ျပည္သူမ်ားအၾကား အထင္အျမင္လြဲမွားေအာင္ သတင္းမွားျဖန႔္ေနသည့္ အဖြဲ႕ႀကီးတစ္ခုကို ထိေရာက္စြာအေရးယူမည္ဟု ဦးေဇာ္ေဌးေျပာ

ျပည္သူလူထုအၾကား အထင္အျမင္လြဲမွားေအာင္ ဘယ္သူေတြလုပ္ေနလဲ ဆိုတာကို ရိပ္ဖမ္းသံဖမ္း ခန႔္မွန္းခ်က္အေနနဲ႔ သိပါတယ္။ ေျပာရ ရင္ သက္ဆိုင္ရာ အုပ္စုတစ္စုကေန ေငြေတြပုံေပးၿပီး ေ႐ြးေကာက္ပြဲအတြက္ ရည္႐ြယ္ခ်က္ရွိရွိ Groupေတြဖြဲ႕တယ္။ Page ေတြလုပ္တယ္။ မီဒီယာေတြေထာင္တယ္။ အဲ့ဒီလူေတြ ပါဝင္ပတ္သတ္ေနတယ္ဆိုတာ ကြၽန္ေတာ္တို႔ သိတယ္”ဟု ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာဆိုလိုက္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ လက္ရွိတြင္ သက္ေသ ခိုင္ခိုင္မာမာ ရရွိေအာင္ လုပ္ေဆာင္ေနၿပီး ရရွိပါက ဥပေဒႏွင့္အညီ တရားစြဲမည္ဟု ၎ကေျပာသည္။ ထို႔အျပင္ ႏိုင္ငံေရးအရ တရားမွ်တေသာ ယွဥ္ၿပိဳင္ျခင္းမ်ား ျပဳလုပ္ရန္ႏွင့္ အစိုးရတြင္ အားနည္းခ်က္ရွိပါက ေထာက္ျပရန္၎က ေျပာ ၾကားခဲ့သည္။ေ႐ြးေကာက္ပြဲနီးလာသည္ႏွင့္အမွ် ႏိုင္ငံေရးအရ ျပည္သူလူထုအၾကား အထင္အျမင္လြဲမွားေအာင္ သတင္းမွားျဖန႔္ေဝေန သည့္ Pageမ်ားကို ေဖာ္ထုတ္ေနေၾကာင္း ဦးေဇာ္ေဌးကေျပာသည္။

ဦးေဇာ္ေဌးက”ႏိုင္ငံေရးအရ ရႈပ္ေထြးမႈ‌ျဖစ္ေအာင္လုပ္တာျဖစ္တယ္။ တစ္ဖက္ကလည္း ႏိုင္ငံေရးအရ ျပည္သူလူထုနဲ႔ အစိုးရအၾကား၊ အစိုး ရနဲ႔ ပါတီအၾကား၊ ႏိုင္ငံဝန္ထမ္းနဲ႔ ပါတီေတြအၾကား၊ ျပည္သူလူထုအၾကားမွာ အထင္အျမင္လြဲမွားေအာင္ ရည္႐ြယ္ခ်က္ရွိရွိသတင္း မွားျဖန႔္ တဲ့ပုံစံလို႔ သုံးသပ္ရရွိပါတယ္”ဟုဆိုသည္။ထို႔ေၾကာင့္ အဆိုပါ သတင္းမွား ျဖန႔္ေဝေနသည့္ Pageမ်ားကို ေဖာ္ထုတ္ေနၿပီး ပါဝင္ပတ္ သတ္ သူမ်ားကို စိစစ္ေဖာ္ထုတ္၍ရပါက ထိထိေရာက္ေရာက္အေရးယူမည္ဟု ၎ကဆက္ေျပာသည္။

ေနျပည္ေတာ္ ျပန္ၾကားေရးဝန္ႀကီးဌာနတြင္ ယမန္ေန႔(ဇြန္ ၂၆)ကျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံးဝန္ ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ထိုသို႔ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

REF: NEWS WATCH

UNICODE

ပြည်သူများအကြား အထင်အမြင်လွဲမှားအောင် သတင်းမှားဖြန့်နေသည့် အဖွဲ့ကြီးတစ်ခုကို ထိရောက်စွာအရေးယူမည်ဟု ဦးဇော်ဌေးပြော

ပြည်သူလူထုအကြား အထင်အမြင်လွဲမှားအောင် ဘယ်သူတွေလုပ်နေလဲ ဆိုတာကို ရိပ်ဖမ်းသံဖမ်း ခန့်မှန်းချက်အနေနဲ့ သိပါတယ်။ ပြောရ ရင် သက်ဆိုင်ရာ အုပ်စုတစ်စုကနေ ငွေတွေပုံပေးပြီး ရွေးကောက်ပွဲအတွက် ရည်ရွယ်ချက်ရှိရှိ Groupတွေဖွဲ့တယ်။ Page တွေလုပ်တယ်။ မီဒီယာတွေထောင်တယ်။ အဲ့ဒီလူတွေ ပါဝင်ပတ်သတ်နေတယ်ဆိုတာ ကျွန်တော်တို့ သိတယ်”ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုလိုက်ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိတွင် သက်သေ ခိုင်ခိုင်မာမာ ရရှိအောင် လုပ်ဆောင်နေပြီး ရရှိပါက ဥပဒေနှင့်အညီ တရားစွဲမည်ဟု ၎င်းကပြောသည်။ ထို့အပြင် နိုင်ငံရေးအရ တရားမျှတသော ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ရန်နှင့် အစိုးရတွင် အားနည်းချက်ရှိပါက ထောက်ပြရန်၎င်းက ပြော ကြားခဲ့သည်။ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ နိုင်ငံရေးအရ ပြည်သူလူထုအကြား အထင်အမြင်လွဲမှားအောင် သတင်းမှားဖြန့်ဝေနေ သည့် Pageများကို ဖော်ထုတ်နေကြောင်း ဦးဇော်ဌေးကပြောသည်။

ဦးဇော်ဌေးက”နိုင်ငံရေးအရ ရှုပ်ထွေးမှု‌ဖြစ်အောင်လုပ်တာဖြစ်တယ်။ တစ်ဖက်ကလည်း နိုင်ငံရေးအရ ပြည်သူလူထုနဲ့ အစိုးရအကြား၊ အစိုး ရနဲ့ ပါတီအကြား၊ နိုင်ငံဝန်ထမ်းနဲ့ ပါတီတွေအကြား၊ ပြည်သူလူထုအကြားမှာ အထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိသတင်း မှားဖြန့် တဲ့ပုံစံလို့ သုံးသပ်ရရှိပါတယ်”ဟုဆိုသည်။ထို့ကြောင့် အဆိုပါ သတင်းမှား ဖြန့်ဝေနေသည့် Pageများကို ဖော်ထုတ်နေပြီး ပါဝင်ပတ် သတ် သူများကို စိစစ်ဖော်ထုတ်၍ရပါက ထိထိရောက်ရောက်အရေးယူမည်ဟု ၎င်းကဆက်ပြောသည်။

နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ယမန်နေ့(ဇွန် ၂၆)ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန် ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

REF:   NEWS  WATCH

Add a Comment

Your email address will not be published. Required fields are marked *