crd: dvb news
UNICODE
နှစ်ကုန်ပိုင်းတွင် COVID 19 ကာကွယ်ဆေး (၂)ဘီလီယံ ဖြန့်ဖြူးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပြင်ဆင်နေပြီဟု သိရ
ကိုဗစ်-၁၉ကာကွယ်ရေး အစီ အစဉ် အရ လာမယ့် (၂၀၂၁) နှစ်လယ် မှာ ဝင်ငွေ အလယ် အလတ် နဲ့ ဝင်ငွေနည်း နိုင်ငံတွေ မှာ ဆေးစစ် မှု သန်း (၅၀၀) လုပ် ပြီး ကုသ မှု (၂၄၅) သန်း ကို လုပ်ဆောင် မယ် လို့ ဆိုပါတယ် ။ WHO ရဲ့ အထွေထွေ ညွှန်ကြားရေး မှူးချုပ် ဂီဘရီယေး ယပ်စ်က တော့ ပိုက်ဆံပေးနိုင် တဲ့သူတွေ မှ မဟုတ် ဘဲ အားလုံး အတွက် ဗိုင်းရပ် ကာကွယ် ရေး၊ ခြေရာ ခံရေးနဲ့ ကုသရေး ကို လုပ်ဆောင် သွားမယ် လို့ ပြောတာ ကို ရိုက် တာသတင်း မှာ ဖော်ပြ ထားပါ တယ်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO)ဟာ လာ မယ့် (၂၀၂၁) ခုနှစ်နှစ် ကုန်ပိုင်း တွင် ကမ္ဘာ တဝန်းလုံး ကို Covid 19 ကာကွယ် ဆေး (၂) ဘီလီ ယံ အထိ ဖြန့်ဖြူး နိုင်ဖို့ ပြင်ဆင် ထားတယ် လို့ ဇွန် (၂၆) ရက် နေ့က ပြောပါ တယ်။ ဒါဟာ Covid 19 တိုက်ဖျက်ရေး အတွက်f အဖွဲ့ရဲ့ Access to COVID-19 Tools Accelerator အစီ အစဉ်ဖြစ် ပြီး ဒီ နှစ် ဧပြီ မှာ စတင် ခဲ့တာ ပါ ။
ဒီထဲ မှာ အားလုံး အတွက် ညီတူ ညီမျှ ဆေးရရှိရေး သေချာဖို့ အားလုံးနဲ့ပူးပေါင်း ဆောင်ရွက် ထားပြီး အစိုး ရတွေ၊ ကျန်းမာရေး အ ဖွဲ့အ စည်း တွေ၊ သိပ္ပံပညာ ရှင်တွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ အရပ် ဘက် အဖွဲ့အစည်း တွေနဲ့ အလှူရှင် တွေများစွာ ပါဝင် ပါတယ်။
crd: dvb news