လူတစ္ေယာက္ ရဲ႕ နာမည္ကို သိ႐ုံႏွင့္ ထိုလူ၏ စိတ္အ‌ေျခအေန သိႏိုင္သည့္ တြက္နည္း

သင့္ရဲ႕လူသိမ်ားေသာ အမည္ကို ေအာက္ပါအတိုင္းတြက္ပါ။ဦး၊ကို၊ေမာင္၊ေဒၚ၊မ ဆိုတာေတြ ျဖဳတ္တြက္ရမွာပါ…(ဥပမာတြက္ျပမယ္)

ေက်ာ္မ်ိဳးလြင္ = ၂ + ၅ + ၄ = ၁၁

၁၁ ÷ ၉ = ၂

အႂကြင္းဂဏန္း ၂

၂ ႂကြင္း အေဟာကို ဖတ္ၾကည့္ယုံပါပဲ

ျမန္မာ့ ႐ိုးရာလက္ဆန္းနည္းေလး တန္ဖိုးထား ျမတ္ႏိုးေသာ အားျဖင့္ျပန္လည္ မွ်ေဝေရးသားေပး လိုက္ရတာပါ။ မွန္တယ္ မမွန္ဖူးဆိုတာ ေတာ့ မိတ္ေဆြမ်ား ကိုယ္တိုင္တြက္ၾကည့္ ၾကေစခ်င္ယုံပါ ခင္ဗ်ာ…..

နည္းေလးကေတာ့ လူတိုင္းကိုယ္တိုင္တြက္လို႔ အဆင္ေျပၾကမယ္ ထင္ပါတယ္

ေအာက္ေဖၚျပပါ ဥပေဒသကို မွတ္ထားပါ။

အ ၊အာ ၊ဥ ၊ ၾသ ၊ ဧ ်= ၁

က ၊ ခ ၊ ဂ ၊ ဃ ၊ င = ၂

စ ၊ ဆ ၊ ဇ ၊ ည ၊ဈ = ၃

ရ ၊ ယ ၊ လ ၊ ၀ = ၄

ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ = ၅

သ ၊ ဟ = ၆

ဋ ၊ ဍ ၊ ဎ ဏ ၊ တ ၊ ထ ၊ ဒ ၊ဓ ၊ န = ၇

အမည္အားလုံးေပါင္းလို႔ ရေသာဂဏန္း သခ်ာကႋု ၉ ျဖင့္စား။ အႂကြင္း ကို အေဟာတိုင္း ဖတ္ၾကည့္ယုံပါ။

(၁ ) ႂကြင္း

သင္သည္ ၁ ဂဏန္းရပါက စိတ္ဓာတ္ႀကံ့ခိုင္သူျဖစ္၏။ ရည္႐ြယ္ခ်က္၊ ရည္မွန္းခ်က္ ျပင္းထန္သူျဖစ္၏။ ျပတ္သားထက္ျမတ္ေသာ စိတ္ ဓာတ္ ရွိသူျဖစ္၏။ လမ္း႐ိုးလမ္းေဟာင္းကို မလိုက္တတ္ဘဲ ဆန္းသစ္တီထြင္တတ္သူျဖစ္၏။ အယူအဆ ခိုင္မာရ်္ ေခါင္းမာသူလည္းျဖစ္ ၏။ လက္ေတြ႕ဆန္ဆန္ ျပဳလုပ္တတ္သူလည္းျဖစ္၏။ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတတ္၏။ က်န္းမာရ်္ ခံႏိုင္ရည္ရွိေသာသူျဖစ္၏။ သူတစ္ပါး အေပၚ စာနာတတ္ရ်္ ကူညီတတ္သူလည္းျဖစ္၏။

သို႔ေသာ္ တုန႔္ျပန္မႈ၊ ေက်းဇူးျပဳမႈကိုမူ မရတတ္ေပ။ အထူးသျဖင့္ ေဆြမ်ိဳးသားခ်င္းမ်ား၏ ဂ႐ုျပဳမႈ၊ အေလးထားမႈမ်ား မခံစားရတတ္ေပ။ မိတ္ေဆြကို အကဲခတ္ရ်္ ေဝဖန္ရန္ မ်ားစြာခက္၏။ အမ်ားႏွင့္ တပူးတြဲတြဲ မေနတတ္ေပ။ လြတ္လပ္စြာေနရ်္ လြတ္လပ္စြာ ေတြးေခၚတတ္ သူျဖစ္၏။ ေခါင္းမာေသာ္လည္း သည္းခံတတ္၏။ မိတ္ေဆြ၏ ပင္ကိုယ္အရည္အခ်င္းတစ္ခုကို အမ်ားသူငါက ေတြ႕ျမင္ေပလိမ့္မည္။

