(၂၀၂၀)ေ႐ြးေကာက္ပြဲတြင္ ပါတီအားလုံး အခြင့္အေရးတန္းတူရရန္ႏွင့္ ဥပေဒအထက္တြင္ မည္သည့္ပါတီမွ်မရွိေစရဟု ေကာ္မရွင္ဥကၠ႒ေျပာ

ေ႐ြးေကာက္ပြဲေကာ္မရွင္၏ ဇြန္ လ ၂၇ ရက္က ေတြ႕ဆုံမႈသည္ ႏိုင္ငံေရးပါတီ ၃၀ ၏ ေတာင္းဆိုမႈေၾကာင့္ မဟုတ္ဘဲ ယခင္စီစဥ္ထားမႈ အ တိုင္း ေတြ႕ ဆုံသည္ဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးလွသိန္းက ေျပာဆိုလိုက္သည္။ ေကာ္မရွင္အေပၚ ေဝဖန္မႈ မ်ားႏွင့္ ပတ္သက္၍လည္း ဦးလွ သိန္းက ေကာ္မရွင္ကို ေဝဖန္ တိုက္ခိုက္ျခင္း ထက္ ျပည္သူမ်ား ကို စည္း႐ုံးျခင္း၊ အခ်ိန္ေပးျခင္း မ်ား ကသာ အ က်ိဳးရွိေၾကာင္းတုံ႔ ျပန္သည္။ ျပည္သူ မ်ားက ေကာ္မရွင္ အေပၚ ယုံၾကည္မႈ ရွိေစရန္ သက္ ေသျပရန္ လိုသည္ဟု ေျပာဆို ခ်က္မ်ားအေပၚ ႏိုင္ငံေရးပါတီ ၉၄ ပါတီကလည္း ျပည္သူမ်ား၏ ယုံၾကည္ရရွိေစရန္၊ အေ႐ြးခ်ယ္ ခံရရန္ သက္ေသျပသင့္ေၾကာင္း ဦးလွသိန္း ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၅ အေထြေထြေ႐ြးေကာက္ ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္သည့္ ၉၁ ပါတီအနက္ ၂၂ ပါတီသာ ေ႐ြးခ်ယ္ခံခဲ့ရၿပီး က်န္ ၆၉ ပါတီ က ရလဒ္သုညထြက္ေပၚခဲ့ကာအႏိုင္မရခဲ့ေၾကာင္း ၎ကဆို သည္။‘‘ကြၽန္ေတာ္တို႔ကို ယုံၾကည္ လာေအာင္ ႀကိဳးစားေနတယ္။ ဆရာတို႔ ဝင္ေရာက္အေ႐ြးခံမယ့္ ၉၄ ပါတီကလည္း အနည္းဆုံး တစ္ေယာက္အေ႐ြးခံရေအာင္၊ မွတ္ေက်ာက္တင္ခံႏိုင္ေအာင္ ႀကိဳးစားေပးပါဦးလို႔ ေမတၱာရပ္ခံ လိုပါတယ္။ တိုက္တြန္းလိုပါ တယ္’’ ဟု ေကာ္မရွင္ဥကၠ႒က ဆက္ေျပာသည္။ေကာ္မရွင္ဥကၠ႒၏ မိန႔္ခြန္း သည္ စိတ္မေကာင္း ဖြယ္ျဖစ္ ေၾကာင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ ၿဖိဳးေရးပါတီ ေျပာခြင့္ရပုဂၢိဳလ္ ေဒါက္တာနႏၵာလွျမင့္က မွတ္ ခ်က္ျပဳသည္။

ေကာ္မရွင္သည္ ႏိုင္ငံေရးပါတီမ်ား၏ အသံကို နား ေထာင္ကာ ပါတီမ်ား၏ အခက္ အခဲမ်ားကို အေကာင္းဆုံးမည္သို႔ ေျဖရွင္း ေဆာင္႐ြက္ မည္လဲဆိုသည့္ လုပ္ ငန္းစဥ္က အေရးႀကီးေၾကာင္း ၎ကေျပာဆိုသည္။လာမည့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္မည့္ ႏိုင္ငံေရးပါတီ ၉၄ ပါတီစလုံး တူညီေသာအခြင့္အေရးရရန္ႏွင့္ ေ႐ြးေကာက္ပြဲဥပေဒ၊ နည္းဥပေဒအထက္တြင္ မည္သည့္ပါတီမွ်မရွိေစရဟု အာမခံေၾကာင္း ဦးလွသိန္းက ေျပာသည္။ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ႏိုင္ငံေရးပါတီမ်ားေတြ႕ဆုံပြဲကို ဇြန္လ ၂၇ ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ Melia Hotel ၌ က်င္းပျပဳလုပ္ရာ ေကာ္မရွင္ဥကၠ႒က ယင္းသို႔ထည့္သြင္းေျပာသည္။

