ခ်ဳံထူထူျမင္ တိုင္း တိုးခ်င္ေနၾက တဲ့ ခ်စ္သူစုံတြဲ မ်ား ေသေသခ်ာခ်ာ ဖတ္ၾကည့္ေပး ပါ

ခ်ဳံျမင္တိုး စုံတြဲမ်ားဟာ အမႈအခင္းေတြ ျဖစ္ပြားၿပီ ဆိုမွေတာ့ မျဖစ္မေန ရဲစခန္းကို ေရာက္ရေတာ့တယ္။ ေကာင္းၾကေသးရဲ႕လား။ ထိုင္ ရွက္ရမဲ့ကိစၥက အမႈအခင္းျဖစ္ေတာ့ ထၿပီးရွက္ၾကရတယ္။ထိုင္ၿပီး ရွက္ရမဲ့ကိစၥကို ထၿပီးမရွက္ခ်င္ဘူးဆိုရင္ ေမာင္တို႔ မယ္တို႔ ခ်ဳံျမင္တိုင္း မတိုးၾကပါနဲ႔။ ေမာင္ရင္းႏွမလို စိတ္သေဘာ ထားၿပီး ေျပာျခင္း ျဖစ္ပါတယ္။

အခုလို အခ်ိန္ကုန္ခံ ေငြကုန္ခံေျပာျပတာဟာ ေမာင္တို႔ မယ္တို႔ကို ခ်စ္လို႔ ေျပာတယ္ မွတ္ပါ။ ေမာင္ တို႔ မယ္တို႔ အေနနဲ႔ လူငယ္သဘာဝ ခ်ိန္းဆိုေတြ႕ဆုံခြင့္ အျပည့္အဝကိုယ္စီ ရွိပါတယ္။ ဒါေပမဲ့ ကိုယ္ခ်စ္ရတဲ့ သူကို လူသူ အသြားအလာ ျပတ္တဲ့ ခ်ဳံႀကိဳ ခ်ဳံၾကား ေနရာေတြမွာ ေခၚမသြားသင့္ဘူး။ခ်ဳံတိုးၿပီး ခ်ိန္းေတြ႕တဲ့ စုံတြဲ အခ်စ္က ခ်ဳံတိုးစုံတြဲအခ်စ္ဘဲ ျဖစ္မယ္။

ကိုယ့္ခ်စ္သူကို ကိုယ္တန္ဖိုးထား ျမတ္ႏိုးရာ မေရာက္ဘူး။ အခ်စ္အေၾကာင္းကို စဥ္းစားလာၾကၿပီဆိုရင္ လူႀကီးလူေကာင္းဆန္ဆန္ အိေျႏၵ ရရ ခ်ိန္းေတြ႕ၾကပါ။ ေနာက္ၿပီး ေမာင္တို႔ မယ္တို႔ဟာ တိုင္းျပည္ရဲ႕ အနာဂတ္ ၾကယ္ပြင့္မ်ား ျဖစ္တာေၾကာင့္ အခုတည္းက အဆင့္အတန္း ရွိရွိ ေတြးေခၚေမွ်ာ္ျမင္တတ္တဲ့ အေလ့အထေကာင္းမ်ားကို ေမြးျမဳ ေလ့က်င့္ၾကရမယ္။

ကိုယ့္ဆႏၵ တခုတည္းကို ေရွ႕တန္းတင္ၿပီး ခ်ဳံတိုးလို႔ ခ်ိန္းဆိုေတြ႕ၾကတဲ့ အတန္းအစားထဲမွာ ေမာင္တို႔ မယ္တို႔ မပါေစခ်င္ဘူး။ ခ်ဳံတိုးၿပီး စုံဖက္သြားတဲ့ အတြဲဆိုတာ ဘယ္ေတာ့မွ တည္တန႔္သြားတယ္ဆိုတာ မရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ႏွစ္ဦးႏွစ္ဘက္စလုံးဟာ ခ်ဳံ ျမင္လ်င္ တိုးခ်င္ၾကလို႔ဘဲ ျဖစ္တယ္။အဲ့ဒီလို ခ်ဳံျမင္တိုး စုံတြဲေတြကို ပစ္မွတ္ထားၿပီး လူသတ္လုယက္ေနတဲ့ ဒုစ႐ိုက္ သမားမ်ား ရွိေနတယ္။

တကၠသိုလ္ စုံတြဲမ်ားကို ဓားေထာက္ တိုက္ခိုက္ၿပီး ပစၥည္း လုယက္မႈမ်ားေၾကာင့္ ေက်ာင္းသားအခ်ိဳ႕ အသက္ဆုံးရႈံးခဲ့ရတဲ့ ျဖစ္စဥ္ေတြ အမ်ားအျပားရွိပါတယ္။အသက္မေသ ဘဲ နာက်င္ဒဏ္ရာရခဲ့တဲ့ စုံတြဲမ်ားကေတာ့ မၾကာမၾကာဘဲ တခ်ိဳ႕စုံတြဲေတြဆို အသက္ဆုံးခဲ့တယ္။ တခ်ိဳ႕စုံတြဲမ်ားကေတာ့ ပစၥည္းေတြပါၿပီး လူေတြကနာလို႔ က်န္ခဲ့တယ္။ေမာင္မယ္တို႔သာ ခ်ဳံမတိုးဘူးဆိုရင္ ျပသနာျဖစ္စရာ မရွိပါဘူး။

