ေတာင္ကိုရီးယား ကို စစ္တိုက္မယ့္ အစီအစဥ္ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္း ႐ုတ္တရက္ဖ်က္သိမ္း လိုက္ရတဲ့ အေၾကာင္းရင္း

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ဟာ ေတာင္ ကို အေႏွာက္အယွက္ ေပးေနတဲ့ အစီအစဥ္ေတြကို ရပ္ဆိုင္း လိုက္တာပါ။ ဒီမတိုင္ ခင္ မွာ ကင္ဂ်ဳံအန္ ဟာ ပါတီထိပ္သီး ပုဂၢိဳလ္ႀကီးေတြ ၊ တပ္မေတာ္ဘက္ က ထိပ္သီးအရာရွိေတြနဲ႔ တိုင္ပင္ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ပါ တယ္။ အဲဒီကေန အေျဖတစ္ခု ရခဲ့ပုံရွိၿပီး၊ ဒါမွမဟုတ္ ေျမာက္ကိုရီးယားအေပၚ ၾသဇာသက္ေညာင္းတဲ့ တတိယႏိုင္ ငံတစ္ခုခု က အႀကံ ေပးတာ မ်ိဳးလည္း ျဖစ္ႏိုင္ ပါတယ္။ ထူးျခားခ်က္အေနနဲ႔ကေတာ့ ေတာင္ကိုရီးယားဘက္ကို က်ဲခ်ခဲ့တဲ့ ဝါဒျဖန႔္စာေတြ ကိစၥ ပါ။

အဲဒီဝါဒျဖန႔္စာ႐ြက္ေတြ မွာ ပုံႏွိပ္ထားတဲ့ ဓာတ္ပုံေတြက ေျမာက္ကိုရီးယားကို တည္ေထာင္သူ ကင္အီေဆာင္၊ ကင္ဂ်ဳံအန္နဲ႔ သူရဲ႕ညီမ ျဖစ္သူ ကင္ယိုေဂ်ာင္တို႔ရဲ႕ပုံကို ဦးစားေပး ေဖာ္ျပ ထားတာပါ ။ ဒါကို ေထာက္ရႈျခင္းအားျဖင့္ သတင္းေတြ မွာ ေဖာ္ျပေနတဲ့အတိုင္း ကင္ယို ေဂ်ာင္ဟာ ေျမာက္ကိုရီးယား ရဲ႕ နံပတ္(၂)ေခါင္းေဆာင္ ဆိုတာ ေသခ်ာသြားၿပီ လို႔ ယူဆေနၾက ပါတယ္ ။နယ္စပ္ က ႏွစ္ႏိုင္ငံ ဆက္ဆံေရး ႐ုံး ကို ေျမာက္ကိုရီးယား ဘက္က ေဖာက္ခြဲၿဖိဳခ် လိုက္ၿပီး ေတာင္-ေျမာက္ႏွစ္ႏိုင္ငံ ရဲ႕ ဆက္ဆံေရးဟာ တင္းမာမႈေတြ ျဖစ္ခဲ့ ပါတယ္။

ေျမာက္ကိုရီးယားက ေတာင္အေန နဲ႔ ႏွစ္ႏိုင္ငံသေဘာတူညီမႈ စံႏႈန္းေတြကို လိုက္နာဖို႔ ပ်က္ကြက္လို႔၊ စစ္ေရးအရ အေရးယူ တိုက္ခိုက္မယ္ လို႔ ဆိုခဲ့ ပါတယ္။ ေတာင္ကိုရီးယား ကလည္း ေျမာက္ကိုရီးယားတို႔အဖို႔ ေနာင္တရ ဖို႔ ရွိေနၿပီလို႔ သတိေပးခဲ့ၿပီး၊ နယ္စပ္ကို စစ္ဘက္ဆိုင္ရာ အင္အားေတြ အျမန္ျဖည့္တင္းလိုက္ပါတယ္။ ေျမာက္ကိုရီးယားဘက္ ကလည္း ၿပီးခဲ့တဲ့ရက္ေတြကပဲ နယ္စပ္ အနီး မွာ စစ္ေရးေလ့က်င့္မႈ ေတြ ဆက္တိုက္ လုပ္ခဲ့ပါတယ္။

တိုက္တိုက္ ဆိုင္ဆိုင္ အိႏၵိယ-တ႐ုတ္ ပဋိပကၡ ေၾကေအးအၿပီးမွာ ေျမာက္ကိုရီးယား ကလည္း စစ္တပ္ေတြ ႐ုပ္သိမ္းသြား တာပါ။ ေျမာက္ ကိုရီးယား ဟာ ဒီမတိုင္ခင္က ေတာင္ကိုရီးယားနယ္ အတြင္းကို ဝါဒါျဖန႔္စာေတြ မိုးပ်ံေဘာလုံးေတြ၊ မိုးပ်ံေလအိတ္ေတြနဲ႔ ျဖန႔္ေဝ လႊင့္တင္ ခဲ့တာကိုလည္း ေတြ႕ရပါတယ္။ နယ္စပ္မွာ ဧရာမ Loud Speaker ေတြနဲ႔လည္း ဝါဒျဖန႔္အသံေတြ လြင့္တင္ခဲ့ ပါတယ္ ။

ဘာသာျပန္-လင္းသုတ

UNICODE

တောင်ကိုရီးယား ကို စစ်တိုက်မယ့် အစီအစဉ် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း ရုတ်တရက်ဖျက်သိမ်း လိုက်ရတဲ့ အကြောင်းရင်း

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ တောင် ကို အနှောက်အယှက် ပေးနေတဲ့ အစီအစဉ်တွေကို ရပ်ဆိုင်း လိုက်တာပါ။ ဒီမတိုင် ခင် မှာ ကင်ဂျုံအန် ဟာ ပါတီထိပ်သီး ပုဂ္ဂိုလ်ကြီးတွေ ၊ တပ်မတော်ဘက် က ထိပ်သီးအရာရှိတွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါ တယ်။ အဲဒီကနေ အဖြေတစ်ခု ရခဲ့ပုံရှိပြီး၊ ဒါမှမဟုတ် မြောက်ကိုရီးယားအပေါ် သြဇာသက်ညောင်းတဲ့ တတိယနိုင် ငံတစ်ခုခု က အကြံ ပေးတာ မျိုးလည်း ဖြစ်နိုင် ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ တောင်ကိုရီးယားဘက်ကို ကျဲချခဲ့တဲ့ ဝါဒဖြန့်စာတွေ ကိစ္စ ပါ။

အဲဒီဝါဒဖြန့်စာရွက်တွေ မှာ ပုံနှိပ်ထားတဲ့ ဓာတ်ပုံတွေက မြောက်ကိုရီးယားကို တည်ထောင်သူ ကင်အီဆောင်၊ ကင်ဂျုံအန်နဲ့ သူရဲ့ညီမ ဖြစ်သူ ကင်ယိုဂျောင်တို့ရဲ့ပုံကို ဦးစားပေး ဖော်ပြ ထားတာပါ ။ ဒါကို ထောက်ရှုခြင်းအားဖြင့် သတင်းတွေ မှာ ဖော်ပြနေတဲ့အတိုင်း ကင်ယို ဂျောင်ဟာ မြောက်ကိုရီးယား ရဲ့ နံပတ်(၂)ခေါင်းဆောင် ဆိုတာ သေချာသွားပြီ လို့ ယူဆနေကြ ပါတယ် ။နယ်စပ် က နှစ်နိုင်ငံ ဆက်ဆံရေး ရုံး ကို မြောက်ကိုရီးယား ဘက်က ဖောက်ခွဲဖြိုချ လိုက်ပြီး တောင်-မြောက်နှစ်နိုင်ငံ ရဲ့ ဆက်ဆံရေးဟာ တင်းမာမှုတွေ ဖြစ်ခဲ့ ပါတယ်။

မြောက်ကိုရီးယားက တောင်အနေ နဲ့ နှစ်နိုင်ငံသဘောတူညီမှု စံနှုန်းတွေကို လိုက်နာဖို့ ပျက်ကွက်လို့၊ စစ်ရေးအရ အရေးယူ တိုက်ခိုက်မယ် လို့ ဆိုခဲ့ ပါတယ်။ တောင်ကိုရီးယား ကလည်း မြောက်ကိုရီးယားတို့အဖို့ နောင်တရ ဖို့ ရှိနေပြီလို့ သတိပေးခဲ့ပြီး၊ နယ်စပ်ကို စစ်ဘက်ဆိုင်ရာ အင်အားတွေ အမြန်ဖြည့်တင်းလိုက်ပါတယ်။ မြောက်ကိုရီးယားဘက် ကလည်း ပြီးခဲ့တဲ့ရက်တွေကပဲ နယ်စပ် အနီး မှာ စစ်ရေးလေ့ကျင့်မှု တွေ ဆက်တိုက် လုပ်ခဲ့ပါတယ်။

တိုက်တိုက် ဆိုင်ဆိုင် အိန္ဒိယ-တရုတ် ပဋိပက္ခ ကြေအေးအပြီးမှာ မြောက်ကိုရီးယား ကလည်း စစ်တပ်တွေ ရုပ်သိမ်းသွား တာပါ။ မြောက် ကိုရီးယား ဟာ ဒီမတိုင်ခင်က တောင်ကိုရီးယားနယ် အတွင်းကို ဝါဒါဖြန့်စာတွေ မိုးပျံဘောလုံးတွေ၊ မိုးပျံလေအိတ်တွေနဲ့ ဖြန့်ဝေ လွှင့်တင် ခဲ့တာကိုလည်း တွေ့ရပါတယ်။ နယ်စပ်မှာ ဧရာမ Loud Speaker တွေနဲ့လည်း ဝါဒဖြန့်အသံတွေ လွင့်တင်ခဲ့ ပါတယ် ။

ဘာသာပြန်-လင်းသုတ

Add a Comment

Your email address will not be published. Required fields are marked *