ဆိုင္ကယ္စီး စုံတြဲအား ပစ္ခတ္ရာတြင္ အသုံးျပဳခဲ့သည့္ ေသနတ္မွာ ေက်ာင္းဆရာမ အၿငိမ္းစား တစ္ဦးထံမွ ရရွိ၍ ၎ကိုပါ အေရးယူ

ေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္စဥ္ႏွင့္ပ တ္သက္၍ ဖခင္ျဖစ္သူက ေအာင္ေျမသာစံၿမိဳ႕နယ္ အမွတ္ (၂) နယ္ေျမရဲစခန္းတြင္ ရာဇသတ္ႀကီး ဥပ ေဒ ပုဒ္မ ၃၀၇/၃၂၆ ျဖင့္ အမႈဖြင့္ထားၿပီး စစ္ေဆးလ်က္ရွိသလို ေသနတ္ပိုင္ရွင္ျဖစ္သူ ဆရာမကိုလည္း လက္နက္မႈျဖင့္ စစ္ေဆးအေရး ယူ ရန္ ေဆာင္႐ြက္လ်က္ရွိသည္ဟု စုံစမ္းသိရသည္။မႏၲေလးၿမိဳ႕တြင္ ဆိုင္ကယ္စီးလာသူ စုံတြဲအား ရည္းစားေဟာင္းမွ ေသနတ္ျဖင့္ ပစ္ခတ္ မႈ တြင္ သုံးခဲ့သည့္ေသနတ္မွာ ေက်ာင္းဆရာမ အၿငိမ္းစားတစ္ဦးထံမွ ရရွိသျဖင့္ ၎ကိုပါ အေရးယူစစ္ေဆး ေနေၾကာင္း သတင္းရရွိသည္။

ထို႔ျပင္ အဆိုပါ အမႈတြင္ က်ဴးလြန္သူမ်ားအနက္ အသက္မျပည့္ေသးသူမ်ား ပါဝင္ေၾကာင္း သိရသည္။ေသနတ္ပစ္မႈက်ဳးလြန္သူ ေမာင္…မွာ ၁၉ ႏွစ္ႏွင့္ ပါဝင္ခဲ့သူ သုံးဦးမွာ ၁၆ ႏွစ္ႏွင့္ ၂၀ ႏွစ္ အ႐ြယ္မ်ား ျဖစ္ၾကေၾကာင္း သိရသည္။ ေသနတ္က ဘယ္ကရလဲဆိုေတာ့ ဆရာမထဲ ကရတာလို႔ သိရတယ္။ ဆရာမကလည္း ဘယ္ကရတာလဲဆိုေတာ့ သူ႔အေဖဆီကရတယ္လို႔ သိရတယ္။ သူ႔အေဖက လဝကက။ တရားဝင္ ကိုင္တယ္လို႔ ေျပာတယ္။ အဲဒါကေတာ့ ျဖစ္ႏိုင္မျဖစ္ႏိုင္စုံစမ္းရမွာေပါ့။ သူ႔အေဖကလည္းဆုံးသြားၿပီ။ အဲလို အေျခေနေတာ့ရွိတယ္။

မၿပီး ေသးဘူးေပါ့ စစ္ေနတာက။ အဲေတာ့ စစ္ေဆးေပၚေပါက္ခ်က္အရ ဥပေဒအႀကံေတာင္းၿပီးမွ အမႈစြဲဆိုတာေတြ လုပ္ရမွာေပါ့။ အတိက် ေတာ့ ေျပာမရေသးဘူး။ ဘာလက္နက္ကိုင္ အဖြဲ႕နဲ႔မွလည္း မဆိုင္ဘူး။ ေသာင္းက်န္းသူနဲ႔လည္း မဆိုင္ဘူး။ ဆရာမဆီကရတာပဲ။ ဆရာမ‌ အေဖက လိုင္စင္နဲ႔ ကိုင္ခဲ့တယ္လို႔ သိရတယ္။ ေလာေလာဆယ္က အဲဒါပဲ” ဟု မႏၲေလးတိုင္း ဒုတိယရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီးေမာင္ေမာင္ ေအးက ေျပာၾကားခဲ့သည္။ဇြန္လ ၂၇ ရက္ ည ၈ နာရီဝန္းက်င္ခန႔္က ၂၆ ဘီလမ္း ၇၈ လမ္းႏွင့္ ၇၉ လမ္းၾကားတြင္ ဆိုင္ကယ္စီးလာသည့္ ေမာင္မိုးဟိန္းတို႔စုံတြဲအား အနီးကပ္ေဘးမွရွိသည့္ အမ်ိဳးသားႏွစ္ဦးစီးလာသည့္ အျခားဆိုင္ကယ္ေပၚမွေန၍ ပစ္ခတ္ခဲ့ျခင္းျဖစ္သည္။

ထိုကဲ့သို႔ ဆိုင္ကယ္စီး လာသူ စုံတြဲအားေသနတ္ျဖင့္ ပစ္ခတ္မႈက်ဴးလြန္သူမွာ ေကာင္မေလး၏ ရည္းစားေဟာင္းျဖစ္ေၾကာင္း သိရၿပီး က်ဴးလြန္ရာတြင္ ပါဝင္ခဲ့သူ ေလးဦးကို တစ္ရက္အတြင္း ဖမ္းမိခဲ့သည္။က်ေနာ့သားေလးက ဆိုင္ကယ္ ေမာင္းလာတာ။ သူ႔ေနာက္မွာ ေကာင္မေလးက ထိုင္လိုက္လာတယ္။ အဲဒီအခ်ိန္ ေဘးအနားကဆိုင္ကယ္ေပၚကေန ေသနတ္နဲ႔ အနားကပ္ၿပီး ေတ့ပစ္သြားတာပါ။ နံၾကားထဲဝင္သြားတာ။ က်ည္ဆန္ဝင္သြားေပမယ့္ အသက္အႏၲရာယ္ မစိုးရိမ္ရပါဘူး။

ခြဲစိတ္ဖို႔ ေဆာင္႐ြက္ေန ပါတယ္။ စပစ္ခံရကတည္းက သတိလည္းလစ္မသြားဘဲ ဆိုင္ကယ္နဲ႔ အိမ္ကို ျပန္လာေသးတယ္” ဟု ေသနတ္ ျဖင့္ ပစ္ခတ္ခံရသူ၏ဖခင္ ဦးခင္ေမာင္လြင္ကလည္း ေျပာၾကားခဲ့သည္။

ေလးစားမႈျဖင့္ ခရစ္ဒက္ EMG

UNICODE

ဆိုင်ကယ်စီး စုံတွဲအား ပစ်ခတ်ရာတွင် အသုံးပြုခဲ့သည့် သေနတ်မှာ ကျောင်းဆရာမ အငြိမ်းစား တစ်ဦးထံမှ ရရှိ၍ ၎င်းကိုပါ အရေးယူ

သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်နှင့်ပ တ်သက်၍ ဖခင်ဖြစ်သူက အောင်မြေသာစံမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပ ဒေ ပုဒ်မ ၃၀၇/၃၂၆ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးလျက်ရှိသလို သေနတ်ပိုင်ရှင်ဖြစ်သူ ဆရာမကိုလည်း လက်နက်မှုဖြင့် စစ်ဆေးအရေး ယူ ရန် ဆောင်ရွက်လျက်ရှိသည်ဟု စုံစမ်းသိရသည်။မန္တလေးမြို့တွင် ဆိုင်ကယ်စီးလာသူ စုံတွဲအား ရည်းစားဟောင်းမှ သေနတ်ဖြင့် ပစ်ခတ် မှု တွင် သုံးခဲ့သည့်သေနတ်မှာ ကျောင်းဆရာမ အငြိမ်းစားတစ်ဦးထံမှ ရရှိသဖြင့် ၎င်းကိုပါ အရေးယူစစ်ဆေး နေကြောင်း သတင်းရရှိသည်။

ထို့ပြင် အဆိုပါ အမှုတွင် ကျူးလွန်သူများအနက် အသက်မပြည့်သေးသူများ ပါဝင်ကြောင်း သိရသည်။သေနတ်ပစ်မှုကျုးလွန်သူ မောင်…မှာ ၁၉ နှစ်နှင့် ပါဝင်ခဲ့သူ သုံးဦးမှာ ၁၆ နှစ်နှင့် ၂၀ နှစ် အရွယ်များ ဖြစ်ကြကြောင်း သိရသည်။ သေနတ်က ဘယ်ကရလဲဆိုတော့ ဆရာမထဲ ကရတာလို့ သိရတယ်။ ဆရာမကလည်း ဘယ်ကရတာလဲဆိုတော့ သူ့အဖေဆီကရတယ်လို့ သိရတယ်။ သူ့အဖေက လဝကက။ တရားဝင် ကိုင်တယ်လို့ ပြောတယ်။ အဲဒါကတော့ ဖြစ်နိုင်မဖြစ်နိုင်စုံစမ်းရမှာပေါ့။ သူ့အဖေကလည်းဆုံးသွားပြီ။ အဲလို အခြေနေတော့ရှိတယ်။

မပြီး သေးဘူးပေါ့ စစ်နေတာက။ အဲတော့ စစ်ဆေးပေါ်ပေါက်ချက်အရ ဥပဒေအကြံတောင်းပြီးမှ အမှုစွဲဆိုတာတွေ လုပ်ရမှာပေါ့။ အတိကျ တော့ ပြောမရသေးဘူး။ ဘာလက်နက်ကိုင် အဖွဲ့နဲ့မှလည်း မဆိုင်ဘူး။ သောင်းကျန်းသူနဲ့လည်း မဆိုင်ဘူး။ ဆရာမဆီကရတာပဲ။ ဆရာမ‌ အဖေက လိုင်စင်နဲ့ ကိုင်ခဲ့တယ်လို့ သိရတယ်။ လောလောဆယ်က အဲဒါပဲ” ဟု မန္တလေးတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင် အေးက ပြောကြားခဲ့သည်။ဇွန်လ ၂၇ ရက် ည ၈ နာရီဝန်းကျင်ခန့်က ၂၆ ဘီလမ်း ၇၈ လမ်းနှင့် ၇၉ လမ်းကြားတွင် ဆိုင်ကယ်စီးလာသည့် မောင်မိုးဟိန်းတို့စုံတွဲအား အနီးကပ်ဘေးမှရှိသည့် အမျိုးသားနှစ်ဦးစီးလာသည့် အခြားဆိုင်ကယ်ပေါ်မှနေ၍ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ဆိုင်ကယ်စီး လာသူ စုံတွဲအားသေနတ်ဖြင့် ပစ်ခတ်မှုကျူးလွန်သူမှာ ကောင်မလေး၏ ရည်းစားဟောင်းဖြစ်ကြောင်း သိရပြီး ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ လေးဦးကို တစ်ရက်အတွင်း ဖမ်းမိခဲ့သည်။ကျနော့သားလေးက ဆိုင်ကယ် မောင်းလာတာ။ သူ့နောက်မှာ ကောင်မလေးက ထိုင်လိုက်လာတယ်။ အဲဒီအချိန် ဘေးအနားကဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ အနားကပ်ပြီး တေ့ပစ်သွားတာပါ။ နံကြားထဲဝင်သွားတာ။ ကျည်ဆန်ဝင်သွားပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။

ခွဲစိတ်ဖို့ ဆောင်ရွက်နေ ပါတယ်။ စပစ်ခံရကတည်းက သတိလည်းလစ်မသွားဘဲ ဆိုင်ကယ်နဲ့ အိမ်ကို ပြန်လာသေးတယ်” ဟု သေနတ် ဖြင့် ပစ်ခတ်ခံရသူ၏ဖခင် ဦးခင်မောင်လွင်ကလည်း ပြောကြားခဲ့သည်။

လေးစားမှုဖြင့် ခရစ်ဒက် EMG

Add a Comment

Your email address will not be published. Required fields are marked *