အိႏၵိ ယ-တ႐ုတ္ နယ္စပ္အၾကား တ႐ုတ္စစ္သည္ အင္အား သိန္းဂဏန္း နီးပါး တပ္စြဲလာ၊ အခ်ိန္မေ႐ြး စစ္မီးေတာက္ႏိုင္ ဟုဆို

အိန ၵိယ နဲ႔ တ႐ုတ္ (၂)ဘက္ တပ္ေတြၾကား ဇြန္လ ( ၁၅ ) ရက္ က အခ်င္းမ်ားခဲ့ၾကၿပီးေနာက္ ၊ ၿပီးခဲ့ တဲ့ ရက္ပိုင္း က စစ္ဘက္ဆိုင္ရာ ထိပ္ သီး အရာရွိ ေတြ ေခါင္းခ်င္းဆိုင္ေဆြးေႏြး ခဲ့ၿပီး၊ ညႇိႏႈိင္း မႈ ေျပလည္ခဲ့ ပါ တယ္ ။ သို႔ေသာ္လည္း တ႐ုတ္ဘက္ က ညႇိႏႈိင္းမႈ ေျပလည္ ၿပီး ေနာက္ မွာပဲ တပ္ အင္အားေတြ လွ်ိဳ႕ဝွက္တိုး ခ်ဲ႕ခဲ့ၿပီး၊ ျပႆနာ တစ္ခုခု ဖန္တီးဖို႔ အတြက္ ရည္႐ြယ္ပုံ ရပါ တယ္ ။ အခုဆို ႏွစ္ဘက္ စစ္ တပ္ေတြ ရဲ႕ ဖိုက္တာဂ်က္ေတြဟာ သက္ဆိုင္ရာ နယ္နမိတ္ မွာ ပ်ံဝဲေနၾကၿပီး၊ အခ်င္းခ်င္း ကို ရန္ေစာင္ေနၾက ပါတယ္။

တ႐ုတ္-အိႏၵိယျပႆနာဟာ ကနဦးက ေပ်ာ့ေျပာင္း သေယာင္ ရွိခဲ့ေသာ္ လည္း တ႐ုတ္က စစ္ ကိုပဲ ေ႐ြးခ်ယ္ခ်င္ေနပုံ ရတယ္ လို႔ ဥေရာပ သတင္းစာေတြက ေဖာ္ျပေနၾက ပါ တယ္ ။ တ႐ုတ္ဟာ စစ္ဘက္ ဆိုင္ရာ-အင္အားေတြ ကိုသာမက အေျမႇာက္ယာဥ္ ယႏၲယားေတြ ကိုပါ ပို႔ထား လိုက္ၿပီ ျဖစ္တာေၾကာင့္ အခ်ိန္မေ႐ြး ထေတာက္ႏိုင္ တဲ့ စစ္မီးျဖစ္ေၾကာင္း Australian Strategic Policy Institute မွ သုေတသန ပညာရွင္ Nathan Ruser က ေျပာခဲ့ပါတယ္။

လက္ရွိ ထြက္ေပၚ လာတဲ့ အသံေတြအရ အေနာက္ စစ္ အုပ္စု က အိႏၵိယ ဘက္ကေန ကူညီဖို႔ မူအားျဖင့္ ဆုံးျဖတ္ ထားေနၾကၿပီ လို႔ သိရ ပါ တယ္ ။ အိန ၵိယ နဲ႔ တ႐ုတ္ တို႔ နယ္ေျမ ပိုင္နက္ အျငင္းပြား တဲ့ ဂယ္ဝန္ ေတာင္ၾကား မွာ လက္ရွိ ထြက္ေပၚလာတဲ့ သတင္း ဓာတ္ပုံေတြ အရ တ႐ုတ္စစ္သား သိန္း ဂဏန္းခန႔္ ေရာက္ရွိေန ၿပီ လို႔ သိရ ပါတယ္ ။ သိန္းဂဏန္း မရွိဘူး ဆိုရင္ ေတာင္ စစ္သည္ အင္အား ( ၅၀၀၀၀ )ေအာက္ မလွ်ိဳေလာက္ဘူး လို႔ သတင္းေတြ က ခန႔္မွန္းေနၾက ပါတယ္။

တ႐ုတ္ စစ္သားေတြဟာ ၿပီးခဲ့တဲ့ ( ၄၈ )နာရီေလာက္ ကတည္း က တဖြဲဖြဲ ေရာက္ ရွိလာၿပီး အသင့္ေဆာက္ လုပ္ထားတဲ့ စစ္စခန္းေတြ မွာ ေနရာယူေနၾက ပါတယ္။ ေနာက္ၿပီး စစ္ေရးေလ့ က်င့္တာေတြ ၊ အုပ္စုလိုက္ အင္အားျပၿပီး ခ်ီတက္တာေတြ လည္း ျပဳလုပ္ေနတာေၾကာင့္ စစ္ေရး ကြၽမ္းက်င္သူေတြ က အခ်ိန္မေ႐ြး စစ္ျဖစ္ႏိုင္ ေၾကာင္း သုံးသပ္ေနၾက ပါ တယ္ ။

ဘာသာျပန္-လင္းသုတ

UNICODE

အိန္ဒိ ယ-တရုတ် နယ်စပ်အကြား တရုတ်စစ်သည် အင်အား သိန်းဂဏန်း နီးပါး တပ်စွဲလာ၊ အချိန်မရွေး စစ်မီးတောက်နိုင် ဟုဆို

အိန ္ဒိယ နဲ့ တရုတ် (၂)ဘက် တပ်တွေကြား ဇွန်လ ( ၁၅ ) ရက် က အချင်းများခဲ့ကြပြီးနောက် ၊ ပြီးခဲ့ တဲ့ ရက်ပိုင်း က စစ်ဘက်ဆိုင်ရာ ထိပ် သီး အရာရှိ တွေ ခေါင်းချင်းဆိုင်ဆွေးနွေး ခဲ့ပြီး၊ ညှိနှိုင်း မှု ပြေလည်ခဲ့ ပါ တယ် ။ သို့သော်လည်း တရုတ်ဘက် က ညှိနှိုင်းမှု ပြေလည် ပြီး နောက် မှာပဲ တပ် အင်အားတွေ လျှို့ဝှက်တိုး ချဲ့ခဲ့ပြီး၊ ပြဿနာ တစ်ခုခု ဖန်တီးဖို့ အတွက် ရည်ရွယ်ပုံ ရပါ တယ် ။ အခုဆို နှစ်ဘက် စစ် တပ်တွေ ရဲ့ ဖိုက်တာဂျက်တွေဟာ သက်ဆိုင်ရာ နယ်နမိတ် မှာ ပျံဝဲနေကြပြီး၊ အချင်းချင်း ကို ရန်စောင်နေကြ ပါတယ်။

တရုတ်-အိန္ဒိယပြဿနာဟာ ကနဦးက ပျော့ပြောင်း သယောင် ရှိခဲ့သော် လည်း တရုတ်က စစ် ကိုပဲ ရွေးချယ်ချင်နေပုံ ရတယ် လို့ ဥရောပ သတင်းစာတွေက ဖော်ပြနေကြ ပါ တယ် ။ တရုတ်ဟာ စစ်ဘက် ဆိုင်ရာ-အင်အားတွေ ကိုသာမက အမြှောက်ယာဉ် ယန္တယားတွေ ကိုပါ ပို့ထား လိုက်ပြီ ဖြစ်တာကြောင့် အချိန်မရွေး ထတောက်နိုင် တဲ့ စစ်မီးဖြစ်ကြောင်း Australian Strategic Policy Institute မှ သုတေသန ပညာရှင် Nathan Ruser က ပြောခဲ့ပါတယ်။

လက်ရှိ ထွက်ပေါ် လာတဲ့ အသံတွေအရ အနောက် စစ် အုပ်စု က အိန္ဒိယ ဘက်ကနေ ကူညီဖို့ မူအားဖြင့် ဆုံးဖြတ် ထားနေကြပြီ လို့ သိရ ပါ တယ် ။ အိန ္ဒိယ နဲ့ တရုတ် တို့ နယ်မြေ ပိုင်နက် အငြင်းပွား တဲ့ ဂယ်ဝန် တောင်ကြား မှာ လက်ရှိ ထွက်ပေါ်လာတဲ့ သတင်း ဓာတ်ပုံတွေ အရ တရုတ်စစ်သား သိန်း ဂဏန်းခန့် ရောက်ရှိနေ ပြီ လို့ သိရ ပါတယ် ။ သိန်းဂဏန်း မရှိဘူး ဆိုရင် တောင် စစ်သည် အင်အား ( ၅၀၀၀၀ )အောက် မလျှိုလောက်ဘူး လို့ သတင်းတွေ က ခန့်မှန်းနေကြ ပါတယ်။

တရုတ် စစ်သားတွေဟာ ပြီးခဲ့တဲ့ ( ၄၈ )နာရီလောက် ကတည်း က တဖွဲဖွဲ ရောက် ရှိလာပြီး အသင့်ဆောက် လုပ်ထားတဲ့ စစ်စခန်းတွေ မှာ နေရာယူနေကြ ပါတယ်။ နောက်ပြီး စစ်ရေးလေ့ ကျင့်တာတွေ ၊ အုပ်စုလိုက် အင်အားပြပြီး ချီတက်တာတွေ လည်း ပြုလုပ်နေတာကြောင့် စစ်ရေး ကျွမ်းကျင်သူတွေ က အချိန်မရွေး စစ်ဖြစ်နိုင် ကြောင်း သုံးသပ်နေကြ ပါ တယ် ။

ဘာသာပြန်-လင်းသုတ

Add a Comment

Your email address will not be published. Required fields are marked *