COVID 19 ေၾကာင့္ မတည္ၿငိမ္မႈမ်ားက လူကုန္ကူးမႈကို ျမင့္တက္ေစေၾကာင္း အေမရိကန္က သတိေပး ေျပာဆို

အေမရိကန္ ၏ လူကုန္ကူးမႈ ဆိုင္ရာ အမည္ပ်က္ စာရင္းတြင္ ေဖာ္ျပခံရ သည့္ ႏိုင္ငံ မ်ား သည္ ထိုမေကာင္း မႈအား တိုက္ဖ်က္ရန္ လုံေလာက္စြာ လုပ္ ေဆာင္ခဲ့ျခင္းမရွိဟု သတ္မွတ္ခံရသည္။ ယင္းစာရင္းတြင္ ေဖာ္ျပခံရသည့္ႏိုင္ငံမ်ားအား အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံ ေငြအဖြဲ႕ကဲ့သို႔ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားမွတစ္ဆင့္ ေပးအပ္ေသာ အကူအညီမ်ားအား အေမရိကန္က ကန႔္သတ္ျခင္း သို႔မဟုတ္ ႐ုပ္သိမ္းျခင္းႏွစ္ခု စလုံးကို ခ်မွတ္ ၍ အေရးယူ ႏိုင္ သည္။

တ႐ုတ္ ၊ အီရန္ ၊ ေျမာက္ ကိုရီးယား၊ ႐ုရွား ၊ ဆီးရီး ယားႏွင့္ ဗင္နီဇြဲလား တို႔ အပါ အဝင္ ႏိုင္ ငံ ေပါင္း (၁၅)ႏိုင္ငံ ပါဝင္ သည့္ လူကုန္ ကူးမႈဆိုင္ ရာ အဆိုး႐ြားဆုံး ႏိုင္ငံ မ်ားစာရင္း ထဲ သို႔ ေနာက္ထပ္ေလးႏိုင္ငံ ထည့္ ေပါင္းခဲ့ျခင္းျဖစ္သည္။ အေမရိကန္၏ မဟာမိတ္ ေဆာ္ဒီအာေရဗ် သည္ ထို အမည္္ ပ်က္စာရင္းမွ ဖယ္ရွား ခံရၿပီး ရွားရွားပါးပါး လုပ္ရပ္အျဖစ္ အိုင္ယာ လန္ႏွင့္ ေဟာင္ေကာင္ တို႔ သည္ ေစာင့္ၾကည့္ အဆင့္ Tier 2 တြင္ ေဖာ္ျပခံ ခဲ့ ရ သည္ ။

ကမာၻ တစ္ဝန္း ကို႐ိုနာ ဗိုင္းရပ္စ္ ကပ္ေရာဂါ ျဖစ္ပြားမႈ ေၾကာင့္ ျဖစ္ေပၚခဲ့ ေသာ မတည္ ၿငိမ္မႈ မ်ားက လူကုန္ ကူးမႈ ျမင့္တက္ ေစရန္ လမ္း ပြင့္ ေစခဲ့ေၾကာင္း အေမရိကန္ က ဇြန္ (၂၅)တြင္ သတိေပး ခဲ့သည္ ။ လူကုန္ ကူးမႈႏွင့္ ပတ္သက္ ၍ ႏွစ္စဥ္ ထုတ္ျပန္ေန က် အစီရင္ ခံစာ တြင္ အေမရိကန္ က အာဖဂန္ နစၥတန္၊ အယ္လ္ ဂ်ီးရီးယား၊ လီဆို သိုႏွင့္ နီကာရာဂြါ တို႔အား အမည္ ပ်က္စာရင္း ထည့္သြင္း ခဲ့ သည္။

လူကုန္ ကူးမႈအား တိုက္ဖ်က္ရန္ အတြက္ အေရးေပၚ လုပ္ ေဆာင္ ရမႈက အၿမဲတမ္း ရွိေနစဥ္ COVID 19 ကပ္ ေရာဂါ ၏ သက္ေရာက္ မႈေၾကာင့္ သက္ဆိုင္သူမ်ား အားလုံး သည္ လူကုန္ ကူးမႈ အား တိုးျမႇင့္တိုက္ ဖ်က္ရန္ အတြက္ ယခင္ ကထက္ ပိုမိုပူးေပါင္းရ ေတာ့မည္ ျဖစ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး မိုက္ပြန္ပီယိုက ထိုအစီရင္ ခံစာ ထုတ္ျပန္ စဥ္ ေျပာ ၾကားခဲ့ သည္။

လူကုန္ ကူး သူမ်ားသည္ ခုခံကာကြယ္ ႏိုင္စြမ္း အနည္းဆုံး သူမ်ားအား လိုက္လံ ရွာေဖြၿပီး ၎တို႔ အား အျမတ္ ထုတ္ႏိုင္ရန္ အေကာင္း ဆုံး အခြင့္အ ေရးမ်ားကို ရွာေဖြ ခဲ့ၾက ေၾကာင္း ၎က ေျပာၾကားခဲ့သည္။ ကပ္ေရာဂါေၾကာင့္ မတည္ၿငိမ္မႈမ်ားႏွင့္ အလြန္အမင္း အ ေရး ႀကီးေသာဝန္ေဆာင္မႈမ်ားအား အသုံးျပဳႏိုင္ျခင္း မရွိမႈတို႔ေၾကာင့္ လူကုန္ကူးသူမ်ား၏ အျမတ္ထုတ္ခံရေသာ ခုခံကာကြယ္ႏိုင္စြမ္း အနည္း ဆုံးသူ အေရအ တြက္ အလ်င္ အျမန္ျမင့္ တက္ လာေၾကာင္း ပြန္ပီယို က ေျပာ ၾကား ခဲ့ သည္။

လူကုန္ ကူးသူမ်ား သည္ ကပ္ေရာဂါ ကာလ အတြင္း ရပ္နား သြားျခင္း မရွိဘဲ လူမ်ား အား ထိခိုက္ ေစရန္ႏွင့္ နည္းလမ္း မ်ားအား ဆန္း သစ္ ရန္၊ ကပ္ေရာဂါ ေၾကာင့္ ဝ႐ုန္းသုန္း ကားျဖစ္မႈ အား အျမတ္ထုတ္ရန္ ပင္ ဆက္လက္ ႀကိဳးပမ္း ေနၾက ေၾကာင္း လူကုန္ကူး မႈ တိုက္ဖ်က္ေရးဆိုင္ ရာ အေမရိကန္ ၏ အထူး တာဝန္ အပ္ႏွင္း ခံရသူ ဂြၽန္ရစ္ခ်္မြန္း ကလည္း ေျပာၾကား ခဲ့ သည္။

crd; Eleven media

UNICODE

COVID 19 ကြောင့် မတည်ငြိမ်မှုများက လူကုန်ကူးမှုကို မြင့်တက်စေကြောင်း အမေရိကန်က သတိပေး ပြောဆို

အမေရိကန် ၏ လူကုန်ကူးမှု ဆိုင်ရာ အမည်ပျက် စာရင်းတွင် ဖော်ပြခံရ သည့် နိုင်ငံ များ သည် ထိုမကောင်း မှုအား တိုက်ဖျက်ရန် လုံလောက်စွာ လုပ် ဆောင်ခဲ့ခြင်းမရှိဟု သတ်မှတ်ခံရသည်။ ယင်းစာရင်းတွင် ဖော်ပြခံရသည့်နိုင်ငံများအား အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများမှတစ်ဆင့် ပေးအပ်သော အကူအညီများအား အမေရိကန်က ကန့်သတ်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းနှစ်ခု စလုံးကို ချမှတ် ၍ အရေးယူ နိုင် သည်။

တရုတ် ၊ အီရန် ၊ မြောက် ကိုရီးယား၊ ရုရှား ၊ ဆီးရီး ယားနှင့် ဗင်နီဇွဲလား တို့ အပါ အဝင် နိုင် ငံ ပေါင်း (၁၅)နိုင်ငံ ပါဝင် သည့် လူကုန် ကူးမှုဆိုင် ရာ အဆိုးရွားဆုံး နိုင်ငံ များစာရင်း ထဲ သို့ နောက်ထပ်လေးနိုင်ငံ ထည့် ပေါင်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်၏ မဟာမိတ် ဆော်ဒီအာရေဗျ သည် ထို အမည်် ပျက်စာရင်းမှ ဖယ်ရှား ခံရပြီး ရှားရှားပါးပါး လုပ်ရပ်အဖြစ် အိုင်ယာ လန်နှင့် ဟောင်ကောင် တို့ သည် စောင့်ကြည့် အဆင့် Tier 2 တွင် ဖော်ပြခံ ခဲ့ ရ သည် ။

ကမ္ဘာ တစ်ဝန်း ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားမှု ကြောင့် ဖြစ်ပေါ်ခဲ့ သော မတည် ငြိမ်မှု များက လူကုန် ကူးမှု မြင့်တက် စေရန် လမ်း ပွင့် စေခဲ့ကြောင်း အမေရိကန် က ဇွန် (၂၅)တွင် သတိပေး ခဲ့သည် ။ လူကုန် ကူးမှုနှင့် ပတ်သက် ၍ နှစ်စဉ် ထုတ်ပြန်နေ ကျ အစီရင် ခံစာ တွင် အမေရိကန် က အာဖဂန် နစ္စတန်၊ အယ်လ် ဂျီးရီးယား၊ လီဆို သိုနှင့် နီကာရာဂွါ တို့အား အမည် ပျက်စာရင်း ထည့်သွင်း ခဲ့ သည်။

လူကုန် ကူးမှုအား တိုက်ဖျက်ရန် အတွက် အရေးပေါ် လုပ် ဆောင် ရမှုက အမြဲတမ်း ရှိနေစဉ် COVID 19 ကပ် ရောဂါ ၏ သက်ရောက် မှုကြောင့် သက်ဆိုင်သူများ အားလုံး သည် လူကုန် ကူးမှု အား တိုးမြှင့်တိုက် ဖျက်ရန် အတွက် ယခင် ကထက် ပိုမိုပူးပေါင်းရ တော့မည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုက ထိုအစီရင် ခံစာ ထုတ်ပြန် စဉ် ပြော ကြားခဲ့ သည်။

လူကုန် ကူး သူများသည် ခုခံကာကွယ် နိုင်စွမ်း အနည်းဆုံး သူများအား လိုက်လံ ရှာဖွေပြီး ၎င်းတို့ အား အမြတ် ထုတ်နိုင်ရန် အကောင်း ဆုံး အခွင့်အ ရေးများကို ရှာဖွေ ခဲ့ကြ ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကပ်ရောဂါကြောင့် မတည်ငြိမ်မှုများနှင့် အလွန်အမင်း အ ရေး ကြီးသောဝန်ဆောင်မှုများအား အသုံးပြုနိုင်ခြင်း မရှိမှုတို့ကြောင့် လူကုန်ကူးသူများ၏ အမြတ်ထုတ်ခံရသော ခုခံကာကွယ်နိုင်စွမ်း အနည်း ဆုံးသူ အရေအ တွက် အလျင် အမြန်မြင့် တက် လာကြောင်း ပွန်ပီယို က ပြော ကြား ခဲ့ သည်။

လူကုန် ကူးသူများ သည် ကပ်ရောဂါ ကာလ အတွင်း ရပ်နား သွားခြင်း မရှိဘဲ လူများ အား ထိခိုက် စေရန်နှင့် နည်းလမ်း များအား ဆန်း သစ် ရန်၊ ကပ်ရောဂါ ကြောင့် ဝရုန်းသုန်း ကားဖြစ်မှု အား အမြတ်ထုတ်ရန် ပင် ဆက်လက် ကြိုးပမ်း နေကြ ကြောင်း လူကုန်ကူး မှု တိုက်ဖျက်ရေးဆိုင် ရာ အမေရိကန် ၏ အထူး တာဝန် အပ်နှင်း ခံရသူ ဂျွန်ရစ်ချ်မွန်း ကလည်း ပြောကြား ခဲ့ သည်။

crd; Eleven media

Add a Comment

Your email address will not be published. Required fields are marked *