ဆီေဘာက္ဆာယာဥ္ႏွင့္ တြဲကား တိုက္မိရာ ဆီေဘာက္ဆာ ယာဥ္ေမာင္းႏွင့္ လမ္းေဘးမွ လူတစ္ဦး မီးေလာင္ေသဆုံးမႈ ျဖစ္ပြား

ေမာ္ေတာ္ယာဥ္မ်ားမီးေလာင္ကြၽမ္း၍ လူေသဆုံးမႈျဖစ္စဥ္မ်ားႏွင့္ ပတ္သက္ၿပီး ဆီေဘာက္ဆာေမာ္ေတာ္ယာဥ္ အား မဆင္မျခင္ေမာင္း ႏွင္ သည့္ ယာဥ္ေမာင္း သိန္းဝင္းထြန္းအား ဥပေဒအရ အေရးယူေပးပါရန္ တာဝန္မႉး ဒုရဲအုပ္ေ႐ႊစင္ဦးမွ တရားလိုလုပ္ တိုင္တန္းသျဖင့္ ေရနီ နယ္ေျမရဲစခန္းမွ (ပ)၄၄/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၂၈၅ တို႔ျဖင့္ အမႈဖြင့္ေဆာင္႐ြက္ထားၿပီး မီးေလာင္ကြၽမ္းေသဆုံးသူ အမ်ိဳး သားႏွစ္ဦးအေလာင္းအား ေရနီတိုက္နယ္ေဆး႐ုံသို႔ ရဲေဆးစာျဖင့္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ထြက္ေျပးတိမ္းေရွာင္သြားေသာ ၂၂ ဘီးယာဥ္ ေမာင္းႏွင့္ ဆီေဘာက္ဆာယာဥ္ေနာက္လိုက္တို႔အား စုံစမ္းလွ်က္ရွိေၾကာင္း သိရသည္။ ပဲခူး တိုင္းေဒသႀကီး ေရတာရွည္ၿမိဳ႕နယ္ ေရနီၿမိဳ႕ ရန္ကုန္-မႏၲေလး လမ္းေဟာင္းေပၚတြင္ ဇြန္ ၂၉ ရက္ နံနက္ အေစာပိုင္းက ဆီေဘာက္ဆာ ယာဥ္ႏွင့္ တြဲကားတို႔တိုက္မိရာမွ ေမာ္ေတာ္ယာဥ္ႏွစ္စီးလုံး မီးေဆာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီး ဆီေဘာက္ဆာ ယာဥ္ေမာင္းႏွင့္ လမ္းေဘးတြင္ သြားလာ ေနသူတစ္ဦးတို႔အား မီးေလာင္ကြၽမ္း၍ အမ်ိဳးသား(၂)ဦး မီးေလာင္ ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း ေရနီ နယ္ေျမရဲစခန္းမွသိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ေရနီနယ္ေျမရဲစခန္းမႉး ရဲအုပ္ေနလင္းထြန္းက“ေဘာက္ဆာကားကေတာ့ ရန္ကုန္ဘက္ကေနလာၿပီး မႏၲေလး ဘက္ကို သြားမွာေပါ့ဗ်ာ၊ ကုန္ကားကေတာ့ မႏၲေလးဘက္ကေန ရန္ကုန္ကိုသြားမွာ အဲဒါကို အေကြ႕မွာ တစ္ဖက္နဲ႔ တစ္ဖက္ကို ခ်ိတ္ၿပီး ေတာ့ တိုက္ပစ္လိုက္ တာေပါ့ေနာ္၊ တိုက္ၿပီးေတာ့ တိုက္တိုက္ခ်င္းကို ေဘာက္ဆာေဘာ္ဒီနဲ႔ ဟိုဘက္က ကုန္ကားေဘာ္ဒီနဲ႔ တိုက္ ၿပီးေတာ့ ေပါက္ကြဲၿပီးေတာ့ မီးေလာင္တာေပါ့ေနာ္၊ ကြၽန္ေတာ္တို႔သိရတာေတာ့ ေဘာက္ဆာယာဥ္ေမာင္းကေတာ့ အခင္းျဖစ္ရပ္မွာ ဆုံး တယ္ဗ်၊

လမ္းေဘးမွာသြားေနတဲ့ လူတစ္ေယာက္ကိုလည္း ဆီစင္ၿပီးေတာ့ မီးေလာင္ကြၽမ္းၿပီးဆုံးသြားပါတယ္၊ ႏွစ္ေယာက္လုံး ဆုံး တယ္ဗ်၊ မီးၿငိမ္း သတ္ၿပီးတာကေတာ့ ခန႔္မွန္းေျခ ၈ နာခြဲေလာက္မွာ ၿငိမ္းသြားပါတယ္ဗ်၊ ေမာ္ေတာ္ယာဥ္ႏွစ္စီးလုံးကေတာ့ ပ်က္စီးသြား ပါတယ္” ဟု ေျပာ ၾကားသည္။ျဖစ္စဥ္မွာ ဇြန္ ၂၉ ရက္ နံနက္ ၅ နာရီအခ်ိန္ခန႔္က ေရတာရွည္ၿမိဳ႕နယ္၊ ေရနီၿမိဳ႕ ရန္ကုန္-မႏၲေလး ကားလမ္း မေဟာင္းေပၚတြင္ လမ္းမအတိုင္းေျမာက္ဘက္မွ ေတာင္ဘက္(မႏၲေလးဘက္မွရန္ကုန္ဘက္)သို႔ ယာဥ္ေမာင္း(အမည္၊ေနရပ္၊ လိပ္စာ စုံစမ္းဆဲ)။

ေမာင္းႏွင္လာေသာ ယာဥ္အမွတ္(စီစစ္ဆဲ) FUSO ၂၂ ဘီးအျဖဴေရာင္ ကုန္တင္ ယာဥ္မွ ကားလမ္းမေပါရွိ ေရနီတံတားအ ေကြ႕အတက္ သို႔အေရာက္တြင္ ၎ေမာင္းႏွင္ရမည့္လမ္းေၾကာင္းအတိုင္း ေတာင္ဘက္သို႔ခ်ိဳးေကြ႕ေမာင္း ႏွင္စဥ္ ေတာင္ဘက္မွ ေျမာက္ ဘက္(ရန္ကုန္ ဘက္မွမႏၲေလးဘက္)သို႔ ယာဥ္ေမာင္းသိန္းဝင္းထြန္း (ေနရပ္လိပ္စာစုံစမ္းဆဲ)ေမာင္းႏွင္လာၿပီး ယာဥ္ေနာက္လိုက္ ေပါက္စီ (ေနရပ္စုံစမ္း ဆဲ)လိုက္ပါလာသည့္ ဒီဇယ္ဆီမ်ား သယ္ေဆာင္လာေသာ ယာဥ္အမွတ္ 2R/—-ဆီေဘာက္ဆာ အျဖဴေရာင္ေမာ္ေတာ္ယာဥ္မွ။

ေရနီတံတားအေကြ႕အဆင္းအေရာက္တြင္ တစ္ဖက္ယာဥ္ေၾကာကားလမ္းအလယ္သို႔ေရာက္ရွိေမာင္းႏွင္ရာမွ ၂၂ ဘီး ကုန္တင္ယာဥ္၏ ဝဲ ဘက္ေဘာ္ဒီအားဝင္ေရာက္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

REF: ELEVEN MEDIA

UNICODE

ဆီဘောက်ဆာယာဉ်နှင့် တွဲကား တိုက်မိရာ ဆီဘောက်ဆာ ယာဉ်မောင်းနှင့် လမ်းဘေးမှ လူတစ်ဦး မီးလောင်သေဆုံးမှု ဖြစ်ပွား

မော်တော်ယာဉ်များမီးလောင်ကျွမ်း၍ လူသေဆုံးမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဆီဘောက်ဆာမော်တော်ယာဉ် အား မဆင်မခြင်မောင်း နှင် သည့် ယာဉ်မောင်း သိန်းဝင်းထွန်းအား ဥပဒေအရ အရေးယူပေးပါရန် တာဝန်မှူး ဒုရဲအုပ်ရွှေစင်ဦးမှ တရားလိုလုပ် တိုင်တန်းသဖြင့် ရေနီ နယ်မြေရဲစခန်းမှ (ပ)၄၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၈၅ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်ထားပြီး မီးလောင်ကျွမ်းသေဆုံးသူ အမျိုး သားနှစ်ဦးအလောင်းအား ရေနီတိုက်နယ်ဆေးရုံသို့ ရဲဆေးစာဖြင့်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်သွားသော ၂၂ ဘီးယာဉ် မောင်းနှင့် ဆီဘောက်ဆာယာဉ်နောက်လိုက်တို့အား စုံစမ်းလျှက်ရှိကြောင်း သိရသည်။ ပဲခူး တိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရေနီမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ဇွန် ၂၉ ရက် နံနက် အစောပိုင်းက ဆီဘောက်ဆာ ယာဉ်နှင့် တွဲကားတို့တိုက်မိရာမှ မော်တော်ယာဉ်နှစ်စီးလုံး မီးဆောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဆီဘောက်ဆာ ယာဉ်မောင်းနှင့် လမ်းဘေးတွင် သွားလာ နေသူတစ်ဦးတို့အား မီးလောင်ကျွမ်း၍ အမျိုးသား(၂)ဦး မီးလောင် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရေနီ နယ်မြေရဲစခန်းမှသိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရေနီနယ်မြေရဲစခန်းမှူး ရဲအုပ်နေလင်းထွန်းက“ဘောက်ဆာကားကတော့ ရန်ကုန်ဘက်ကနေလာပြီး မန္တလေး ဘက်ကို သွားမှာပေါ့ဗျာ၊ ကုန်ကားကတော့ မန္တလေးဘက်ကနေ ရန်ကုန်ကိုသွားမှာ အဲဒါကို အကွေ့မှာ တစ်ဖက်နဲ့ တစ်ဖက်ကို ချိတ်ပြီး တော့ တိုက်ပစ်လိုက် တာပေါ့နော်၊ တိုက်ပြီးတော့ တိုက်တိုက်ချင်းကို ဘောက်ဆာဘော်ဒီနဲ့ ဟိုဘက်က ကုန်ကားဘော်ဒီနဲ့ တိုက် ပြီးတော့ ပေါက်ကွဲပြီးတော့ မီးလောင်တာပေါ့နော်၊ ကျွန်တော်တို့သိရတာတော့ ဘောက်ဆာယာဉ်မောင်းကတော့ အခင်းဖြစ်ရပ်မှာ ဆုံး တယ်ဗျ၊

လမ်းဘေးမှာသွားနေတဲ့ လူတစ်ယောက်ကိုလည်း ဆီစင်ပြီးတော့ မီးလောင်ကျွမ်းပြီးဆုံးသွားပါတယ်၊ နှစ်ယောက်လုံး ဆုံး တယ်ဗျ၊ မီးငြိမ်း သတ်ပြီးတာကတော့ ခန့်မှန်းခြေ ၈ နာခွဲလောက်မှာ ငြိမ်းသွားပါတယ်ဗျ၊ မော်တော်ယာဉ်နှစ်စီးလုံးကတော့ ပျက်စီးသွား ပါတယ်” ဟု ပြော ကြားသည်။ဖြစ်စဉ်မှာ ဇွန် ၂၉ ရက် နံနက် ၅ နာရီအချိန်ခန့်က ရေတာရှည်မြို့နယ်၊ ရေနီမြို့ ရန်ကုန်-မန္တလေး ကားလမ်း မဟောင်းပေါ်တွင် လမ်းမအတိုင်းမြောက်ဘက်မှ တောင်ဘက်(မန္တလေးဘက်မှရန်ကုန်ဘက်)သို့ ယာဉ်မောင်း(အမည်၊နေရပ်၊ လိပ်စာ စုံစမ်းဆဲ)။

မောင်းနှင်လာသော ယာဉ်အမှတ်(စီစစ်ဆဲ) FUSO  ၂၂ ဘီးအဖြူရောင် ကုန်တင် ယာဉ်မှ ကားလမ်းမပေါရှိ ရေနီတံတားအ ကွေ့အတက် သို့အရောက်တွင် ၎င်းမောင်းနှင်ရမည့်လမ်းကြောင်းအတိုင်း တောင်ဘက်သို့ချိုးကွေ့မောင်း နှင်စဉ် တောင်ဘက်မှ မြောက် ဘက်(ရန်ကုန် ဘက်မှမန္တလေးဘက်)သို့ ယာဉ်မောင်းသိန်းဝင်းထွန်း (နေရပ်လိပ်စာစုံစမ်းဆဲ)မောင်းနှင်လာပြီး ယာဉ်နောက်လိုက် ပေါက်စီ (နေရပ်စုံစမ်း ဆဲ)လိုက်ပါလာသည့် ဒီဇယ်ဆီများ သယ်ဆောင်လာသော ယာဉ်အမှတ် 2R/—-ဆီဘောက်ဆာ အဖြူရောင်မော်တော်ယာဉ်မှ။

ရေနီတံတားအကွေ့အဆင်းအရောက်တွင် တစ်ဖက်ယာဉ်ကြောကားလမ်းအလယ်သို့ရောက်ရှိမောင်းနှင်ရာမှ ၂၂ ဘီး ကုန်တင်ယာဉ်၏ ဝဲ ဘက်ဘော်ဒီအားဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

REF:   ELEVEN  MEDIA

Add a Comment

Your email address will not be published. Required fields are marked *