ယုံၾကည္ခ်က္ ျပင္းထန္သည္။စိတ္စြမ္းအင္ ႀကီးမားသည္။ မိမိ၏ ခံစားမႈကို မေပၚလြင္ေအာင္ ထိန္းသိမ္းႏိုင္သည္။ ပတ္ဝန္းက်င္၏ အထင္လြဲမႈကို မၾကာခဏ ခံရတတ္သည္။ မိမိျဖစ္ခ်င္ေသာအရာကို ျဖစ္ေအာင္လုပ္ႏိုင္ေသာလူျဖစ္သည္။ သူတစ္ပါးကို အားမကိုး တတ္ေပ။ အတိုခ်ဳပ္ဆိုရပါမူ အရည္အခ်င္းရွိသူတစ္ဦးျဖစ္သည္ ။

(၂ ) ႂကြင္း

သင္သည္ ၂ ဂဏန္းသမားျဖစ္ပါက စိတ္လႈပ္ရွားမႈမ်ားသူျဖစ္သည္။ လိမၼာပါးနပ္သူလည္းျဖစ္သည္။ ကိစၥတိုင္း အမွားမက်ဴးလြန္မိေစရန္ သတိႏွင့္ေနထိုင္တတ္သူျဖစ္သည္။ ပါတ္ဝန္းက်င္၏ ခ်စ္ခင္ေလးစားမႈကို ခံရသူလည္းျဖစ္သည္။ စိတ္ဓာတ္က်ျခင္းႏွင့္ စိတ္အားငယ္ ျခင္း တို႔ မၾကာခဏ ျဖစ္ေပၚေလ့ရွိသည္။စိတ္ကူးစိတ္သန္း အလြန္ေကာင္း၏။ဉာဏ္ပညာထက္ျမက္၏။

မိတ္ေဆြ၏ စိတ္ကူးစိတ္သန္းေကာင္းမႈ၊ဉာဏ္ပညာထက္မႈေၾကာင့္ ဘဝကို ေကာင္းက်ိဳးေပးလိမ့္မည္။ ခံစားခ်က္ရွိေသာေၾကာင့္ ကဗ်ာ ဆရာမ်ား၊ စာေရးဆရာမ်ား၊ သီခ်င္းေရးဆရာမ်ားေတြးေခၚပညာရွင္မ်ား ျဖစ္တတ္သည္။ စိတ္ပူပန္မႈလည္း အလြန္ႀကီးမားသည္။ ေသး ငယ္ေသါကိစြကိုပင္ ပူပန္တတ္၏။ စိတ္ဓာတ္မတည္ၿငိမ္မႈေၾကာင့္ ဆုံးျဖတ္ခ်က္မ်ား မွားတတ္သည္။ တုံ႔ျပန္မႈျမန္ျခင္းေၾကာင့္ အလြဲလြဲ အေခ်ာ္ေခ်ာ္ ျဖစ္တတ္သည္။

ယုံၾကည္မိသူ၊ ေလးစားမိသူအေပၚ စြဲစြဲလမ္းလမ္းျဖစ္တတ္သည္။ ခ်စ္ခင္မႈ အားႀကီးသည္။အစစအရာရာကို သတိႏွင့္ ျပဳလုပ္တတ္၏။ တစ္ဦးတည္း ဦးေဆာင္မႈကို မလုပ္ဘဲ တစ္ေယာက္ေယာက္ႏွင့္ပူးတြဲၿပီး လုပ္ကိုင္ရမွ ေက်နပ္သူျဖစ္သည္။ စကားေျပာဆိုျခင္းႏွင့္ စာေပ အေရးအသား ေကာင္းတတ္သည္။အိမ္တြင္ေနျခင္းကို မေပ်ာ္ပိုက္ဘဲ အျပင္တြင္ အခ်ိန္ျဖဳန္းတတ္သည္။ ဘဝတြင္ ကံဇာတာေကာင္းသူ မ်ားထဲတြင္ ပါသည္။

(၃) ႂကြင္း

သင္သည္ ၃ ဂဏန္းသမားျဖစ္ပါက အၿမဲပင္ အလုပ္ရႈပ္ေနတတ္သည္။ ေရာက္ရွိေသာအေျခအေနတြင္ ေပ်ာ္ေပ်ာ္ေနတတ္သူျဖစ္၏။ အခ်ိန္ကို အားလပ္ခြင့္မေပးဘဲ တစ္ခုမဟုတ္တစ္ခုကို လုပ္ေနတတ္သူျဖစ္သည္။မိမိႏွင့္ဆန႔္က်င္ဘက္ျဖစ္ေသာကိစြမ်ားတြင္ စိတ္ဝင္စားတတ္သည္။ ဆက္ဆံေရး အလြန္ေကာင္းမြန္သည္။ သူတစ္ပါးကို စိတ္ဝင္စားေအာင္ ေျပာ ႏိုင္သူလည္းျဖစ္၏။ စိတ္ကူး စိတ္သန္း အလြန္ေကာင္းသည္။ အကင္းပါးသူျဖစ္ေသာေၾကာင့္ သူတစ္ပါး၏ ခုတုံးလုပ္ျခင္း၊ ႏွပ္ခ်ျခင္းကို မည္သည့္အခါမွ ခံရမည္မဟုတ္ေပ။

အခြင့္အေရးပိုယူျခင္း၊ သစၥာေဖာက္ျခင္းမ်ိဳးကို မည္သည့္အခါမွ် မလုပ္တတ္။ လုံ႔လဝိရိယရွိသူလည္းျဖစ္သည္။ ခပ္တည္တည္ ေနတတ္ ေသာေၾကာင့္ မိတ္ေဆြနည္းသူလည္းျဖစ္သည္။ နည္းေသာမိတ္ေဆြေတြက သစၥာရွိမည္။ျမင့္မားေသာ ရည္႐ြယ္ခ်က္မ်ား ထားရွိတတ္သူ လည္းျဖစ္၏။

မိမိကိုယ္ကို တန္ဖိုးထားတတ္သူလည္းျဖစ္သည္။ ဘာသာတရားကိုင္းရႈိင္းေသာ္လည္း ဝါဝါျမင္တိုင္း ဦးခ်မည့္သူမဟုတ္ေပ။ လြယ္လြယ္ ႏွင့္ မယုံတတ္ေပ။ ယုံၿပီဆိုလွ်င္လည္း စြဲၿမဲတတ္သည္။အခက္အခဲေတြ႕ပါက စိတ္ကူးယဥ္မေနဘဲ လက္ေတြ႕က်က် ေျဖရွင္း တတ္သူလည္း ျဖစ္သည္။ မည္သို႔ဆိုေစ မိတ္ေဆြသည္ လူေတာ္လူေကာင္းတစ္ဦးဟု ဆိုႏိုင္ေပသည္။

(၄) ႂကြင္း

သင္သည္ ၄ ဂဏန္းသမားျဖစ္ပါက မ်က္ႏွာသြင္ျပင္ဟာ တစ္ျခားသူ နဲ႔ မတူပဲ တမူ ထူးျခားေနတယ္။ ထက္ထက္ျမက္ျမက္ ရွိတဲ့ မ်က္ႏွာ မ်ိဳး ရွိတယ္။ လြယ္လြယ္ကူကူ မိတ္ဖြဲ႕လို႔ မရဘူး။တစ္နည္း တစ္ဖုံ ခြတီးခြက် ျဖစ္ေလ့ရွိတယ္။ အမ်ားတကာနဲ႔လည္း အယူအဆခ်င္း မတူပဲ တစ္မ်ိဳးတစ္ဖုံ ကြာဟေနတတ္တယ္။

စည္းကမ္းေတြ အမိန႔္ေတြကို မနာခံ တတ္ဘူး။(၄)ဂဏန္း သမားေတြဟာ မေမွ်ာ္လင့္ပဲ ရတနာပုံ ဆိုက္သလို ႀကီးပြား တတ္တယ္။ မိတ္ ေဆြအေပါင္းအသင္း ရွိရင္လည္း အနည္းစုပဲ ျဖစ္လိမ့္မယ္။အဲဒီ အနည္းစုကလည္း သူ႔အေပၚ အင္မတန္ သစၥာရွိတဲ့ လူေတြ ျဖစ္တတ္တယ္။ အမ်ားအားျဖင့္ သိုက္တို႔ နတ္တို႔ ဘိုးေတာ္တို႔၏ကူညီေစာင္ေရွာက္မႈခံရတတ္သည္။

(၅) ႂကြင္း

သင္သည္ ၅ ဂဏန္းသမားျဖစ္ေနပါက သည္းခံစိတ္ ရွိ ၿပီး စိတ္ ရွည္ သူျဖစ္၏။ တာဝန္ႏွင့္ဝတၱရားကို လည္းနားလည္သူျဖစ္၏။ အေပါင္း အသင္းေပါင္းရာတြင္ စိတ္တိုင္းက် ေ႐ြးခ်ယ္ၿပီးမွ ေပါင္းတတ္သူျဖစ္သည္။ စိတ္ခံစားမႈလြယ္ကူေသာ္လည္း မ်ိဳသိပ္ႏိုင္ သူ ျဖစ္သည္။ သူ တစ္ပါးအား ဆြဲေဆာင္ႏိုင္ေသာ စြမ္းအားရွိ၏။ စိတ္ဆိုးခဲ၏။