REF: SHWE WIKI

UNICODE

ချုံထူထူမြင် တိုင်း တိုးချင်နေကြ တဲ့ ချစ်သူစုံတွဲ များ သေသေချာချာ ဖတ်ကြည့်ပေး ပါ

ချုံမြင်တိုး စုံတွဲများဟာ အမှုအခင်းတွေ ဖြစ်ပွားပြီ ဆိုမှတော့ မဖြစ်မနေ ရဲစခန်းကို ရောက်ရတော့တယ်။ ကောင်းကြသေးရဲ့လား။ ထိုင် ရှက်ရမဲ့ကိစ္စက အမှုအခင်းဖြစ်တော့ ထပြီးရှက်ကြရတယ်။ထိုင်ပြီး ရှက်ရမဲ့ကိစ္စကို ထပြီးမရှက်ချင်ဘူးဆိုရင် မောင်တို့ မယ်တို့ ချုံမြင်တိုင်း မတိုးကြပါနဲ့။ မောင်ရင်းနှမလို စိတ်သဘော ထားပြီး ပြောခြင်း ဖြစ်ပါတယ်။

အခုလို အချိန်ကုန်ခံ ငွေကုန်ခံပြောပြတာဟာ မောင်တို့ မယ်တို့ကို ချစ်လို့ ပြောတယ် မှတ်ပါ။ မောင် တို့ မယ်တို့ အနေနဲ့ လူငယ်သဘာဝ ချိန်းဆိုတွေ့ဆုံခွင့် အပြည့်အဝကိုယ်စီ ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ချစ်ရတဲ့ သူကို လူသူ အသွားအလာ ပြတ်တဲ့ ချုံကြို ချုံကြား နေရာတွေမှာ ခေါ်မသွားသင့်ဘူး။ချုံတိုးပြီး ချိန်းတွေ့တဲ့ စုံတွဲ အချစ်က ချုံတိုးစုံတွဲအချစ်ဘဲ ဖြစ်မယ်။

ကိုယ့်ချစ်သူကို ကိုယ်တန်ဖိုးထား မြတ်နိုးရာ မရောက်ဘူး။ အချစ်အကြောင်းကို စဉ်းစားလာကြပြီဆိုရင် လူကြီးလူကောင်းဆန်ဆန် အိန္ဒြေ ရရ ချိန်းတွေ့ကြပါ။ နောက်ပြီး မောင်တို့ မယ်တို့ဟာ တိုင်းပြည်ရဲ့ အနာဂတ် ကြယ်ပွင့်များ ဖြစ်တာကြောင့် အခုတည်းက အဆင့်အတန်း ရှိရှိ တွေးခေါ်မျှော်မြင်တတ်တဲ့ အလေ့အထကောင်းများကို မွေးမြု လေ့ကျင့်ကြရမယ်။

ကိုယ့်ဆန္ဒ တခုတည်းကို ရှေ့တန်းတင်ပြီး ချုံတိုးလို့ ချိန်းဆိုတွေ့ကြတဲ့ အတန်းအစားထဲမှာ မောင်တို့ မယ်တို့ မပါစေချင်ဘူး။ ချုံတိုးပြီး စုံဖက်သွားတဲ့ အတွဲဆိုတာ ဘယ်တော့မှ တည်တန့်သွားတယ်ဆိုတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ နှစ်ဦးနှစ်ဘက်စလုံးဟာ ချုံ မြင်လျင် တိုးချင်ကြလို့ဘဲ ဖြစ်တယ်။အဲ့ဒီလို ချုံမြင်တိုး စုံတွဲတွေကို ပစ်မှတ်ထားပြီး လူသတ်လုယက်နေတဲ့ ဒုစရိုက် သမားများ ရှိနေတယ်။

တက္ကသိုလ် စုံတွဲများကို ဓားထောက် တိုက်ခိုက်ပြီး ပစ္စည်း လုယက်မှုများကြောင့် ကျောင်းသားအချို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ အများအပြားရှိပါတယ်။အသက်မသေ ဘဲ နာကျင်ဒဏ်ရာရခဲ့တဲ့ စုံတွဲများကတော့ မကြာမကြာဘဲ တချို့စုံတွဲတွေဆို အသက်ဆုံးခဲ့တယ်။ တချို့စုံတွဲများကတော့ ပစ္စည်းတွေပါပြီး လူတွေကနာလို့ ကျန်ခဲ့တယ်။မောင်မယ်တို့သာ ချုံမတိုးဘူးဆိုရင် ပြသနာဖြစ်စရာ မရှိပါဘူး။

REF:  SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *