စစ္ေတြနည္းပညာတကၠသိုလ္အနီး မိုင္း(၁)လုံးေပါက္ကြဲခဲ့ေၾကာင္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းေျပာဆို

တပ္မေတာ္ယာဥ္တန္းျဖတ္သြားသည့္အခ်ိန္တြင္ မိုင္းကြဲျခင္းျဖစ္သည္ဟု ကနဦးသတင္းမ်ားလည္း ထြက္ေပၚခဲ့ကာ၊ ဗိုလ္မႉးေဇာ္မင္းထြန္း ကမူ မိုင္းေတြ႕သည္ ဟုသတင္းရသည့္ အတြက္ ယာဥ္တန္းျဖင့္မိုင္းရွင္းေန ခ်ိန္တြင္မိုင္းကြဲျခင္း ျဖစ္သည္ဟု မိုင္းေပါက္ကြဲမႈ အေျခအေနကို ရွင္းျပသည္။ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက “တပ္မေတာ္ ယာဥ္တန္း ျဖတ္သြားတာမဟုတ္ဘူး။

အဲဒါ မိုင္းရွင္းလင္းေရးအဖြဲ႕ ေတြစီးလာတဲ့ ယာဥ္တန္း။ ယာဥ္ေပၚကေနဆင္းလာၿပီး မိုင္းရွင္းလင္းေရး အဖြဲ႕ေတြက မိုင္းရွင္းတဲ့အခါမွာ အေဝးကေန ရီမုနဲ႔ ခြဲတယ္။ တစ္လုံး ကြဲသြားတယ္။က်န္တဲ့ ၅လုံးကေတာ့ ထပ္မံေဖၚထုတ္ရရွိပါတယ္။ ထိခိုက္ဒဏ္ရာရွိမႈေတာ့ မရွိပါဘူး” ဟု ဆိုသည္။(ဇြန္ ၂၇ ) ေန႔လယ္ ၁ နာရီခြဲခန႔္က စစ္ေတြ နည္းပညာတကၠသိုလ္အနီးတြင္ မိုင္းတစ္လုံးေပါက္ ကြဲခဲ့ေၾကာင္း သိရသည္။

မေပါက္ကြဲေသးသည့္ မိုင္း ၅ လုံး ေဖၚထုတ္ ရရွိေၾကာင္း၊ ျဖစ္စဥ္တြင္ ထိခိုက္ဒဏ္ရာရရွိမႈ မရွိေၾကာင္း တပ္မေတာ္သတင္းမွန္ ျပန္ၾကား ေရးအဖြဲ႕မွ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားသည္။ေရခ်မ္းျပင္ေက်း႐ြာႏွင့္ ခလယ္ပိုက္ေက်း႐ြာၾကားတြင္ ရွိသည့္စစ္ေတြ နည္းပညာ ေကာလိပ္အနီး၊ရထားလမ္း ႏွင့္ ကားလမ္းအကူးတြင္ မိုင္းမ်ားေတြ႕ရွိေၾကာင္း သတင္းရရွိသည့္အတြက္ တပ္မေတာ္သြားခဲ့သည္။

တပ္မေတာ္မိုင္းရွင္းလင္းေရးအဖြဲ႕က သြားေရာက္ရွင္းလင္းခဲ့စဥ္ မိုင္းတစ္လုံးေပါက္ ကြဲခဲ့ၿပီး မေပါက္ကြဲေသးသည့္မိုင္း ၅လုံးကို ထပ္မံေဖၚ ထုတ္ရရွိခဲ့သည္ဟု ဆိုသည္။မိုင္းကြဲသည့္ေနရာသည္ စစ္ေတြၿမိဳ႕ႏွင့္ ၇ မိုင္ခန႔္ ကြာ ေဝးၿပီး မိုင္းကြဲမႈေၾကာင့္ စစ္ေတြၿမိဳ႕အတြင္း၌ ထူးျခား
သည့္အေနမ်ိဳးမရွိေၾကာင္း ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္ မ်ားအစည္းအ႐ုံး (REC)မွ ကိုေဇာ္ေဇာ္ထြန္းက ေျပာၾကားသည္။

ယခု မိုင္းေပါက္ကြဲမႈမွာ AA ၏ လက္ခ်က္ျဖစ္သည္ဟု ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။AAသည္ တပ္ မေတာ္ယာဥ္တန္းမ်ားကို မၾကာခဏဆိုသလို မိုင္းခြဲတိုက္ခိုက္မႈမ်ားျပဳလုပ္ေလ့ရွိသည္။ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းကလည္း စစ္ေတြၿမိဳ႕အနီး အျမင့္ကြၽန္းေက်း႐ြာ နား၌ တပ္မေတာ္စစ္ေရယာဥ္ အား AAက လက္နက္ႀကီး လက္ငယ္မ်ားျဖင့္ ပစ္ခတ္ တိုက္ခိုက္သည့္ ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့သည္။

REF: The Ladies News

UNICODE

စစ်တွေနည်းပညာတက္ကသိုလ်အနီး မိုင်း(၁)လုံးပေါက်ကွဲခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောဆို

တပ်မတော်ယာဉ်တန်းဖြတ်သွားသည့်အချိန်တွင် မိုင်းကွဲခြင်းဖြစ်သည်ဟု ကနဦးသတင်းများလည်း ထွက်ပေါ်ခဲ့ကာ၊ ဗိုလ်မှူးဇော်မင်းထွန်း ကမူ မိုင်းတွေ့သည် ဟုသတင်းရသည့် အတွက် ယာဉ်တန်းဖြင့်မိုင်းရှင်းနေ ချိန်တွင်မိုင်းကွဲခြင်း ဖြစ်သည်ဟု မိုင်းပေါက်ကွဲမှု အခြေအနေကို ရှင်းပြသည်။ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “တပ်မတော် ယာဉ်တန်း ဖြတ်သွားတာမဟုတ်ဘူး။

အဲဒါ မိုင်းရှင်းလင်းရေးအဖွဲ့ တွေစီးလာတဲ့ ယာဉ်တန်း။ ယာဉ်ပေါ်ကနေဆင်းလာပြီး မိုင်းရှင်းလင်းရေး အဖွဲ့တွေက မိုင်းရှင်းတဲ့အခါမှာ အဝေးကနေ ရီမုနဲ့ ခွဲတယ်။ တစ်လုံး ကွဲသွားတယ်။ကျန်တဲ့ ၅လုံးကတော့ ထပ်မံဖေါ်ထုတ်ရရှိပါတယ်။ ထိခိုက်ဒဏ်ရာရှိမှုတော့ မရှိပါဘူး” ဟု ဆိုသည်။(ဇွန် ၂၇ ) နေ့လယ် ၁ နာရီခွဲခန့်က စစ်တွေ နည်းပညာတက္ကသိုလ်အနီးတွင် မိုင်းတစ်လုံးပေါက် ကွဲခဲ့ကြောင်း သိရသည်။

မပေါက်ကွဲသေးသည့် မိုင်း ၅ လုံး ဖေါ်ထုတ် ရရှိကြောင်း၊ ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြား ရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ရေချမ်းပြင်ကျေးရွာနှင့် ခလယ်ပိုက်ကျေးရွာကြားတွင် ရှိသည့်စစ်တွေ နည်းပညာ ကောလိပ်အနီး၊ရထားလမ်း နှင့် ကားလမ်းအကူးတွင် မိုင်းများတွေ့ရှိကြောင်း သတင်းရရှိသည့်အတွက် တပ်မတော်သွားခဲ့သည်။

တပ်မတော်မိုင်းရှင်းလင်းရေးအဖွဲ့က သွားရောက်ရှင်းလင်းခဲ့စဉ် မိုင်းတစ်လုံးပေါက် ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့်မိုင်း ၅လုံးကို ထပ်မံဖေါ် ထုတ်ရရှိခဲ့သည်ဟု ဆိုသည်။မိုင်းကွဲသည့်နေရာသည် စစ်တွေမြို့နှင့် ၇ မိုင်ခန့် ကွာ ဝေးပြီး မိုင်းကွဲမှုကြောင့် စစ်တွေမြို့အတွင်း၌ ထူးခြား
သည့်အနေမျိုးမရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ် များအစည်းအရုံး (REC)မှ ကိုဇော်ဇော်ထွန်းက ပြောကြားသည်။

ယခု မိုင်းပေါက်ကွဲမှုမှာ AA ၏ လက်ချက်ဖြစ်သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။AAသည် တပ် မတော်ယာဉ်တန်းများကို မကြာခဏဆိုသလို မိုင်းခွဲတိုက်ခိုက်မှုများပြုလုပ်လေ့ရှိသည်။ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စစ်တွေမြို့အနီး အမြင့်ကျွန်းကျေးရွာ နား၌ တပ်မတော်စစ်ရေယာဉ် အား AAက လက်နက်ကြီး လက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

REF:  The Ladies News

Add a Comment

Your email address will not be published. Required fields are marked *