စိတ္ဆိုးလွ်င္ လည္း ေတာ္ေတာ္ႏွင့္မေျပတတ္ေပ။မိသားစု၊ သားသမီးအေပၚ သံေယာဇဥ္ႀကီးသူျဖစ္သည္။ သို႔ေသာ္ သားသမီး အ က်ိဳးမခံစားရတတ္ေပ ။ သိမ္သိမ္ေမြ႕ေမြ႕ေနထိုင္ တတ္ သူျဖစ္သည္။ ၾကင္ နာ စိတ္ႀကီးမားသူ လည္းျဖစ္မည္။ ရက္ေရာမႈရွိသည္။ မည္သည့္အခါမွ် တစ္ကိုယ္ေကာင္းမဆန္တတ္။

အႀကီးအက်ယ္ မ ေက် မနပ္ ျဖစ္ ပါက မည္သူ႔မ်က္ႏွာကိုမွ် မ ေထာက္ထားဘဲ လုပ္ခ်င္ သလို လုပ္ပစ္တတ္သည္။ မိတ္ေဆြသည္ အ ေပ်ာ္ အပါးကို ႏွစ္သက္ေသာ္လည္း လုပ္ ရ မည့္ အလုပ္ႏွင့္ စည္းျခားထားသူ ျဖစ္ သည္။ တစ္ခါတစ္ ရံ မိမိကိုယ္ကို အထင္ႀကီးလြန္းတတ္သည္။ တစ္ခါတစ္ ရံ မိမိ၏အရည္ အခ်င္းထက္ ေလ်ာ့၍ ပင္ မိမိကိုယ္ကို အမွတ္ေပးတတ္သည္။ မည္သို႔ျဖစ္ေစ သင္ သည္ ေကာင္းမြန္ေသာသူတစ္ျဖစ္သည္မွာ မလြဲေပ။

(၆) ႂကြင္း

သင္သည္ ၆ ႂကြင္းသမားျဖစ္ပါကသည္းခံစိတ္ရွိၿပီး စိတ္ရွည္သူျဖစ္၏။ တာဝန္ႏွင့္ဝတၱရားကိုလည္း နားလည္သူျဖစ္၏။ အေပါင္းအသင္းေပါင္းရာတြင္ စိတ္တိုင္းက် ေ႐ြးခ်ယ္ၿပီးမွ ေပါင္းတတ္သူျဖစ္သည္။ စိတ္ခံစားမႈလြယ္ကူေသာ္လည္း မ်ိဳသိပ္ႏိုင္သူျဖစ္သည္။ သူတစ္ပါးအား ဆြဲေဆာင္ႏိုင္ေသာ စြမ္းအားရွိသည္။ စိတ္ဆိုးခဲ၏။ စိတ္ဆိုးလွ်င္လည္း ေတာ္ေတာ္ႏွင့္ မေျပတတ္ေပ။ မိသားစု၊ သားသမီးအေပၚ သံေယာဇဥ္ႀကီးသူျဖစ္သည္။

သို႔ေသာ္ သားသမီးအက်ိဳးမေပးလွေပ။သိမ္သိမ္ေမြ႕ေမြ႕ ေနထိုင္တတ္သူျဖစ္သည္။ ၾကင္နာစိတ္ႀကီးမားသူျဖစ္သည္။ ရက္ေရာမႈရွိသည္။ မည္သည့္အခါမွ် တစ္ကိုယ္ေကာင္းမဆန္တတ္။ အႀကီးအက်ယ္ မေက်နပ္မႈျဖစ္ပါက မည္သူ႔မ်က္ႏွာကိုမွ် မေထာက္ဘဲ လုပ္ခ်င္သလို လုပ္ပစ္တတ္သည္။မိတ္ေဆြသည္ အေပ်ာ္အပါးကို ႏွစ္သက္ေသာ္လည္း လုပ္ရမည့္အလုပ္ႏွင့္ စည္းျခားထားတတ္သည္။ တစ္ခါတစ္ရံ မိမိကိုယ္ကို အထင္ႀကီးလြန္းတတ္သည္။

(၇) ႂကြင္း

မိတ္ေဆြက ၇ ႂကြင္းဂဏန္းျဖစ္ေနပါက ဉာဏ္ရည္ဉာဏ္ေသြးေကာင္းသူျဖစ္သည္။ ထက္လည္း အလြန္ထက္ျမတ္သည္။ အရာရာကို မွန္ ကန္စြာ ေတြးေခၚ ဆုံးျဖတ္တတ္သူျဖစ္မည္။ တစ္ယူသန္ ေခါင္းမာတတ္သူလည္းျဖစ္၏။ သူတစ္ပါး၏ထင္ျမင္ခ်က္ကို မ်ားစြာ အေရးမ ထားတတ္သူလည္းျဖစ္သည္။ စိတ္လႈပ္ရွားမႈ လြယ္ကူေသာ္လည္း ခံစားမႈမ်ားစြာ မရွိတတ္ေပ။ မိတ္ေဆြတြင္ ေကာင္းေသာ အရည္အခ်င္း တစ္ခု ရွိေနတတ္သည္။ ထိုအရည္အခ်င္းမွာ အရာရာကို ဂ႐ုစိုက္ ေလ့လာတတ္ျခင္းပင္ျဖစ္သည္။

REF: LET PAN

UNICODE

လူတစ်ယောက် ရဲ့ နာမည်ကို သိရုံနှင့် ထိုလူ၏ စိတ်အ‌ခြေအနေ သိနိုင်သည့် တွက်နည်း

သင့်ရဲ့လူသိများသော အမည်ကို အောက်ပါအတိုင်းတွက်ပါ။ဦး၊ကို၊မောင်၊ဒေါ်၊မ ဆိုတာတွေ ဖြုတ်တွက်ရမှာပါ…(ဥပမာတွက်ပြမယ်)

ကျော်မျိုးလွင် = ၂ + ၅ + ၄ = ၁၁

၁၁ ÷ ၉ = ၂

အကြွင်းဂဏန်း ၂

၂ ကြွင်း အဟောကို ဖတ်ကြည့်ယုံပါပဲ

မြန်မာ့ ရိုးရာလက်ဆန်းနည်းလေး တန်ဖိုးထား မြတ်နိုးသော အားဖြင့်ပြန်လည် မျှဝေရေးသားပေး လိုက်ရတာပါ။ မှန်တယ် မမှန်ဖူးဆိုတာ တော့ မိတ်ဆွေများ ကိုယ်တိုင်တွက်ကြည့် ကြစေချင်ယုံပါ ခင်ဗျာ…..

နည်းလေးကတော့ လူတိုင်းကိုယ်တိုင်တွက်လို့ အဆင်ပြေကြမယ် ထင်ပါတယ်

အောက်ဖေါ်ပြပါ ဥပဒေသကို မှတ်ထားပါ။

အ ၊အာ ၊ဥ ၊ ၾသ ၊ ဧ ျ= ၁

က ၊ ခ ၊ ဂ ၊ ဃ ၊ င = ၂

စ ၊ ဆ ၊ ဇ ၊ ည ၊ဈ = ၃

ရ ၊ ယ ၊ လ ၊ ၀ = ၄

ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ = ၅

သ ၊ ဟ = ၆

ဋ ၊ ဍ ၊ ဎ ဏ ၊ တ ၊ ထ ၊ ဒ ၊ဓ ၊ န = ၇

အမည်အားလုံးပေါင်းလို့ ရသောဂဏန်း သချာင်္ကို ၉ ဖြင့်စား။ အကြွင်း ကို အဟောတိုင်း ဖတ်ကြည့်ယုံပါ။

(၁ ) ကြွင်း

သင်သည် ၁ ဂဏန်းရပါက စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်၏။ ရည်ရွယ်ချက်၊ ရည်မှန်းချက် ပြင်းထန်သူဖြစ်၏။ ပြတ်သားထက်မြတ်သော စိတ် ဓာတ် ရှိသူဖြစ်၏။ လမ်းရိုးလမ်းဟောင်းကို မလိုက်တတ်ဘဲ ဆန်းသစ်တီထွင်တတ်သူဖြစ်၏။ အယူအဆ ခိုင်မာရျ် ခေါင်းမာသူလည်းဖြစ် ၏။ လက်တွေ့ဆန်ဆန် ပြုလုပ်တတ်သူလည်းဖြစ်၏။ ပျော်ပျော်ရွှင်ရွှင်နေတတ်၏။ ကျန်းမာရျ် ခံနိုင်ရည်ရှိသောသူဖြစ်၏။ သူတစ်ပါး အပေါ် စာနာတတ်ရျ် ကူညီတတ်သူလည်းဖြစ်၏။

သို့သော် တုန့်ပြန်မှု၊ ကျေးဇူးပြုမှုကိုမူ မရတတ်ပေ။ အထူးသဖြင့် ဆွေမျိုးသားချင်းများ၏ ဂရုပြုမှု၊ အလေးထားမှုများ မခံစားရတတ်ပေ။ မိတ်ဆွေကို အကဲခတ်ရျ် ဝေဖန်ရန် များစွာခက်၏။ အများနှင့် တပူးတွဲတွဲ မနေတတ်ပေ။ လွတ်လပ်စွာနေရျ် လွတ်လပ်စွာ တွေးခေါ်တတ် သူဖြစ်၏။ ခေါင်းမာသော်လည်း သည်းခံတတ်၏။ မိတ်ဆွေ၏ ပင်ကိုယ်အရည်အချင်းတစ်ခုကို အများသူငါက တွေ့မြင်ပေလိမ့်မည်။

ယုံကြည်ချက် ပြင်းထန်သည်။စိတ်စွမ်းအင် ကြီးမားသည်။ မိမိ၏ ခံစားမှုကို မပေါ်လွင်အောင် ထိန်းသိမ်းနိုင်သည်။ ပတ်ဝန်းကျင်၏ အထင်လွဲမှုကို မကြာခဏ ခံရတတ်သည်။ မိမိဖြစ်ချင်သောအရာကို ဖြစ်အောင်လုပ်နိုင်သောလူဖြစ်သည်။ သူတစ်ပါးကို အားမကိုး တတ်ပေ။ အတိုချုပ်ဆိုရပါမူ အရည်အချင်းရှိသူတစ်ဦးဖြစ်သည် ။

(၂ ) ကြွင်း

သင်သည် ၂ ဂဏန်းသမားဖြစ်ပါက စိတ်လှုပ်ရှားမှုများသူဖြစ်သည်။ လိမ္မာပါးနပ်သူလည်းဖြစ်သည်။ ကိစ္စတိုင်း အမှားမကျူးလွန်မိစေရန် သတိနှင့်နေထိုင်တတ်သူဖြစ်သည်။ ပါတ်ဝန်းကျင်၏ ချစ်ခင်လေးစားမှုကို ခံရသူလည်းဖြစ်သည်။ စိတ်ဓာတ်ကျခြင်းနှင့် စိတ်အားငယ် ခြင်း တို့ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။စိတ်ကူးစိတ်သန်း အလွန်ကောင်း၏။ဉာဏ်ပညာထက်မြက်၏။

မိတ်ဆွေ၏ စိတ်ကူးစိတ်သန်းကောင်းမှု၊ဉာဏ်ပညာထက်မှုကြောင့် ဘဝကို ကောင်းကျိုးပေးလိမ့်မည်။ ခံစားချက်ရှိသောကြောင့် ကဗျာ ဆရာများ၊ စာရေးဆရာများ၊ သီချင်းရေးဆရာများတွေးခေါ်ပညာရှင်များ ဖြစ်တတ်သည်။ စိတ်ပူပန်မှုလည်း အလွန်ကြီးမားသည်။ သေး ငယ်သေါကိစွကိုပင် ပူပန်တတ်၏။ စိတ်ဓာတ်မတည်ငြိမ်မှုကြောင့် ဆုံးဖြတ်ချက်များ မှားတတ်သည်။ တုံ့ပြန်မှုမြန်ခြင်းကြောင့် အလွဲလွဲ အချော်ချော် ဖြစ်တတ်သည်။

ယုံကြည်မိသူ၊ လေးစားမိသူအပေါ် စွဲစွဲလမ်းလမ်းဖြစ်တတ်သည်။ ချစ်ခင်မှု အားကြီးသည်။အစစအရာရာကို သတိနှင့် ပြုလုပ်တတ်၏။ တစ်ဦးတည်း ဦးဆောင်မှုကို မလုပ်ဘဲ တစ်ယောက်ယောက်နှင့်ပူးတွဲပြီး လုပ်ကိုင်ရမှ ကျေနပ်သူဖြစ်သည်။ စကားပြောဆိုခြင်းနှင့် စာပေ အရေးအသား ကောင်းတတ်သည်။အိမ်တွင်နေခြင်းကို မပျော်ပိုက်ဘဲ အပြင်တွင် အချိန်ဖြုန်းတတ်သည်။ ဘဝတွင် ကံဇာတာကောင်းသူ များထဲတွင် ပါသည်။

(၃) ကြွင်း

သင်သည် ၃ ဂဏန်းသမားဖြစ်ပါက အမြဲပင် အလုပ်ရှုပ်နေတတ်သည်။ ရောက်ရှိသောအခြေအနေတွင် ပျော်ပျော်နေတတ်သူဖြစ်၏။ အချိန်ကို အားလပ်ခွင့်မပေးဘဲ တစ်ခုမဟုတ်တစ်ခုကို လုပ်နေတတ်သူဖြစ်သည်။မိမိနှင့်ဆန့်ကျင်ဘက်ဖြစ်သောကိစွများတွင် စိတ်ဝင်စားတတ်သည်။ ဆက်ဆံရေး အလွန်ကောင်းမွန်သည်။ သူတစ်ပါးကို စိတ်ဝင်စားအောင် ပြော နိုင်သူလည်းဖြစ်၏။ စိတ်ကူး စိတ်သန်း အလွန်ကောင်းသည်။ အကင်းပါးသူဖြစ်သောကြောင့် သူတစ်ပါး၏ ခုတုံးလုပ်ခြင်း၊ နှပ်ချခြင်းကို မည်သည့်အခါမှ ခံရမည်မဟုတ်ပေ။

အခွင့်အရေးပိုယူခြင်း၊ သစ္စာဖောက်ခြင်းမျိုးကို မည်သည့်အခါမျှ မလုပ်တတ်။ လုံ့လဝိရိယရှိသူလည်းဖြစ်သည်။ ခပ်တည်တည် နေတတ် သောကြောင့် မိတ်ဆွေနည်းသူလည်းဖြစ်သည်။ နည်းသောမိတ်ဆွေတွေက သစ္စာရှိမည်။မြင့်မားသော ရည်ရွယ်ချက်များ ထားရှိတတ်သူ လည်းဖြစ်၏။

မိမိကိုယ်ကို တန်ဖိုးထားတတ်သူလည်းဖြစ်သည်။ ဘာသာတရားကိုင်းရှိုင်းသော်လည်း ဝါဝါမြင်တိုင်း ဦးချမည့်သူမဟုတ်ပေ။ လွယ်လွယ် နှင့် မယုံတတ်ပေ။ ယုံပြီဆိုလျှင်လည်း စွဲမြဲတတ်သည်။အခက်အခဲတွေ့ပါက စိတ်ကူးယဉ်မနေဘဲ လက်တွေ့ကျကျ ဖြေရှင်း တတ်သူလည်း ဖြစ်သည်။ မည်သို့ဆိုစေ မိတ်ဆွေသည် လူတော်လူကောင်းတစ်ဦးဟု ဆိုနိုင်ပေသည်။

(၄) ကြွင်း

သင်သည် ၄ ဂဏန်းသမားဖြစ်ပါက မျက်နှာသွင်ပြင်ဟာ တစ်ခြားသူ နဲ့ မတူပဲ တမူ ထူးခြားနေတယ်။ ထက်ထက်မြက်မြက် ရှိတဲ့ မျက်နှာ မျိုး ရှိတယ်။ လွယ်လွယ်ကူကူ မိတ်ဖွဲ့လို့ မရဘူး။တစ်နည်း တစ်ဖုံ ခွတီးခွကျ ဖြစ်လေ့ရှိတယ်။ အများတကာနဲ့လည်း အယူအဆချင်း မတူပဲ တစ်မျိုးတစ်ဖုံ ကွာဟနေတတ်တယ်။

စည်းကမ်းတွေ အမိန့်တွေကို မနာခံ တတ်ဘူး။(၄)ဂဏန်း သမားတွေဟာ မမျှော်လင့်ပဲ ရတနာပုံ ဆိုက်သလို ကြီးပွား တတ်တယ်။ မိတ် ဆွေအပေါင်းအသင်း ရှိရင်လည်း အနည်းစုပဲ ဖြစ်လိမ့်မယ်။အဲဒီ အနည်းစုကလည်း သူ့အပေါ် အင်မတန် သစ္စာရှိတဲ့ လူတွေ ဖြစ်တတ်တယ်။ အများအားဖြင့် သိုက်တို့ နတ်တို့ ဘိုးတော်တို့၏ကူညီစောင်ရှောက်မှုခံရတတ်သည်။

(၅) ကြွင်း

သင်သည် ၅ ဂဏန်းသမားဖြစ်နေပါက သည်းခံစိတ် ရှိ ပြီး စိတ် ရှည် သူဖြစ်၏။ တာဝန်နှင့်ဝတ္တရားကို လည်းနားလည်သူဖြစ်၏။ အပေါင်း အသင်းပေါင်းရာတွင် စိတ်တိုင်းကျ ရွေးချယ်ပြီးမှ ပေါင်းတတ်သူဖြစ်သည်။ စိတ်ခံစားမှုလွယ်ကူသော်လည်း မျိုသိပ်နိုင် သူ ဖြစ်သည်။ သူ တစ်ပါးအား ဆွဲဆောင်နိုင်သော စွမ်းအားရှိ၏။ စိတ်ဆိုးခဲ၏။

စိတ်ဆိုးလျှင် လည်း တော်တော်နှင့်မပြေတတ်ပေ။မိသားစု၊ သားသမီးအပေါ် သံယောဇဉ်ကြီးသူဖြစ်သည်။ သို့သော် သားသမီး အ ကျိုးမခံစားရတတ်ပေ ။ သိမ်သိမ်မွေ့မွေ့နေထိုင် တတ် သူဖြစ်သည်။ ကြင် နာ စိတ်ကြီးမားသူ လည်းဖြစ်မည်။ ရက်ရောမှုရှိသည်။ မည်သည့်အခါမျှ တစ်ကိုယ်ကောင်းမဆန်တတ်။

အကြီးအကျယ် မ ကျေ မနပ် ဖြစ် ပါက မည်သူ့မျက်နှာကိုမျှ မ ထောက်ထားဘဲ လုပ်ချင် သလို လုပ်ပစ်တတ်သည်။ မိတ်ဆွေသည် အ ပျော် အပါးကို နှစ်သက်သော်လည်း လုပ် ရ မည့် အလုပ်နှင့် စည်းခြားထားသူ ဖြစ် သည်။ တစ်ခါတစ် ရံ မိမိကိုယ်ကို အထင်ကြီးလွန်းတတ်သည်။ တစ်ခါတစ် ရံ မိမိ၏အရည် အချင်းထက် လျော့၍ ပင် မိမိကိုယ်ကို အမှတ်ပေးတတ်သည်။ မည်သို့ဖြစ်စေ သင် သည် ကောင်းမွန်သောသူတစ်ဖြစ်သည်မှာ မလွဲပေ။

(၆) ကြွင်း

သင်သည် ၆ ကြွင်းသမားဖြစ်ပါကသည်းခံစိတ်ရှိပြီး စိတ်ရှည်သူဖြစ်၏။ တာဝန်နှင့်ဝတ္တရားကိုလည်း နားလည်သူဖြစ်၏။ အပေါင်းအသင်းပေါင်းရာတွင် စိတ်တိုင်းကျ ရွေးချယ်ပြီးမှ ပေါင်းတတ်သူဖြစ်သည်။ စိတ်ခံစားမှုလွယ်ကူသော်လည်း မျိုသိပ်နိုင်သူဖြစ်သည်။ သူတစ်ပါးအား ဆွဲဆောင်နိုင်သော စွမ်းအားရှိသည်။ စိတ်ဆိုးခဲ၏။ စိတ်ဆိုးလျှင်လည်း တော်တော်နှင့် မပြေတတ်ပေ။ မိသားစု၊ သားသမီးအပေါ် သံယောဇဉ်ကြီးသူဖြစ်သည်။

သို့သော် သားသမီးအကျိုးမပေးလှပေ။သိမ်သိမ်မွေ့မွေ့ နေထိုင်တတ်သူဖြစ်သည်။ ကြင်နာစိတ်ကြီးမားသူဖြစ်သည်။ ရက်ရောမှုရှိသည်။ မည်သည့်အခါမျှ တစ်ကိုယ်ကောင်းမဆန်တတ်။ အကြီးအကျယ် မကျေနပ်မှုဖြစ်ပါက မည်သူ့မျက်နှာကိုမျှ မထောက်ဘဲ လုပ်ချင်သလို လုပ်ပစ်တတ်သည်။မိတ်ဆွေသည် အပျော်အပါးကို နှစ်သက်သော်လည်း လုပ်ရမည့်အလုပ်နှင့် စည်းခြားထားတတ်သည်။ တစ်ခါတစ်ရံ မိမိကိုယ်ကို အထင်ကြီးလွန်းတတ်သည်။

(၇) ကြွင်း

မိတ်ဆွေက ၇ ကြွင်းဂဏန်းဖြစ်နေပါက ဉာဏ်ရည်ဉာဏ်သွေးကောင်းသူဖြစ်သည်။ ထက်လည်း အလွန်ထက်မြတ်သည်။ အရာရာကို မှန် ကန်စွာ တွေးခေါ် ဆုံးဖြတ်တတ်သူဖြစ်မည်။ တစ်ယူသန် ခေါင်းမာတတ်သူလည်းဖြစ်၏။ သူတစ်ပါး၏ထင်မြင်ချက်ကို များစွာ အရေးမ ထားတတ်သူလည်းဖြစ်သည်။ စိတ်လှုပ်ရှားမှု လွယ်ကူသော်လည်း ခံစားမှုများစွာ မရှိတတ်ပေ။ မိတ်ဆွေတွင် ကောင်းသော အရည်အချင်း တစ်ခု ရှိနေတတ်သည်။ ထိုအရည်အချင်းမှာ အရာရာကို ဂရုစိုက် လေ့လာတတ်ခြင်းပင်ဖြစ်သည်။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *