ကိုဗစ္ေၾကာင့္ STAY AT HOME သတ္မွတ္ ထားသည့္ ၿမိဳ႕နယ္ အားလုံးကို ယခု လကုန္ ေျဖေလွ်ာ့ေပး လိုက္ၿပီ

ကိုဗစ္-၁၉ ေရာဂါ မျပန႔္ပြားေစဖို႔ ထိထိေရာက္ေရာက္ လုပ္ႏိုင္မယ္ဆိုရင္ ေနာက္ ၁ လ၊ ၂ လေလာက္ အတြင္းမွာ ကိုဗစ္-၁၉ ဒုတိယလႈိင္း ကို တားဆီး ႏိုင္မယ္လို႔ ေမွ်ာ္လင့္ရၿပီး ေရာဂါ လကၡဏာ လုံးလုံးမျပဘဲ ကူးစက္ခံေနရသူေတြ မ်ားတာေၾကာင့္ အထူး သတိထားဖို႔လိုတယ္ လို႔လည္း ဆိုပါတယ္။ဒါအျပင္ ျပည္သူေတြအေနနဲ႔ လက္ကို ခဏခဏ ေဆးဖို႔ မေမ့ဖို႔နဲ႔ မေပါ့ဆဖို႔လည္း ထမ္မံ သတိေပး တိုက္တြန္းထား ပါတယ္။

အိမ္မွာေနရတဲ့ကာလေတြအတြင္းမွာ အြန္လိုင္းကေန အေရာင္း အဝယ္ေတြ ျမင့္လာတယ္လို႔ သိရၿပီး ဒါဟာ လူေတြရဲ႕ အေျခအေနသစ္ လိုအပ္ခ်က္အရ ေျပာင္းလဲ ႏိုင္တာကို ျပတာပဲ လို႔လည္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ေျပာပါတယ္။အိမ္မွာပဲ ေနၾကဖို႔ ၫႊန္ၾကားခ်က္ ထုတ္ထားတဲ့ ၿမိဳ႕နယ္အားလုံးကိုဒီလကုန္မွာ ေျဖေလွ်ာ့ေပးလိုက္ၿပီလို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ကိုဗစ္-၁၉ ေရာဂါျပန႔္ပြားတာကို ကာကြယ္ႏိုင္ဖို႔အတြက္ ၂ ပတ္တႀကိမ္ အေျခအေနေတြကို သုံးသပ္ၿပီး၊ ဆက္လက္ထိန္းသိမ္း ထားရမယ့္ စည္းမ်ဥ္းေတြ၊ ေျဖေလွ်ာ့သင့္တာေတြ၊ ျမႇင့္တင္သင့္တာေတြကို ဆုံးျဖတ္ရတယ္လို႔ သူ႔ရဲ႕ေဖ့စ္ဘုတ္ကေန ေရးသားေဖာ္ျပလိုက္တာပါ။ အစ ကေတာ့ ရန္ကုန္နဲ႔ စစ္ကိုင္းတိုင္း က ၿမိဳ႕နယ္ ၁၁ ခုမွာ မိမိေနအိမ္မွာ ေနထိုင္ေရး(Stay at Home)အစီအစဥ္ သတ္မွတ္ ထားခဲ့တာျဖစ္ ပါတယ္။

အခုလို ေျဖေလွ်ာ့ေပး လာတာေတြေၾကာင့္ လက္ရွိမွာ ရန္ကုန္တိုင္းက အင္းစိန္ တၿမိဳ႕နယ္ပဲ က်န္ေတာ့တာပါ။လူစုလူေဝးျဖစ္ေစႏိုင္မယ့္ ကိစၥေတြကိုေတာ့ ဆက္လက္ ပိတ္ပင္ ထားၿပီး ေဈးေတြလို တျခားသူေတြနဲ႔ အခ်ိန္ခပ္ ၾကာၾကာထိေတြ႕ႏိုင္တဲ့ေနရာေတြမွာ Mask တပ္ဖို႔ အထူးအေရးႀကီးတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

crd : panpyoelat

UNICODE

ကိုဗစ်ကြောင့် STAY AT HOME သတ်မှတ် ထားသည့် မြို့နယ် အားလုံးကို ယခု လကုန် ဖြေလျှော့ပေး လိုက်ပြီ

ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားစေဖို့ ထိထိရောက်ရောက် လုပ်နိုင်မယ်ဆိုရင် နောက် ၁ လ၊ ၂ လလောက် အတွင်းမှာ ကိုဗစ်-၁၉ ဒုတိယလှိုင်း ကို တားဆီး နိုင်မယ်လို့ မျှော်လင့်ရပြီး ရောဂါ လက္ခဏာ လုံးလုံးမပြဘဲ ကူးစက်ခံနေရသူတွေ များတာကြောင့် အထူး သတိထားဖို့လိုတယ် လို့လည်း ဆိုပါတယ်။ဒါအပြင် ပြည်သူတွေအနေနဲ့ လက်ကို ခဏခဏ ဆေးဖို့ မမေ့ဖို့နဲ့ မပေါ့ဆဖို့လည်း ထမ်မံ သတိပေး တိုက်တွန်းထား ပါတယ်။

အိမ်မှာနေရတဲ့ကာလတွေအတွင်းမှာ အွန်လိုင်းကနေ အရောင်း အဝယ်တွေ မြင့်လာတယ်လို့ သိရပြီး ဒါဟာ လူတွေရဲ့ အခြေအနေသစ် လိုအပ်ချက်အရ ပြောင်းလဲ နိုင်တာကို ပြတာပဲ လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။အိမ်မှာပဲ နေကြဖို့ ညွှန်ကြားချက် ထုတ်ထားတဲ့ မြို့နယ်အားလုံးကိုဒီလကုန်မှာ ဖြေလျှော့ပေးလိုက်ပြီလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါပြန့်ပွားတာကို ကာကွယ်နိုင်ဖို့အတွက် ၂ ပတ်တကြိမ် အခြေအနေတွေကို သုံးသပ်ပြီး၊ ဆက်လက်ထိန်းသိမ်း ထားရမယ့် စည်းမျဉ်းတွေ၊ ဖြေလျှော့သင့်တာတွေ၊ မြှင့်တင်သင့်တာတွေကို ဆုံးဖြတ်ရတယ်လို့ သူ့ရဲ့ဖေ့စ်ဘုတ်ကနေ ရေးသားဖော်ပြလိုက်တာပါ။ အစ ကတော့ ရန်ကုန်နဲ့ စစ်ကိုင်းတိုင်း က မြို့နယ် ၁၁ ခုမှာ မိမိနေအိမ်မှာ နေထိုင်ရေး(Stay at Home)အစီအစဉ် သတ်မှတ် ထားခဲ့တာဖြစ် ပါတယ်။

အခုလို ဖြေလျှော့ပေး လာတာတွေကြောင့် လက်ရှိမှာ ရန်ကုန်တိုင်းက အင်းစိန် တမြို့နယ်ပဲ ကျန်တော့တာပါ။လူစုလူဝေးဖြစ်စေနိုင်မယ့် ကိစ္စတွေကိုတော့ ဆက်လက် ပိတ်ပင် ထားပြီး ဈေးတွေလို တခြားသူတွေနဲ့ အချိန်ခပ် ကြာကြာထိတွေ့နိုင်တဲ့နေရာတွေမှာ Mask တပ်ဖို့ အထူးအရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

crd :  panpyoelat

Add a Comment

Your email address will not be published.