မႏၲေလး တကၠသိုလ္ မွ ဘူမိေဗဒ(စတုတၳႏွစ္)ေက်ာင္းသား အင္းဝ တံတားမွ ခုန္ခ်ရန္ ႀကံစည္မႈျဖစ္ပြားခဲ့ရာ အေျခအေန

အင္းဝတံတားႏွင့္ရတနာပုံတံတား ေပၚမွခုန္ခ် သက္ေသမႈ မ်ားရွိလာေသာေၾကာင့္စစ္ကိုင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ အဆိုပါတံတား ႏွစ္စင္းတြင္ လွည့္ကင္း၊ပတ္ကင္းမ်ားခ်၍ေစာင့္ၾကည့္ေနရေၾကာင္း၊ ၎အေနျဖင့္ တံတားေပၚမွ ခုန္ခ်ရန္ႀကံစည္မႈ ငါးႀကိမ္အား အခ်ိန္မွီတားဆီးႏိုင္ခဲ့ ေၾကာင္း စစ္ကိုင္း ၿမိဳ႕မရဲစခန္း မွ ဒုရဲအုပ္ ေအးသက္ေမာင္ကဆက္လက္ေျပာၾကားသည္။ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္အတြင္း ကလည္း အင္းဝ တံတား (စစ္ကိုင္း)ေပၚမွ ဧရာဝတီျမစ္အတြင္း ခုန္ခ်ေသဆုံးမႈ (၅)ႀကိမ္၊ ဧရာဝတီတံတား (ရတနာပုံ)ေပၚ မွ ဧရာဝတီျမစ္အတြင္း ခုန္ခ် ေသဆုံးမႈ ႏွစ္ႀကိမ္ ျဖစ္ပြားခဲ့သည္။

ယခုႏွစ္ ၂၀၂၀ အတြင္း ဧရာဝတီတံတား (ရတနာပုံ)ေပၚ မွ ခုန္ခ်ေသဆုံးမႈ တစ္ႀကိမ္၊ အင္းဝတံတား ေပၚမွ အမႊာ ညီအမႏွစ္ဦး ခုန္ခ်ေသ ဆုံးမႈ ျဖစ္ပြားခဲ့ ေသးေၾကာင္း သိရသည္။ဆိုင္ကယ္ကို အင္းဝတံတားလာယူ ငါသြားၿပီ လို႔သူ႔ သူငယ္ခ်င္းကိုဖုန္းဆက္ မက္ေဆ့ပို႔ၿပီး ခုန္ခ်ရ န္ ႀကံစည္ခဲ့သည့္ မႏၲေလးတကၠသိုလ္ မွ ဘူမိေဗဒ(စတုတၳႏွစ္)ေက်ာင္းသား အင္းဝတံတားေပၚမွခုန္ခ်ရန္ႀကံစည္ခဲ့သည့္ မႏၲေလး တကၠ သိုလ္ မွ ဘူမိေဗဒ(စတုတၳႏွစ္)ေက်ာင္းသား အား လွည့္ကင္းရဲတပ္ဖြဲ႕မွကယ္တင္ႏိုင္ခဲ့ေၾကာင္း ဇြန္ ၂၉တြင္ စစ္ကိုင္းၿမိဳ႕မရဲစခန္းမွ သိရ သည္။

ဇြန္ ၂၈ ည ဆယ္နာရီခြဲခန႔္က စစ္ကိုင္းၿမိဳ႕၊အင္းဝတံတား ငါး‌ကုန္းႏွင့္ ေျခာက္ကုန္းၾကားေနရာတြင္ တံတားေပၚမွခုန္ခ်ရန္ႀကံစည္ခဲ့ေသာ အသက္၂၁ႏွစ္အ႐ြယ္ အဆိုပါေက်ာင္းသားအား စစ္ကိုင္းၿမိဳ႕၊ၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ေအးသက္ေမာင္ဦးစီ‌းေသာလွည့္ကင္းတပ္ဖြဲ႕မွ အခ်ိန္မွီ ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း သိရသည္။မေန႔ည ဆယ္နာရီေက်ာ္ေလာက္က ကြၽန္ေတာ္ တို႔ အင္းဝတံတားေပၚလွည့္ကင္းလွည့္ခ်ိန္ ဆယ္နာရီ ေက်ာ္ေလာက္မွာ မႏၲေလးဘက္ကလာရင္ အင္းဝတံတားငါးကုန္းနဲ႔ေျခာက္ကုန္းၾကားမွာ လူတစ္ေယာက္နဲ႔ ဆိုင္ကယ္ရပ္ထားထားတာကို ေတြ႕တယ္။

ဆိုင္ကယ္ေပၚမတ္တပ္ရပ္ၿပီး တံတက္လက္ရန္းကို‌ တက္ဖို႔လုပ္‌ေနတာျမင္လို႔ တံတားထိပ္က ေနဆိုင္ကယ္ကိုအျမန္ေမာင္းၿပီး သူရွိတဲ့ေန ရာဆီသြားတယ္။ေရာက္ေတာ့ ေဟ့ဘာလုပ္ေနတာလည္းဆိုင္ကယ္ေပၚကအတင္းဆင္းခိုင္းဆြဲခ်ၿပီးေမးတယ္။ ကြၽန္ေတာ္စိတ္ညစ္စရာ မ်ားတယ္ ကြၽန္ေတာ္ကို သြားခြင့္ျပဳပါလို႔ ေျပာတယ္။မင္းက ဘယ္ကလည္း ဘာစိတ္ညစ္စရာ ရွိလဲလို႔ ကြၽန္ေတာ္ေမးေတာ့ မႏၲေလးၿမိဳ႕ ကလို႔သိရတယ္။ဆိုင္ကယ္ကိုအင္းဝတံတားလာယူ ငါသြားၿပီလို႔သူ႔ သူငယ္ခ်င္းကိုဖုန္းဆက္ မက္ေဆ့ခ္်ပို႔ထားတာ‌ ေတြ႕လို႔ သူ႔ကို ကြၽန္ ေတာ္တို႔ တံတားရဲကင္းဆီ‌ဆြဲေခၚခဲ့တယ္ ။

သူစိတ္ေျပေအာင္အားေပးစကားေတြေျပာခဲ့တယ္။ ေနာက္စခန္း ကိုေခၚ သူ႔မိဘေတြကို အေၾကာင္းၾကားခဲ့ၿပီး မိဘေတြဆီလက္ေရာက္ အပ္ခဲ့ပါတယ္” ဟု စစ္ကိုင္းၿမိဳ႕မ ရဲစခန္းမွ ဒုရဲအုပ္ေအးသက္ေမာင္ က ေျပာၾကားသည္။

ေစာရန္ပိုင္

ဓာတ္ပုံ- ဒုရဲအုပ္ ေအးသက္ေမာင္

#ေဇယ်ာတိုင္းမ္

UNICODE

မန္တလေး တက္ကသိုလ် မှ ဘူမိဗေဒ(စတုတ္ထနှစ်)ကျောင်းသား အင်းဝ တံတားမှ ခုန်ချရန် ကြံစည်မှုဖြစ်ပွားခဲ့ရာ အခြေအနေ

အင်းဝတံတားနှင့်ရတနာပုံတံတား ပေါ်မှခုန်ချ သက်သေမှု များရှိလာသောကြောင့်စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှ အဆိုပါတံတား နှစ်စင်းတွင် လှည့်ကင်း၊ပတ်ကင်းများချ၍စောင့်ကြည့်နေရကြောင်း၊ ၎င်းအနေဖြင့် တံတားပေါ်မှ ခုန်ချရန်ကြံစည်မှု ငါးကြိမ်အား အချိန်မှီတားဆီးနိုင်ခဲ့ ကြောင်း စစ်ကိုင်း မြို့မရဲစခန်း မှ ဒုရဲအုပ် အေးသက်မောင်ကဆက်လက်ပြောကြားသည်။ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း ကလည်း အင်းဝ တံတား (စစ်ကိုင်း)ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု (၅)ကြိမ်၊ ဧရာဝတီတံတား (ရတနာပုံ)ပေါ် မှ ဧရာဝတီမြစ်အတွင်း ခုန်ချ သေဆုံးမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ယခုနှစ် ၂၀၂၀ အတွင်း ဧရာဝတီတံတား (ရတနာပုံ)ပေါ် မှ ခုန်ချသေဆုံးမှု တစ်ကြိမ်၊ အင်းဝတံတား ပေါ်မှ အမွှာ ညီအမနှစ်ဦး ခုန်ချသေ ဆုံးမှု ဖြစ်ပွားခဲ့ သေးကြောင်း သိရသည်။ဆိုင်ကယ်ကို အင်းဝတံတားလာယူ ငါသွားပြီ လို့သူ့ သူငယ်ချင်းကိုဖုန်းဆက် မက်ဆေ့ပို့ပြီး ခုန်ချရ န် ကြံစည်ခဲ့သည့် မန္တလေးတက္ကသိုလ် မှ ဘူမိဗေဒ(စတုတ္ထနှစ်)ကျောင်းသား အင်းဝတံတားပေါ်မှခုန်ချရန်ကြံစည်ခဲ့သည့် မန္တလေး တက္က သိုလ် မှ ဘူမိဗေဒ(စတုတ္ထနှစ်)ကျောင်းသား အား လှည့်ကင်းရဲတပ်ဖွဲ့မှကယ်တင်နိုင်ခဲ့ကြောင်း ဇွန် ၂၉တွင် စစ်ကိုင်းမြို့မရဲစခန်းမှ သိရ သည်။

ဇွန် ၂၈ ည ဆယ်နာရီခွဲခန့်က စစ်ကိုင်းမြို့၊အင်းဝတံတား ငါး‌ကုန်းနှင့် ခြောက်ကုန်းကြားနေရာတွင် တံတားပေါ်မှခုန်ချရန်ကြံစည်ခဲ့သော အသက်၂၁နှစ်အရွယ် အဆိုပါကျောင်းသားအား စစ်ကိုင်းမြို့၊မြို့မရဲစခန်းမှ ဒုရဲအုပ်အေးသက်မောင်ဦးစီ‌းသောလှည့်ကင်းတပ်ဖွဲ့မှ အချိန်မှီ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။မနေ့ည ဆယ်နာရီကျော်လောက်က ကျွန်တော် တို့ အင်းဝတံတားပေါ်လှည့်ကင်းလှည့်ချိန် ဆယ်နာရီ ကျော်လောက်မှာ မန္တလေးဘက်ကလာရင် အင်းဝတံတားငါးကုန်းနဲ့ခြောက်ကုန်းကြားမှာ လူတစ်ယောက်နဲ့ ဆိုင်ကယ်ရပ်ထားထားတာကို တွေ့တယ်။

ဆိုင်ကယ်ပေါ်မတ်တပ်ရပ်ပြီး တံတက်လက်ရန်းကို‌ တက်ဖို့လုပ်‌နေတာမြင်လို့ တံတားထိပ်က နေဆိုင်ကယ်ကိုအမြန်မောင်းပြီး သူရှိတဲ့နေ ရာဆီသွားတယ်။ရောက်တော့ ဟေ့ဘာလုပ်နေတာလည်းဆိုင်ကယ်ပေါ်ကအတင်းဆင်းခိုင်းဆွဲချပြီးမေးတယ်။ ကျွန်တော်စိတ်ညစ်စရာ များတယ် ကျွန်တော်ကို သွားခွင့်ပြုပါလို့ ပြောတယ်။မင်းက ဘယ်ကလည်း ဘာစိတ်ညစ်စရာ ရှိလဲလို့ ကျွန်တော်မေးတော့ မန္တလေးမြို့ ကလို့သိရတယ်။ဆိုင်ကယ်ကိုအင်းဝတံတားလာယူ ငါသွားပြီလို့သူ့ သူငယ်ချင်းကိုဖုန်းဆက် မက်ဆေ့ခ်ျပို့ထားတာ‌ တွေ့လို့ သူ့ကို ကျွန် တော်တို့ တံတားရဲကင်းဆီ‌ဆွဲခေါ်ခဲ့တယ် ။

သူစိတ်ပြေအောင်အားပေးစကားတွေပြောခဲ့တယ်။ နောက်စခန်း ကိုခေါ် သူ့မိဘတွေကို အကြောင်းကြားခဲ့ပြီး မိဘတွေဆီလက်ရောက် အပ်ခဲ့ပါတယ်” ဟု စစ်ကိုင်းမြို့မ ရဲစခန်းမှ ဒုရဲအုပ်အေးသက်မောင် က ပြောကြားသည်။

စောရန်ပိုင်

ဓာတ်ပုံ- ဒုရဲအုပ် အေးသက်မောင်

#ဇေယျာတိုင်းမ်

Add a Comment

Your email address will not be published. Required fields are marked *