




REF: MINISTRY OF HEALTH

(၂၈-၆-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီCOVID-19 အတည်ပြုလူနာသစ်(၃)ဦး တွေ့ရှိကြောင်းသတင်းထုတ်ပြန်

(၂၇-၆-၂၀၂၀)ရက် နေ့ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအနေ ဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်နှင့် ဒုတိယ အသုတ်) ဓာတ်ခွဲနမူနာ(၁,၁၂၈)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၉၂)ခု၊

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay)မှ ဓာတ်ခွဲ နမူနာ (၂၇၈) ခု၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲ နမူနာ (၂၅၂)ခု နှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် – ၁၀၀၀ )မှ ဓာတ်ခွဲနမူနာ (၁၅)ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၉၆၅)ခုအား စစ်ဆေး ပြီးစီးခဲ့ပါသည်။

(၂၇-၆-၂၀၂၀)ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ဒု တိယအသုတ်) ဓာတ်ခွဲနမူနာ (၅၆၃)ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၅၂)ခု၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် – ၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၁၅)ခု၊

စုစုပေါင်း ဓာတ်ခွဲနမူနာ (၈၃၀)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၃)ဦး တွေ့ရှိခဲ့ပါသည်။ (၂၈-၆- ၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံ တွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာ (၂၉၆) ဦး ရှိပါသည်။

REF:   MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *