




Source- AFP

UNICODE

ကိုဗစ် ဒုတိယလှိုင်း ရိုက်ခတ်မှု ဒဏ် စတင် ခံစားနေရပြီ ဖြစ်တဲ့ တရုတ်ပြည်ကြီး အကြောင်း

တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ကို ကောင်းစွာထိန်းချုပ်နိုင်ခဲ့ပြီးနောက် မကြာသေးခင်ရက်သတ္တ ပတ်များအတွင်းက ပေကျင်းမြို့မှာ ရောဂါထပ်မံ ကူးစက်ခံရ သူ ရာနှင့်ချီတွေ့ရှိခဲ့ပြီး အိမ်နီးချင်း ဟူပေပြည်နယ်မှာ လည်း ရောဂါကူးစက်မှုများ ထပ်မံပေါ် ထွက်လာခဲ့ကြောင်းသိရပါတယ်။

ပေကျင်းမြို့မှ မိုင်ပေါင်း ၉၀အကွာရှိ အန်ကျင်ခရိုင်ကိုအဝင်အထွက်ကန့်သတ်ပိတ်ဆို့မှုပြုလုပ်ကာ ရောဂါထိန်းချုပ်ရေး ဆောင်ရွက်ထား ကြောင်း ကျန်းမာရေး အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ကန့်သတ်ပိတ်ဆို့မှုပြု လုပ်ထားတဲ့ နေရာများမှာ အိမ်ထောင်စု တစ်စုလျှင် မိသားစုဝင်တစ်ဦးကိုသာအစားအသောက်နှင့်ဆေးဝါးကဲ့သို့ မရှိမဖြစ်လိုအပ်တဲ့ အရာများကိုပဲ ဝယ်ယူခွင့်ပြုထားပါတယ်။

တစ်ရက် မှာတစ်ကြိမ်ပဲအပြင်ထွက်ဝယ်ခွင့်ပြုထားပါတယ်။ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပေကျင်းမြို့မှာ ကိုဗစ်-၁၉ ကူးစက် ခံရသူ နောက်ထပ် ၁၄ဦးပေါ်ထွက်လာပြီးနောက်ပိုင်းမှာဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် ကန့်သတ် ပိတ်ဆို့မှုများ လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်းပါ။ တရုတ်နိုင် ငံ ပေကျင်းမြို့မှာ ကိုဗစ်-၁၉ အစု လိုက်ကူးစက်မှုများတွေ့ရှိ ထားလို့ နိုင်ငံတစ်ဝန်း ရှိ ပြည်သူ ငါးသိန်းခန့် ကန့်သတ် ပိတ်ဆို့ထားပါတယ်

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကိုဗစ် – ၁၉ အစုလိုက် ကူးစက်ခံရမှုများ ထိန်းချုပ်နိုင်ဖို့ မြို့တော်အနီးအနားမှာရှိတဲ့ ပြည်နယ် တစ်ခုက ပြည် သူငါးသိန်းနီးပါးကို အဝင်အထွက်ကန့်သတ်ပိတ်ဆို့ ထားပါတယ်။ အာဏာပိုင်များက ကိုဗစ်-၁၉ ရောဂါကူးစက်မှုဆက်လက် အရှိန် မြင့်နေ ဆဲဖြစ်ကြောင်းနဲ့နောက်ဆက်တွဲ ထိခိုက်မှုများဖြစ်ပေါ်နေဆဲဖြစ်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့တယ်။

Source- AFP

Add a Comment

Your email address will not be published. Required fields are marked *