အံဩဖြယ္ရာေကာင္းေလာက္ေအာင္ မာစီဒီးကား ကို (၁)ေဒၚလာနဲ႔ေရာင္း တဲ့ အေဒၚႀကီး တစ္ေယာက္

အထူးအဆန္း ျဖစ္ရပ္တစ္ခုပါ။ေန႔စဥ္ထုတ္သတင္းစာမ်ားတြင္ ေအာက္ပါအတိုင္း ေၾကာ္ျငာတစ္ခုပါလာသည္ –မာစီဒီးကား 1$ ျဖင့္ ေရာင္းမည္။လက္ရွိအသုံးျပဳေနေသာ မာစီဒီးကားကို 1$ ျဖင့္ ေရာင္းမည္။ စိတ္ဝင္စားသူ လူကိုယ္တိုင္ လာေရာက္ ဆက္သြယ္ပါ။ ဦးရာ လူေရာင္းမည္။ေဒၚ… … …… … . အမွတ္ (—)၊ ( —–)လမ္း ၊ ——– —–ၿမိဳ႕ ထိုေၾကာ္ျငာကို ေတြ႕ျမင္သူမ်ားက အထူးအဆန္းျဖစ္ေန သည္။ ထိုအမ်ိဳးသမီး ႐ူးေန၍သာ ေၾကာ္ျငာထည့္ျခင္းျဖစ္သည္ ဟု ယူဆလ်က္ရွိၾကသည္။

ထို႔ေၾကာင့္ မာစီဒီးကားပိုင္ရွင္ေဒၚ… … …… .ထံသို႔ မည္သူမွ သြားေရာက္ဆက္သြယ္ျခင္းမရွိၾကေခ်။ထို႔ေၾကာင့္ ေဒၚ…… … …… ..… ..က ထိုေၾကာ္ျငာကို သတင္းစာမ်ားတြင္ ေန႔စဥ္ ရက္ဆက္ ထည့္သြင္းေနသည္။လူတစ္ေယာက္က ထိုေၾကာ္ျငာကို အေသအခ်ာဖတ္ၾကည့္ ၿပီး ေနာက္ ေဒၚ… … …. .ႏွင့္ သြားေရာက္ေတြ႕ဆုံေလသည္။“အေဒၚ ကြၽန္ေတာ္ ကားေရာင္းမယ့္ေၾကာ္ျငာေတြ႕လို႔ လာခဲ့တာပါ”။ေအး …အခု အထိ ဘယ္သူမွ မလာၾကလို႔ ခဏခဏေၾကာ္ျငာေနတာ”။“ဟုတ္ကဲ့ခင္ဗ်…က်ေနာ္ စိတ္ဝင္စားလို႔လာခဲ့တာပါခင္ဗ်ာ ”။

“မင္းက တကယ္ဝယ္မွာလား”။ဝယ္မွာပါ”။“ဒါဆို…ကားကိုလိုက္ၾကည့္ေလ”။ေဒၚ… … …… …က ကားဂိုေဒါင္ကို ေခၚသြားသည္။ ဂိုေဒါင္ ေသာ့ကို ဖြင့္ၿပီး မာစီဒီးကားကို ျပသသည္။“မင္းကို ေရာင္းမယ့္ကားက ဒီကားပဲ ”။ကားဝယ္ရန္လာသူသည္ ေတာ္ေတာ္ အံ့ၾသသြားသည္။ သိန္းေပါင္းမ်ားစြာ တန္ေသာကားျဖစ္သည္။ ဘယ္ေလာက္နဲ႔ေရာင္းမွာလဲဗ်”။သတင္းစာထဲမွာ ပါတယ္ေလ 1$ နဲ႔ေရာင္းမွာ ။”“ဗ်ာ ” “မ…ဗ်ာနဲ႔ အေဒၚက တကယ္ေရာင္းမွာ ၊ ဒီအတိုင္းေတာ့ မေရာင္းဘူး။မင္းဘက္က သက္ေသေခၚခဲ့ရမယ္ ၊ ငါ့ဘက္ကလည္း သက္ေသပါမယ္။

လူႀကီးလူေကာင္းေတြ ေရွ႕မွာ စာခ်ဳပ္စာတမ္းနဲ႔ေရာင္းမယ္ ”။ဟုတ္ …ဟုတ္ကဲ့ ”။ထိုသူသည္ ရပ္ကြက္ထဲမွ လူႀကီးလူေကာင္းမ်ားကို သက္ ေသအျဖစ္ ေခၚလာခဲ့သည္။ ေဒၚ…… ……… … . ကလည္း လူႀကီးလူေကာင္းမ်ားကို အဆင္သင့္ေခၚထားသည္။“ေဟာဒီမွာ အုံနာစာအုပ္၊ ဆီစာအုပ္နဲ႔ကားေသာ့ ၊ မနက္ဖန္ နာမည္ေျပာင္းကိစၥ အကုန္လုပ္ေပးမယ္ ”။လူႀကီးလူေကာင္းေတြနဲ႔ ကားဝယ္သူတို႔ဟာ ဒီမိန္းမ႐ူးမ်ား ေနလို႔လားဟု ေတြးေတာေနၾကသည္။အေဒၚရယ္ …ကြၽန္ေတာ္ အိပ္မက္မ်ား မက္ ေနတာလား”။