ဆရာတို႔ ႏိုင္ငံေရးပါတီ ေတြ၊ မွတ္ပုံတင္ထားတဲ့ ၉၇ ပါ တီကို ေလးစားေသာအားျဖင့္ ေတြ႕ဆုံပြဲလုပ္တာ။ တန္းတူပဲ။ အႏိုင္ရပါတီ၊ အႏိုင္ မရပါတီ အ ဆင့္အတန္းအတူတူပဲ။ ႀကီးႀကီး ေသးေသး။ ႏိုင္ငံတစ္ဝန္းလုံးစည္း ႐ုံးတဲ့ပါတီျဖစ္ျဖစ္၊ တိုင္းေဒသ ႀကီး၊ ျပည္နယ္စည္း႐ုံးတဲ့ ပါတီ ျဖစ္ျဖစ္ ပါတီဟာ ပါတီပဲ။ ပါတီ ႀကီးမို႔၊ ပါတီေသးမို႔၊ အႏိုင္ရမို႔၊ မရမို႔ အဲဒါေတြ ကြၽန္ေတာ့္တို႔ ေခါင္းထဲမွာမရွိဘူး’’ ဟု ဦးလွ သိန္းက ေျပာသည္။လာမည့္ ၂၀၂၀ ေ႐ြး ေကာက္ပြဲကို ၂၀၁၀ အေထြေထြ ေ႐ြးေကာက္ပြဲႏွင့္ ၂၀၁၅ အေထြ ေထြေ႐ြးေကာက္ပြဲမ်ားထက္ ပိုမို ေကာင္းမြန္ေအာင္လုပ္ေဆာင္ မည္ျဖစ္ၿပီး ျပည္သူမ်ား၏ လိုအင္ ဆႏၵအမွန္ျဖစ္ေစရန္ ႀကိဳးစား မည္ျဖစ္ေၾကာင္း ေျပာ ၾကားသည္။

ၿပီးခဲ့သည့္ သီတင္းပတ္မ်ား အတြင္းက ျပည္ေထာင္စုႀကံ့ခိုင္ ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီက ဦး ေဆာင္ကာ ႏိုင္ငံေရးပါတီ ၃၀ က ေကာ္မရွင္ႏွင့္ ႏိုင္ငံေရးပါတီမ်ား ေတြ႕ဆုံႏိုင္ေရးအတြက္ ေတာင္း ဆိုခဲ့သည္။

REF: 7DAY DAILY

UNICODE

(၂၀၂၀)ရွေးကောက်ပွဲတွင် ပါတီအားလုံး အခွင့်အရေးတန်းတူရရန်နှင့် ဥပဒေအထက်တွင် မည်သည့်ပါတီမျှမရှိစေရဟု ကော်မရှင်ဥက္ကဋ္ဌပြော

ရွေးကောက်ပွဲကော်မရှင်၏ ဇွန် လ ၂၇ ရက်က တွေ့ဆုံမှုသည် နိုင်ငံရေးပါတီ ၃၀ ၏ တောင်းဆိုမှုကြောင့် မဟုတ်ဘဲ ယခင်စီစဉ်ထားမှု အ တိုင်း တွေ့ ဆုံသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောဆိုလိုက်သည်။ ကော်မရှင်အပေါ် ဝေဖန်မှု များနှင့် ပတ်သက်၍လည်း ဦးလှ သိန်းက ကော်မရှင်ကို ဝေဖန် တိုက်ခိုက်ခြင်း ထက် ပြည်သူများ ကို စည်းရုံးခြင်း၊ အချိန်ပေးခြင်း များ ကသာ အ ကျိုးရှိကြောင်းတုံ့ ပြန်သည်။ ပြည်သူ များက ကော်မရှင် အပေါ် ယုံကြည်မှု ရှိစေရန် သက် သေပြရန် လိုသည်ဟု ပြောဆို ချက်များအပေါ် နိုင်ငံရေးပါတီ ၉၄ ပါတီကလည်း ပြည်သူများ၏ ယုံကြည်ရရှိစေရန်၊ အရွေးချယ် ခံရရန် သက်သေပြသင့်ကြောင်း ဦးလှသိန်း ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက် ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ၉၁ ပါတီအနက် ၂၂ ပါတီသာ ရွေးချယ်ခံခဲ့ရပြီး ကျန် ၆၉ ပါတီ က ရလဒ်သုညထွက်ပေါ်ခဲ့ကာအနိုင်မရခဲ့ကြောင်း ၎င်းကဆို သည်။‘‘ကျွန်တော်တို့ကို ယုံကြည် လာအောင် ကြိုးစားနေတယ်။ ဆရာတို့ ဝင်ရောက်အရွေးခံမယ့် ၉၄ ပါတီကလည်း အနည်းဆုံး တစ်ယောက်အရွေးခံရအောင်၊ မှတ်ကျောက်တင်ခံနိုင်အောင် ကြိုးစားပေးပါဦးလို့ မေတ္တာရပ်ခံ လိုပါတယ်။ တိုက်တွန်းလိုပါ တယ်’’ ဟု ကော်မရှင်ဥက္ကဋ္ဌက ဆက်ပြောသည်။ကော်မရှင်ဥက္ကဋ္ဌ၏ မိန့်ခွန်း သည် စိတ်မကောင်း ဖွယ်ဖြစ် ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က မှတ် ချက်ပြုသည်။

ကော်မရှင်သည် နိုင်ငံရေးပါတီများ၏ အသံကို နား ထောင်ကာ ပါတီများ၏ အခက် အခဲများကို အကောင်းဆုံးမည်သို့ ဖြေရှင်း ဆောင်ရွက် မည်လဲဆိုသည့် လုပ် ငန်းစဉ်က အရေးကြီးကြောင်း ၎င်းကပြောဆိုသည်။လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၉၄ ပါတီစလုံး တူညီသောအခွင့်အရေးရရန်နှင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေအထက်တွင် မည်သည့်ပါတီမျှမရှိစေရဟု အာမခံကြောင်း  ဦးလှသိန်းက ပြောသည်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲကို ဇွန်လ ၂၇ ရက်တွင် ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပပြုလုပ်ရာ ကော်မရှင်ဥက္ကဋ္ဌက ယင်းသို့ထည့်သွင်းပြောသည်။

ဆရာတို့ နိုင်ငံရေးပါတီ တွေ၊ မှတ်ပုံတင်ထားတဲ့ ၉၇ ပါ တီကို လေးစားသောအားဖြင့် တွေ့ဆုံပွဲလုပ်တာ။ တန်းတူပဲ။ အနိုင်ရပါတီ၊ အနိုင် မရပါတီ အ ဆင့်အတန်းအတူတူပဲ။ ကြီးကြီး သေးသေး။ နိုင်ငံတစ်ဝန်းလုံးစည်း ရုံးတဲ့ပါတီဖြစ်ဖြစ်၊ တိုင်းဒေသ ကြီး၊ ပြည်နယ်စည်းရုံးတဲ့ ပါတီ ဖြစ်ဖြစ် ပါတီဟာ ပါတီပဲ။ ပါတီ ကြီးမို့၊ ပါတီသေးမို့၊ အနိုင်ရမို့၊ မရမို့ အဲဒါတွေ ကျွန်တော့်တို့ ခေါင်းထဲမှာမရှိဘူး’’ ဟု ဦးလှ သိန်းက ပြောသည်။လာမည့် ၂၀၂၀ ရွေး ကောက်ပွဲကို ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲများထက် ပိုမို ကောင်းမွန်အောင်လုပ်ဆောင် မည်ဖြစ်ပြီး ပြည်သူများ၏ လိုအင် ဆန္ဒအမှန်ဖြစ်စေရန် ကြိုးစား မည်ဖြစ်ကြောင်း ပြော ကြားသည်။

ပြီးခဲ့သည့် သီတင်းပတ်များ အတွင်းက ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦး ဆောင်ကာ နိုင်ငံရေးပါတီ ၃၀ က ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံနိုင်ရေးအတွက် တောင်း ဆိုခဲ့သည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *