အသစ္ထုတ္ေဝမည့္ေငြစကၠဴမ်ားတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံကို စစ္ဝတ္စုံႏွင့္အသုံးျပဳရန္ အစီအစဥ္မရွိဟု ဗဟိုဘဏ္ဒု-ဥကၠဌေျပာ

NLD အစိုးရလက္ထက္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံပါ တေထာင္တန္ေငြစကၠဴကို ၂ဝ၁၉ ခုႏွစ္ ဇန္နဝါရီ ၄ ရက္ လြတ္လပ္ေရးေန႔တြင္ ပထမဆုံးအႀကိမ္ ျပန္လည္ထုတ္ေဝခဲ့ၿပီး ဇန္နဝါရီ ၇ ရက္တြင္ ျပည္သူသူထုထံသို႔ ျဖန႔္ေဝခဲ့သည္။ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံျဖင့္ ငါးရာက်ပ္ တန္ေငြစကၠဴကို လာမည့္ ဇူလိုင္ ၁၉ ရက္ အာဇာနည္ေန႔တြင္ ထုတ္ေဝမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္ကထုတ္ျပန္ထားသည္။ အားလုံးထုတ္ မယ္လို႔ေျပာထားၿပီးသားျဖစ္တဲ့အတြက္ series ကေတာ့ ဥပမာငါးေထာင္တန္ျဖစ္ရင္ ျဖစ္မယ္။

တေသာင္းတန္ျဖစ္ရင္ျဖစ္မယ္ေပါ့။ အဲဒီလိုေတာ့ ေလာေလာဆယ္ေျပာလို႔မရေသးဘူး”ဟု ဆက္လက္ထုတ္ေဝမည့္ ေငြစကၠဴမ်ားႏွင့္ ပတ္ သက္၍ ဦးစိုးမင္းက ေျပာသည္။လက္ရွိထုတ္ေဝေနသည့္ေငြစကၠဴမ်ားမွာ Denomination ႏွင့္ ပုံစံအေပၚမူတည္ၿပီး ေငြစကၠဴအမ်ိဳးအစား ၁၄ မ်ိဳး ခန႔္ရွိေၾကာင္း သိရသည္။ဗိုလ္ခ်ဳပ္ပုံျဖင့္အသစ္ထုတ္ေဝမည့္ ေငြစကၠဴမ်ားတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းစစ္ ဝတ္စစ္စားႏွင့္႐ုပ္ပုံမ်ားကို အသုံးျပဳရန္ အစီအစဥ္မရွိဘဲ အသစ္ထုတ္ေဝသည့္ က်ပ္ ၁ဝဝဝ တန္ေငြစကၠဴပါ အရပ္ဝတ္ႏွင့္ ႐ုပ္ပုံကိုသာအသုံးျပဳသြားမည္ျဖစ္သည္။

အခုထုတ္ထားတဲ့ပုံစံ အတိုင္းပဲ ထုတ္သြားမွာပါ။ ဓာတ္ပုံကို ဒီပုံကိုပဲ ထုတ္သြား မွာပါ။ ငါးရာတန္ နဲ႔ တေထာင္တန္ ထုတ္တဲ့ ပုံအတိုင္းပဲ ထုတ္သြားမွာပါ” ဟု ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးစိုးမင္းက ေျပာသည္။လက္ရွိသုံးစြဲေနသည့္ ေငြစကၠဴအားလုံးကို ဗိုလ္ခ်ဳပ္ ေအာင္ဆန္း႐ုပ္ပုံျဖင့္ ထုတ္ေဝသြားမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္မွေျပာၾကားထားသျဖင့္ ယခင္ကေငြစကၠဴမ်ားတြင္ အသုံးျပဳခဲ့သည့္ ဗိုလ္ ခ်ဳပ္ေအာင္ဆန္း စစ္ဝတ္စုံႏွင့္႐ုပ္ပုံမ်ားကို အသုံးျပဳသြားရန္အစီအစဥ္ရွိ၊ မရွိေမးျမန္းသည္ကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဒုတိယဥကၠဌ ဦးစိုးမင္းက အထက္ပါအတိုင္း ျပန္လည္ေျဖၾကားခဲ့သည္။

ေငြစကၠဴထုတ္တယ္ဆိုတာလည္း သင့္ေလ်ာ္တဲ့ Design နဲ႔ သင့္ေလ်ာ္တဲ့ ဓာတ္ပုံ ဒီလိုေ႐ြးၿပီးထုတ္တာေလ။ ဘာေၾကာင့္ ဒါသုံးလဲဆိုတဲ့ ဟာမ်ိဳးကေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံဆိုၿပီး ထုတ္တဲ့ေနရာမွာ ဒီပုံကေတာ့ သင့္ေတာ္တယ္ဆိုၿပီး ေ႐ြးၿပီးထုတ္တာပဲရွိတာေလ။ အဲဒါက ရည္႐ြယ္ခ်က္နဲ႔ ဘာေၾကာင့္မထုတ္တာမ်ိဳးမွ မဟုတ္ဘူး”ဟု ၎ကေျပာသည္။လက္ရွိသုံးစြဲေနသည့္ေငြစကၠဴအားလုံးကို ဗိုလ္ခ်ဳပ္ေအာင္ ဆန္း႐ုပ္ပုံ ျဖင့္ ထုတ္ေဝသြားမည္ ျဖစ္ေၾကာင္း ေနျပည္ ေတာ္ျပန္ၾကားေရးဝန္ႀကီးဌာနတြင္ ဇြန္ ၁၅ ရက္ကျပဳလုပ္ေသာ သတင္းစာရွင္း လင္းပြဲ၌ ျမန္မာႏိုင္ငံ ေတာ္ဗဟိုဘဏ္ ဒုတိယဥကၠ႒ဦးစိုးမင္းက ေျပၾကားခဲ့သည္။

ျမန္မာႏိုင္ငံလြတ္လပ္ေရးရၿပီး ေနာက္ ထုတ္ေဝသည့္ေငြစကၠဴမ်ား၌ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံမ်ားကို အသုံးျပဳခဲ့ ရာမွ မဆလလက္ထက္၊ နဝတ၊ နအဖ လက္ထက္မ်ားတေလွ်ာက္တြင္ ထုတ္ေဝ သည့္ ေငြစကၠဴမ်ား၌ အျခား႐ုပ္ပုံမ်ားျဖင့္ အစားထိုးအသုံးျပဳခဲ့ျခင္းျဖစ္သည္။

REF: NEWS WATCH

UNICODE

အသစ်ထုတ်ဝေမည့်ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို စစ်ဝတ်စုံနှင့်အသုံးပြုရန် အစီအစဉ်မရှိဟု ဗဟိုဘဏ်ဒု-ဥက္ကဌပြော

NLD အစိုးရလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တထောင်တန်ငွေစက္ကူကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ပထမဆုံးအကြိမ် ပြန်လည်ထုတ်ဝေခဲ့ပြီး ဇန်နဝါရီ ၇ ရက်တွင် ပြည်သူသူထုထံသို့ ဖြန့်ဝေခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ငါးရာကျပ် တန်ငွေစက္ကူကို လာမည့် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် ထုတ်ဝေမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ထားသည်။ အားလုံးထုတ် မယ်လို့ပြောထားပြီးသားဖြစ်တဲ့အတွက် series ကတော့ ဥပမာငါးထောင်တန်ဖြစ်ရင် ဖြစ်မယ်။

တသောင်းတန်ဖြစ်ရင်ဖြစ်မယ်ပေါ့။ အဲဒီလိုတော့ လောလောဆယ်ပြောလို့မရသေးဘူး”ဟု ဆက်လက်ထုတ်ဝေမည့် ငွေစက္ကူများနှင့် ပတ် သက်၍ ဦးစိုးမင်းက ပြောသည်။လက်ရှိထုတ်ဝေနေသည့်ငွေစက္ကူများမှာ Denomination နှင့် ပုံစံအပေါ်မူတည်ပြီး ငွေစက္ကူအမျိုးအစား ၁၄ မျိုး ခန့်ရှိကြောင်း သိရသည်။ဗိုလ်ချုပ်ပုံဖြင့်အသစ်ထုတ်ဝေမည့် ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းစစ် ဝတ်စစ်စားနှင့်ရုပ်ပုံများကို အသုံးပြုရန် အစီအစဉ်မရှိဘဲ အသစ်ထုတ်ဝေသည့် ကျပ် ၁ဝဝဝ တန်ငွေစက္ကူပါ အရပ်ဝတ်နှင့် ရုပ်ပုံကိုသာအသုံးပြုသွားမည်ဖြစ်သည်။

အခုထုတ်ထားတဲ့ပုံစံ အတိုင်းပဲ ထုတ်သွားမှာပါ။ ဓာတ်ပုံကို ဒီပုံကိုပဲ ထုတ်သွား မှာပါ။ ငါးရာတန် နဲ့ တထောင်တန် ထုတ်တဲ့ ပုံအတိုင်းပဲ ထုတ်သွားမှာပါ” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောသည်။လက်ရှိသုံးစွဲနေသည့် ငွေစက္ကူအားလုံးကို ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံဖြင့် ထုတ်ဝေသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှပြောကြားထားသဖြင့် ယခင်ကငွေစက္ကူများတွင် အသုံးပြုခဲ့သည့် ဗိုလ် ချုပ်အောင်ဆန်း စစ်ဝတ်စုံနှင့်ရုပ်ပုံများကို အသုံးပြုသွားရန်အစီအစဉ်ရှိ၊ မရှိမေးမြန်းသည်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

ငွေစက္ကူထုတ်တယ်ဆိုတာလည်း သင့်လျော်တဲ့ Design နဲ့ သင့်လျော်တဲ့ ဓာတ်ပုံ ဒီလိုရွေးပြီးထုတ်တာလေ။ ဘာကြောင့် ဒါသုံးလဲဆိုတဲ့ ဟာမျိုးကတော့ ဗိုလ်ချုပ်အောင်ဆန်းပုံဆိုပြီး ထုတ်တဲ့နေရာမှာ ဒီပုံကတော့ သင့်တော်တယ်ဆိုပြီး ရွေးပြီးထုတ်တာပဲရှိတာလေ။ အဲဒါက ရည်ရွယ်ချက်နဲ့ ဘာကြောင့်မထုတ်တာမျိုးမှ မဟုတ်ဘူး”ဟု ၎င်းကပြောသည်။လက်ရှိသုံးစွဲနေသည့်ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်အောင် ဆန်းရုပ်ပုံ ဖြင့် ထုတ်ဝေသွားမည် ဖြစ်ကြောင်း နေပြည် တော်ပြန်ကြားရေးဝန်ကြီးဌာနတွင် ဇွန် ၁၅ ရက်ကပြုလုပ်သော သတင်းစာရှင်း လင်းပွဲ၌ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးစိုးမင်းက ပြေကြားခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက် ထုတ်ဝေသည့်ငွေစက္ကူများ၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများကို အသုံးပြုခဲ့ ရာမှ မဆလလက်ထက်၊ နဝတ၊ နအဖ လက်ထက်များတလျှောက်တွင် ထုတ်ဝေ သည့် ငွေစက္ကူများ၌ အခြားရုပ်ပုံများဖြင့် အစားထိုးအသုံးပြုခဲ့ခြင်းဖြစ်သည်။

REF:   NEWS  WATCH

Add a Comment

Your email address will not be published. Required fields are marked *