“အိပ္မက္မဟုတ္ပါဘူး…အေဒၚက ဒီမာစီဒီးကားကို 1$ နဲ႔ ေရာင္းတာပါ၊ ေဟာဒီစာခ်ဳပ္မွာ လက္မွတ္ထိုးေပးၾကပါ”။ကားေရာင္းသူ၊ ကား ဝယ္သူႏွင့္ အသိသက္ေသမ်ားက အသီးသီးလက္မွတ္ေရးထိုးေပးၾကသည္။“ေပး…ငါ့ကို 1$”။ကားဝယ္သူက 1$ ကို ထုတ္ေပးလိုက္ၿပီး ေနာက္ ကားေရာင္းသူ အေဒၚႀကီးကို ေမးခြန္းတစ္ခု ေမးလိုက္သည္။“ဘာေၾကာင့္ အခုလိုတန္ဖိုးမ်ားစြာတန္တဲ့ ဒီကားကို 1$ ထဲနဲ႔ ေရာင္းရတာလဲ ”။“အေဒၚ့ေယာက္်ားက မေသခင္ မွာသြားလို႔ပါ”။အေဒၚ့ေယာက္်ားကို အေဒၚက ေတာ္ေတာ္ခ်စ္လို႔ေပါ့ေနာ္ ။”

“ခ်စ္တာလဲပါတာေပါ့ ၊ မေသခင္မွာသြားတာေလးကို ျဖည့္ဆည္းေဆာင္႐ြက္ေပးခ်င္လို႔ပါ ”။“အေဒၚ့ေယာက္်ားက ဘာမ်ားမွာသြားခဲ့လို႔လဲ ခင္ဗ်ာ”။“အေဒၚ့ ေယာက္်ားက သူစီးေနက် မာစီဒီးကားကို ေရာင္းၿပီး ကားေရာင္းရေငြအားလုံးကို မိုးမိုးကို ေပးလိုက္ပါတဲ့ ”။ မိုးမိုးဆိုတာ က”အေဒၚတို႔အိမ္က အိမ္ေဖာ္ပါ။ ေနာက္ၿပီး …”“ေနာက္ၿပီး …ဘာလဲဗ်”။အေဒၚ့ေယာက္်ားရဲ႕ မယားငယ္ ”။တိန္…

REF: SHWE WIKI

UNICODE

အံဩဖွယ်ရာကောင်းလောက်အောင် မာစီဒီးကား ကို (၁)ဒေါ်လာနဲ့ရောင်း တဲ့ အဒေါ်ကြီး တစ်ယောက်

အထူးအဆန်း ဖြစ်ရပ်တစ်ခုပါ။နေ့စဉ်ထုတ်သတင်းစာများတွင် အောက်ပါအတိုင်း ကြော်ငြာတစ်ခုပါလာသည် –မာစီဒီးကား 1$ ဖြင့် ရောင်းမည်။လက်ရှိအသုံးပြုနေသော မာစီဒီးကားကို 1$ ဖြင့် ရောင်းမည်။ စိတ်ဝင်စားသူ လူကိုယ်တိုင် လာရောက် ဆက်သွယ်ပါ။ ဦးရာ လူရောင်းမည်။ဒေါ်… … …… … . အမှတ် (—)၊ ( —–)လမ်း ၊ ——– —–မြို့ ထိုကြော်ငြာကို တွေ့မြင်သူများက အထူးအဆန်းဖြစ်နေ သည်။ ထိုအမျိုးသမီး ရူးနေ၍သာ ကြော်ငြာထည့်ခြင်းဖြစ်သည် ဟု ယူဆလျက်ရှိကြသည်။

ထို့ကြောင့် မာစီဒီးကားပိုင်ရှင်ဒေါ်… … …… .ထံသို့ မည်သူမှ သွားရောက်ဆက်သွယ်ခြင်းမရှိကြချေ။ထို့ကြောင့် ဒေါ်…… … …… ..… ..က ထိုကြော်ငြာကို သတင်းစာများတွင် နေ့စဉ် ရက်ဆက် ထည့်သွင်းနေသည်။လူတစ်ယောက်က ထိုကြော်ငြာကို အသေအချာဖတ်ကြည့် ပြီး နောက် ဒေါ်… … …. .နှင့် သွားရောက်တွေ့ဆုံလေသည်။“အဒေါ် ကျွန်တော် ကားရောင်းမယ့်ကြော်ငြာတွေ့လို့ လာခဲ့တာပါ”။အေး …အခု အထိ ဘယ်သူမှ မလာကြလို့ ခဏခဏကြော်ငြာနေတာ”။“ဟုတ်ကဲ့ခင်ဗျ…ကျနော် စိတ်ဝင်စားလို့လာခဲ့တာပါခင်ဗျာ ”။

“မင်းက တကယ်ဝယ်မှာလား”။ဝယ်မှာပါ”။“ဒါဆို…ကားကိုလိုက်ကြည့်လေ”။ဒေါ်… … …… …က ကားဂိုဒေါင်ကို ခေါ်သွားသည်။ ဂိုဒေါင် သော့ကို ဖွင့်ပြီး မာစီဒီးကားကို ပြသသည်။“မင်းကို ရောင်းမယ့်ကားက ဒီကားပဲ ”။ကားဝယ်ရန်လာသူသည် တော်တော် အံ့သြသွားသည်။ သိန်းပေါင်းများစွာ တန်သောကားဖြစ်သည်။ ဘယ်လောက်နဲ့ရောင်းမှာလဲဗျ”။သတင်းစာထဲမှာ ပါတယ်လေ 1$ နဲ့ရောင်းမှာ ။”“ဗျာ ” “မ…ဗျာနဲ့ အဒေါ်က တကယ်ရောင်းမှာ ၊ ဒီအတိုင်းတော့ မရောင်းဘူး။မင်းဘက်က သက်သေခေါ်ခဲ့ရမယ် ၊ ငါ့ဘက်ကလည်း သက်သေပါမယ်။

လူကြီးလူကောင်းတွေ ရှေ့မှာ စာချုပ်စာတမ်းနဲ့ရောင်းမယ် ”။ဟုတ် …ဟုတ်ကဲ့ ”။ထိုသူသည် ရပ်ကွက်ထဲမှ လူကြီးလူကောင်းများကို သက် သေအဖြစ် ခေါ်လာခဲ့သည်။ ဒေါ်…… ……… … . ကလည်း လူကြီးလူကောင်းများကို အဆင်သင့်ခေါ်ထားသည်။“ဟောဒီမှာ အုံနာစာအုပ်၊ ဆီစာအုပ်နဲ့ကားသော့ ၊ မနက်ဖန် နာမည်ပြောင်းကိစ္စ အကုန်လုပ်ပေးမယ် ”။လူကြီးလူကောင်းတွေနဲ့ ကားဝယ်သူတို့ဟာ ဒီမိန်းမရူးများ နေလို့လားဟု တွေးတောနေကြသည်။အဒေါ်ရယ် …ကျွန်တော် အိပ်မက်များ မက် နေတာလား”။

“အိပ်မက်မဟုတ်ပါဘူး…အဒေါ်က ဒီမာစီဒီးကားကို 1$ နဲ့ ရောင်းတာပါ၊ ဟောဒီစာချုပ်မှာ လက်မှတ်ထိုးပေးကြပါ”။ကားရောင်းသူ၊ ကား ဝယ်သူနှင့် အသိသက်သေများက အသီးသီးလက်မှတ်ရေးထိုးပေးကြသည်။“ပေး…ငါ့ကို 1$”။ကားဝယ်သူက 1$ ကို ထုတ်ပေးလိုက်ပြီး နောက် ကားရောင်းသူ အဒေါ်ကြီးကို မေးခွန်းတစ်ခု မေးလိုက်သည်။“ဘာကြောင့် အခုလိုတန်ဖိုးများစွာတန်တဲ့ ဒီကားကို 1$ ထဲနဲ့ ရောင်းရတာလဲ ”။“အဒေါ့်ယောက်ျားက မသေခင် မှာသွားလို့ပါ”။အဒေါ့်ယောက်ျားကို အဒေါ်က တော်တော်ချစ်လို့ပေါ့နော် ။”

“ချစ်တာလဲပါတာပေါ့ ၊ မသေခင်မှာသွားတာလေးကို ဖြည့်ဆည်းဆောင်ရွက်ပေးချင်လို့ပါ ”။“အဒေါ့်ယောက်ျားက ဘာများမှာသွားခဲ့လို့လဲ ခင်ဗျာ”။“အဒေါ့် ယောက်ျားက သူစီးနေကျ မာစီဒီးကားကို ရောင်းပြီး ကားရောင်းရငွေအားလုံးကို မိုးမိုးကို ပေးလိုက်ပါတဲ့ ”။ မိုးမိုးဆိုတာ က”အဒေါ်တို့အိမ်က အိမ်ဖော်ပါ။ နောက်ပြီး …”“နောက်ပြီး …ဘာလဲဗျ”။အဒေါ့်ယောက်ျားရဲ့ မယားငယ် ”။တိန်…

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *