ေျမာက္ကိုရီးယား ေခါင္းေဆာင္ ေနရာကို ကင္ဂ်ဳံအန္ ရဲ႕ ညီမ ျဖစ္သူ ကင္ယိုေဂ်ာင္ ဆက္ခံေတာ့ မွာ ေသခ်ာေနၿပီလား….???

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ဟာ ပါတီ ထိပ္သီးပုဂၢိဳလ္ႀကီးေတြ ၊ တပ္မေတာ္ဘက္က ထိပ္သီးအရာရွိေတြနဲ႔ တိုင္ပင္ေဆြး ေႏြးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ အဲဒီကေန အေျဖတစ္ခု ရခဲ့ပုံရွိၿပီး၊ ဒါမွမဟုတ္ ေျမာက္ကိုရီးယား အေပၚ ၾသဇာသက္ေညာင္းတဲ့ တတိယႏိုင္ ငံတစ္ခုခုက အႀကံေပးတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ ထူးျခားခ်က္ကေတာ့ ေတာင္ကိုရီးယားဘ က္ကို ႀကဲခ်ခဲ့တဲ့ ဝါဒျဖန႔္စာေတြ ကိစၥ ပါ။ အဲဒီဝါဒျဖန႔္စာ႐ြက္ေတြမွာ ပုံႏွိပ္ထားတဲ့ ဓာတ္ပုံေတြ ကေတာ့ ေျမာက္ကိုရီးယားကို တည္ေထာင္သူ ကင္အီေဆာင္၊ ကင္ဂ်ဳံအန္နဲ႔ သူရဲ႕ညီမျဖစ္သူ ကင္ယိုေဂ်ာင္တို႔ရဲ႕ပုံကို ဦးစားေပး ေဖာ္ျပ ထားတာပါ ။

ဒါကို ေထာက္ရႈျခင္းအားျဖင့္ သတင္းေတြမွာ ေဖာ္ျပေနတဲ့အတိုင္း ကင္ယိုေဂ်ာင္ဟာ ေျမာက္ကိုရီးယားရဲ႕ နံပတ္ (၂)ေခါင္းေဆာင္ ဆိုတာ ေသခ်ာ သြားၿပီ လို႔ ယူဆေနၾကပါတယ္ ။ေတာင္ ေျမာက္ နယ္စပ္က ႏွစ္ႏိုင္ငံ ဆက္ဆံေရး ႐ုံး ကို ေျမာက္ကိုရီးယားဘက္က ေဖာက္ခြဲၿဖိဳ ခ်လိုက္ၿပီးေနာက္ ေတာင္-ေျမာက္ႏွစ္ႏိုင္ငံရဲ႕ ဆက္ဆံေရးဟာ ႐ုတ္ခ်ည္းဆိုသလို တင္းမာမႈေတြ ျဖစ္ခဲ့ပါတယ္။ ေျမာက္ကိုရီးယားက ေတာင္အေန နဲ႔ ႏွစ္ႏိုင္ငံသေဘာတူညီမႈ စံႏႈန္းေတြကို လိုက္နာဖို႔ ပ်က္ကြက္လို႔၊ စစ္ေရးအရ အေရးယူၿပီး ဝင္ေရာက္တိုက္ခိုက္ မယ္လို႔ ဆိုခဲ့ပါတယ္။

ေတာင္ကိုရီးယားကလည္း ေျမာက္ကိုရီးယား တို႔အဖို႔ ေနာင္တရဖို႔ ရွိေနၿပီလို႔ သတိေပးခဲ့ၿပီး၊ နယ္စပ္ကို စစ္ဘက္ဆိုင္ရာ အင္အားေတြ အ ျမန္ျဖည့္တင္းလိုက္ပါတယ္။ ေျမာက္ကိုရီးယား ဘက္ ကလည္း ၿပီးခဲ့တဲ့ရက္ေတြကပဲ နယ္စပ္အနီးမွာ စစ္ေရးေလ့က်င့္မႈေတြ ဆက္တိုက္ လုပ္ခဲ့ပါတယ္။ တိုက္တိုက္ဆိုင္ဆိုင္ အိႏၵိယ-တ႐ုတ္ ပဋိပကၡ ေက်ေအးအၿပီးမွာ ေျမာက္ကိုရီးယား ကလည္း စစ္တပ္ေတြ ႐ုပ္သိမ္းသြားတာ ျဖစ္ပါတယ္။ေျမာက္ကိုရီးယားဟာ ဒီမတိုင္ခင္က ေတာင္ကိုရီးယားနယ္ အတြင္းကို ဝါဒါျဖန႔္စာေတြ မိုးပ်ံေဘာလုံးေတြ၊ မိုးပ်ံေလအိတ္ေတြ နဲ႔ ျဖန႔္ေဝ လႊင့္တင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

နယ္စပ္မွာ ဧရာမ Loud Speaker ေတြနဲ႔လည္း ဝါဒျဖန႔္အသံေတြ လြင့္တင္ခဲ့ပါတယ္ ။ ဒါေပမယ့္ ကင္ဂ်ဳံအန္ဟာ ေတာင္ကို အေႏွာက့္ အယွက္ ေပးေနတဲ့ အစီအစဥ္ေတြကို ရပ္ဆိုင္း လိုက္ တာပါ။

ေလးစားမႈျဖင့္ ခရစ္ဒက္ (လင္းသုတ)

UNICODE

မြောက်ကိုရီးယား ခေါင်းဆောင် နေရာကို ကင်ဂျုံအန် ရဲ့ ညီမ ဖြစ်သူ ကင်ယိုဂျောင် ဆက်ခံတော့ မှာ သေချာနေပြီလား….???

မြောက်ကိုရီးယား ခေါင်းဆောင် နေရာကို ကင်ဂျုံအန် ရဲ့ ညီမ ဖြစ်သူ ကင်ယိုဂျောင် ဆက်ခံတော့ မှာ သေချာနေပြီလား….???

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ပါတီ ထိပ်သီးပုဂ္ဂိုလ်ကြီးတွေ ၊ တပ်မတော်ဘက်က ထိပ်သီးအရာရှိတွေနဲ့ တိုင်ပင်ဆွေး နွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီကနေ အဖြေတစ်ခု ရခဲ့ပုံရှိပြီး၊ ဒါမှမဟုတ် မြောက်ကိုရီးယား အပေါ် သြဇာသက်ညောင်းတဲ့ တတိယနိုင် ငံတစ်ခုခုက အကြံပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ထူးခြားချက်ကတော့ တောင်ကိုရီးယားဘ က်ကို ကြဲချခဲ့တဲ့ ဝါဒဖြန့်စာတွေ ကိစ္စ ပါ။ အဲဒီဝါဒဖြန့်စာရွက်တွေမှာ ပုံနှိပ်ထားတဲ့ ဓာတ်ပုံတွေ ကတော့ မြောက်ကိုရီးယားကို တည်ထောင်သူ ကင်အီဆောင်၊ ကင်ဂျုံအန်နဲ့ သူရဲ့ညီမဖြစ်သူ ကင်ယိုဂျောင်တို့ရဲ့ပုံကို ဦးစားပေး ဖော်ပြ ထားတာပါ ။

ဒါကို ထောက်ရှုခြင်းအားဖြင့် သတင်းတွေမှာ ဖော်ပြနေတဲ့အတိုင်း ကင်ယိုဂျောင်ဟာ မြောက်ကိုရီးယားရဲ့ နံပတ် (၂)ခေါင်းဆောင် ဆိုတာ သေချာ သွားပြီ လို့ ယူဆနေကြပါတယ် ။တောင် မြောက် နယ်စပ်က နှစ်နိုင်ငံ ဆက်ဆံရေး ရုံး ကို မြောက်ကိုရီးယားဘက်က ဖောက်ခွဲဖြို ချလိုက်ပြီးနောက် တောင်-မြောက်နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ရုတ်ချည်းဆိုသလို တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ မြောက်ကိုရီးယားက တောင်အနေ နဲ့ နှစ်နိုင်ငံသဘောတူညီမှု စံနှုန်းတွေကို လိုက်နာဖို့ ပျက်ကွက်လို့၊ စစ်ရေးအရ အရေးယူပြီး ဝင်ရောက်တိုက်ခိုက် မယ်လို့ ဆိုခဲ့ပါတယ်။

တောင်ကိုရီးယားကလည်း မြောက်ကိုရီးယား တို့အဖို့ နောင်တရဖို့ ရှိနေပြီလို့ သတိပေးခဲ့ပြီး၊ နယ်စပ်ကို စစ်ဘက်ဆိုင်ရာ အင်အားတွေ အ မြန်ဖြည့်တင်းလိုက်ပါတယ်။ မြောက်ကိုရီးယား ဘက် ကလည်း ပြီးခဲ့တဲ့ရက်တွေကပဲ နယ်စပ်အနီးမှာ စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက် လုပ်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အိန္ဒိယ-တရုတ် ပဋိပက္ခ ကျေအေးအပြီးမှာ မြောက်ကိုရီးယား ကလည်း စစ်တပ်တွေ ရုပ်သိမ်းသွားတာ ဖြစ်ပါတယ်။မြောက်ကိုရီးယားဟာ ဒီမတိုင်ခင်က တောင်ကိုရီးယားနယ် အတွင်းကို ဝါဒါဖြန့်စာတွေ မိုးပျံဘောလုံးတွေ၊ မိုးပျံလေအိတ်တွေ နဲ့ ဖြန့်ဝေ လွှင့်တင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

နယ်စပ်မှာ ဧရာမ Loud Speaker တွေနဲ့လည်း ဝါဒဖြန့်အသံတွေ လွင့်တင်ခဲ့ပါတယ် ။ ဒါပေမယ့် ကင်ဂျုံအန်ဟာ တောင်ကို အနှောက့် အယှက် ပေးနေတဲ့ အစီအစဉ်တွေကို ရပ်ဆိုင်း လိုက် တာပါ။

လေးစားမှုဖြင့် ခရစ်ဒက် (လင်းသုတ)

Add a Comment

Your email address will not be published. Required fields are marked *