ျမန္မာ့စီးပြားေရး ကုစားဖို႔ ေဒၚလာ (၃၆၅.၅) သန္း ကို အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြ (IMF) ခ်ထားေပး လိုက္ေၾကာင္းသိရ

အျပည္ျပည္ဆိုင္ရာေငြေၾကး ရန္ပုံေငြအဖြဲ႕ IMF ရဲ႕အစီအစဥ္အရ ပထမအသုတ္ ေဒၚလာ ၁၁၈ ဒႆမ ၈ သန္းကို ကနဦးရရွိမွာျဖစ္ၿပီး က်န္ ရွိေနတဲ့ ေဒၚလာ ၂၃၇ ဒႆမ ၇ ကို ဒုတိယအသုတ္အေနနဲ႔ ရရွိမွာျဖစ္ပါတယ္။ ခ်ထားေပးမယ့္ ရန္ပုံေငြေတြကို စီးပြားေရး က႑အျပင္ က်န္းမာေရး၊ အစားအေသာက္ျဖန႔္ျဖဴးေရး၊ စိုက္ပ်ိဳးေရး လုပ္ငန္းေတြမွာပါ သုံးစြဲခြင့္ရမွာ ျဖစ္ပါတယ္။

IMF ရဲ႕ရန္ပုံေငြအစီအစဥ္ဟာ ကမာၻ႔ဘဏ္ရဲ႕ ျမန္မာ့စီးပြားေရးသုံးသပ္ခ်က္စာတမ္းအၿပီးမွာ ထြက္ေပၚလာတာျဖစ္ပါတယ္။ျမန္မာႏိုင္ငံဟာ ၁၉၅၇ခု ႏွစ္ ကတည္းက IMF အသင္းဝင္ ျဖစ္ခဲ့တာပါ။ (IMF) က ကိုဗစ္ ၁၉ ေၾကာင့္ ထိခိုက္ ခဲ့ရတဲ့ ျမန္မာ့စီးပြားေရး ျပန္လည္ကုစားေရး အတြက္ အေရးေပၚ ရန္ပုံေငြ ေဒၚလာ ၃၅၆ ဒႆမ ၅ သန္း ခ်ထားေပး လိုက္ေၾကာင္း သိရပါတယ္။

ကိုဗစ္၁၉ ေရာဂါေၾကာင့္ ျမန္မာ့စီးပြားေရး ထိခိုက္ ခဲ့ရပါတယ္။ အထူးသျဖင့္ ျမန္မာ့ခရီးသြားလုပ္ငန္းနဲ႔ ေငြေၾကးလည္ပတ္မႈလုပ္ငန္းေတြ ထိခိုက္ခဲ့ပါတယ္။ စီးပြားေရးတိုးတက္မႈေႏွးေကြးမွာျဖစ္လို႔ အခုလိုေငြေၾကးေထာက္ပံ့ေပးျခင္း ျဖစ္ပါတယ္”လို႔ IMF ဒါ႐ိုက္တာဖူ႐ုဇာဝါက ေျပာပါတယ္။

IMF ရန္ပုံေငြေၾကာင့္ စီးပြားေရးထိခိုက္မႈကို ျပန္လည္ ကုစားႏိုင္မယ္လို႔ ႏိုင္ငံတကာအသိုင္းအဝန္းကယုံၾကည္ေနပါတယ္။ ျမန္မာႏိုင္ငံအ တြက္ ေထာက္ပံ့ေငြခ်ေပးရာ မွာ အလ်င္ျမန္ဆုံး ခ်ထားေပးမွာျဖစ္ ၿပီး အစီအစဥ္ႏွစ္ခုနဲ႔ ခ်ေပးမယ္လို႔ IMF ကေျပာပါတယ္။ ေငြေၾကးခ် ထားေပးဖို႔ စစ္ေဆးမႈေတြလည္း ေလ်ာ့ခ် သြားမယ္လို႔ IMF က ဆိုပါတယ္။

Ref – IMF

UNICODE

မြန်မာ့စီးပွားရေး ကုစားဖို့ ဒေါ်လာ (၃၆၅.၅) သန်း ကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ (IMF) ချထားပေး လိုက်ကြောင်းသိရ

အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ IMF ရဲ့အစီအစဉ်အရ ပထမအသုတ် ဒေါ်လာ ၁၁၈ ဒဿမ ၈ သန်းကို ကနဦးရရှိမှာဖြစ်ပြီး ကျန် ရှိနေတဲ့ ဒေါ်လာ ၂၃၇ ဒဿမ ၇ ကို ဒုတိယအသုတ်အနေနဲ့ ရရှိမှာဖြစ်ပါတယ်။ ချထားပေးမယ့် ရန်ပုံငွေတွေကို စီးပွားရေး ကဏ္ဍအပြင် ကျန်းမာရေး၊ အစားအသောက်ဖြန့်ဖြူးရေး၊ စိုက်ပျိုးရေး လုပ်ငန်းတွေမှာပါ သုံးစွဲခွင့်ရမှာ ဖြစ်ပါတယ်။

IMF ရဲ့ရန်ပုံငွေအစီအစဉ်ဟာ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးသုံးသပ်ချက်စာတမ်းအပြီးမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။မြန်မာနိုင်ငံဟာ ၁၉၅၇ခု နှစ် ကတည်းက IMF အသင်းဝင် ဖြစ်ခဲ့တာပါ။ (IMF) က ကိုဗစ် ၁၉ ကြောင့် ထိခိုက် ခဲ့ရတဲ့ မြန်မာ့စီးပွားရေး ပြန်လည်ကုစားရေး အတွက် အရေးပေါ် ရန်ပုံငွေ ဒေါ်လာ ၃၅၆ ဒဿမ ၅ သန်း ချထားပေး လိုက်ကြောင်း သိရပါတယ်။

ကိုဗစ်၁၉ ရောဂါကြောင့် မြန်မာ့စီးပွားရေး ထိခိုက် ခဲ့ရပါတယ်။ အထူးသဖြင့် မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ ငွေကြေးလည်ပတ်မှုလုပ်ငန်းတွေ ထိခိုက်ခဲ့ပါတယ်။ စီးပွားရေးတိုးတက်မှုနှေးကွေးမှာဖြစ်လို့ အခုလိုငွေကြေးထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်”လို့ IMF ဒါရိုက်တာဖူရုဇာဝါက ပြောပါတယ်။

IMF ရန်ပုံငွေကြောင့် စီးပွားရေးထိခိုက်မှုကို ပြန်လည် ကုစားနိုင်မယ်လို့ နိုင်ငံတကာအသိုင်းအဝန်းကယုံကြည်နေပါတယ်။ မြန်မာနိုင်ငံအ တွက် ထောက်ပံ့ငွေချပေးရာ မှာ အလျင်မြန်ဆုံး ချထားပေးမှာဖြစ် ပြီး အစီအစဉ်နှစ်ခုနဲ့ ချပေးမယ်လို့ IMF ကပြောပါတယ်။ ငွေကြေးချ ထားပေးဖို့ စစ်ဆေးမှုတွေလည်း လျော့ချ သွားမယ်လို့ IMF က ဆိုပါတယ်။

Ref – IMF

Add a Comment

Your email address will not be published. Required fields are marked *