္လႊတ္ခဲ့ရသူမ်ားႏွင့္ပတ္သက္၍ သုံးစြဲေလ့ရွိခဲ့သည္။

ဝန္ႀကီးခ်ဳပ္က အထက္ပါအတိုင္းေျပာဆိုခဲ့ၿပီးေနာက္ အတိုက္အခံမ်ားက ယင္းႏွင့္ပတ္သက္၍ ေဝဖန္ေျပာဆိုခဲ့သည္။ အီမရန္ခန္းက အို စမာ ဘင္လာဒင္ကို သူရဲေကာင္းလို႔ေျပာၿပီး သမိုင္းကိုေရာေထြးပစ္ေနတယ္ ဟု ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ခါဝါဂ်ာ အာဆစ္က လႊတ္ ေတာ္တြင္းေျပာဆိုခဲ့သည္။ မၾကာေသးမီတြင္ ျဖစ္ပြားခဲ့သည့္ အၾကမ္းဖက္မႈမ်ားေၾကာင့္ ကမာၻတစ္ဝန္းရွိ မြတ္စလင္မ်ားသည္ ခြဲျခားဆက္ ဆံခံေနရၿပီး ဝန္ႀကီးခ်ဳပ္သည္ အိုစမာဘင္လာဒင္ကို အစၥလာမ္ဘာသာ၏အာဇာနည္အျဖစ္ေျပာဆိုကာ အေျခအေနပိုမိုဆိုး႐ြားေအာင္ လုပ္ ေဆာင္ေနေၾကာင္း ပါကစၥတန္ရွိ ႏိုင္ငံေရးလႈပ္ရွားသူ မီနာ ဂါဘီနာကေျပာဆိုခဲ့သည္။

REF: ျမန္မာတိုင္းစ္

UNICODE

အမေရိကန်က သတ်ဖြတ်လိုက်၍ အိုစမာ ဘင်လာဒင် အာဇာနည်ဖြစ်သွားကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ပြောဆို

၂၀၁၁ ခုနှစ် မေ ၂ ရက်တွင် အိုစမာဘင်လာဒင် လုပ်ကြံခံရသည့်အချိန်အထိ ပါကစ္စတန်သည် နိုင်ငံတွင်း အိုစမာ ခိုလှုံနေခြင်းမရှိကြောင်း တစ်ချိန်လုံး ငြင်းဆိုခဲ့သည်။ ယင်းဖြစ်ရပ်သည် ပါကစ္စတန်အတွက် အရှက်ရစရာကောင်းသည့် ဖြစ်ရပ်ဖြစ်ပြီး အမေရိကန်နှင့် ပါကစ္စတန်တို့ ကြား ဆက်ဆံရေးပိုမိုဆိုးရွားသွားခဲ့သည်။ပါကစ္စတန်ရှိ သြဇာကြီးမားသော ထောက်လှမ်းရေးအဖွဲ့( အိုင်အက်စ်အိုင်)သည် အိုစမာ ဘင်လာ ဒင် မည်သည့်နေရာတွင် ပုန်းအောင်းနေသည်ကိုသိပုံရပြီး ၎င်းကို အသုံးချလိုဟန်ရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။

ထိုကိစ္စကို ထောက်လှမ်းရေးဟောင်း အာဆတ် ဒူရာနီ က အယ်လ်ဂျာဇီးရားသတင်းဌာနအား ၂၀၁၅ ခုနှစ်တွင် ပြောဆိုခဲ့သည်။ အယ်လ်ခိုင် ဒါခေါင်းဆောင်ဟောင်း အိုစမာဘင်လာဒင်သည် အာဇာနည်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းက ဇွန် ၂၅ ရက် တွင်ပြောဆိုခဲ့ သည်။၂၀၁၁ ခုနှစ်တွင် နိုင်ငံမြောက်ပိုင်း အဘော့တာဘတ်မြို့၌ ခိုလှုံနေသည့် အိုစမာ ဘင်လာဒင်ကို အမေရိကန် အထူးတပ် ဖွဲ့ဝင်များက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် အမေရိကန်နှင့် ပါကစ္စတန်တို့ကြား ဆက်ဆံရေးဆိုးရွားခဲ့ပုံနှင့်ပတ်သက်၍ ပြောဆိုခဲ့သည်။

ခန်းက လွှတ်တော် တွင်း ပြောဆိုနေရင်း ဘင်လာဒင်သည် အာဇာနည်ဖြစ်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန်တွေ အ ဘော့တာဘတ်ကိုရောက်ပြီး အိုစမာ ဘင်လာဒင်ကို သတ်ခဲ့တယ်၊ သူက အာဇာနည်ဖြစ်သွားရော ဟု ခန်းကပြောဆို ခဲ့သည်။ အစ္စလာမ်ဘာသာတွင် အာဇာနည်များကို များစွာလေးစားမှုရှိကြပြီး ဘာသာရေးတာဝန်ထမ်းဆောင်ရင်းသို့မဟုတ် ခက်ခဲကြမ်း တမ်းသော အခြေအနေများတွင် အသက်ကိုစွန့်လွှတ်ခဲ့ရသူများနှင့်ပတ်သက်၍ သုံးစွဲလေ့ရှိခဲ့သည်။

ဝန်ကြီးချုပ်က အထက်ပါအတိုင်းပြောဆိုခဲ့ပြီးနောက် အတိုက်အခံများက ယင်းနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုခဲ့သည်။ အီမရန်ခန်းက အို စမာ ဘင်လာဒင်ကို သူရဲကောင်းလို့ပြောပြီး သမိုင်းကိုရောထွေးပစ်နေတယ် ဟု နိုင်ငံခြားရေးဝန်ကြီးဟောင်း ခါဝါဂျာ အာဆစ်က လွှတ် တော်တွင်းပြောဆိုခဲ့သည်။ မကြာသေးမီတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်များသည် ခွဲခြားဆက် ဆံခံနေရပြီး ဝန်ကြီးချုပ်သည် အိုစမာဘင်လာဒင်ကို အစ္စလာမ်ဘာသာ၏အာဇာနည်အဖြစ်ပြောဆိုကာ အခြေအနေပိုမိုဆိုးရွားအောင် လုပ် ဆောင်နေကြောင်း ပါကစ္စတန်ရှိ နိုင်ငံရေးလှုပ်ရှားသူ မီနာ ဂါဘီနာကပြောဆိုခဲ့သည်။

REF:   မြန်မာတိုင်းစ်

Add a Comment

Your email address will not be published. Required fields are marked *