ေတာင္ႀကီးၿမိဳ႕တြင္ မႈိ ၾကက္သား နဲ႔ ကိုကာကိုလာ ခ်က္စားရာမွ အစာအဆိပ္ သင့္ၿပီး အမ်ိဳးသမီး (၂)ဦးေသဆုံးမႈ ျဖစ္ပြား

အားလုံးပဲ သတိထားၾကပါ။ေတာင္ႀကီးၿမိဳ႕မွာ မႈိ၊ ၾကက္သား နဲ႔ ကိုကာကိုလာ ခ်က္ျပဳတ္ စားသုံးရာမွ အစာအဆိပ္သင့္ၿပီး အမ်ိဳးသမီးႏွစ္ဦး ေသဆုံး ေတာင္ႀကီး၊ ဇြန္ ၂၉ ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္ရွိ ေနအိမ္တစ္အိမ္မွာ ဇြန္လ ေနာက္ဆုံးပါတ္ အတြင္းက မႈိဟင္း၊ ၾကက္သားနဲ႔ ကိုကာကိုလာခ်က္ ျပဳတ္ စားသုံးရာမွ အစာအဆိပ္သင့္မႈ ျဖစ္ပြားခဲ့ပါတယ္။

အစာအဆိပ္သင့္မႈေၾကာင့္ အမ်ိဳးသမီး ႏွစ္ဦး ေသဆုံး မႈ ျဖစ္ပြားခဲ့ေၾကာင္း သစ္ေတာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးထံမွ သိရပါတယ္။ အဆို ပါေနအိ မ္ရွိ မိသားစုဝင္ေတြက ဇြန္လ၂၂ရက္ခန႔္က ေ႐ႊဘုန္းပြင့္ ေတာင္ေပၚသို႔ သြားေရာက္ရာမွ မႈိေတြေတြ႕ရွိတဲ့အတြက္ ေနအိမ္သို႔ ယူ ေဆာင္လာကာ ေန႔လည္ စာခ်က္ျပဳတ္စားသုံး ခဲ့ပါတယ္။

ညေနစာ အျဖစ္ ၾကက္သားနဲ႔ ကိုကာကိုလာ အခ်ိဳရည္ ကို တြဲဖက္ကာ ခ်က္ျပဳတ္ စားသုံးခဲ့ၾကတယ္လို႔ သိရပါတယ္။ ကြၽန္ေတာ္သိရသ ေလာက္က စျဖစ္တဲ့ေန႔ပိုင္း အခ်ိန္ကေတာ့ ဘာမွလကၡဏာမျပဘူးလို႔ ေျပာတယ္။ ညေရာက္မွ ၾကက္သားနဲ႔ ကိုကာကိုလာခ်က္စားၿပီး မိနစ္ ၃၀ ေလာက္ေနေတာ့ ဗိုက္နာ လာတယ္။

ဝမ္းေတြ သြားၾကတယ္။ ေအာ့အန္ လာၾကတယ္။ ေဆး႐ုံမွာ တစ္ပါတ္ေလာက္ၾကာၿပီးေတာ့ သူ႔အေမက စၿပီးေတာ့ ဆုံးတယ္။ သုံးရက္ ေန ေတာ့ သူ႔အေမကို သၿဂိဳလ္မယ့္ ရက္မွာ သူ႔သမီးက ထပ္ၿပီးေတာ့ ဆုံးတယ္။ သူ႔သမီး ကိုေတာ့ မေန႔က သၿဂိဳလ္တယ္လို႔ေတာ့ သိရပါတယ္” လို႔သစ္ေတာ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံး မွ တာဝန္ရွိသူ တစ္ဦးက ေ႐ႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။

ေသဆုံးသူႏွစ္ဦးမွာ အ သက္ (၇၀) ေက်ာ္အ႐ြယ္ရွိ အမ်ိဳးသမီးတစ္ဦးနဲ႔ အသက္(၄၀)ေက်ာ္အ႐ြယ္ရွိ အမ်ိဳးသမီးတို႔ ျဖစ္ၿပီး ေသဆုံးသူေတြ ကို ေတာင္ႀကီးၿမိဳ႕၊တိုင္းရင္းသားေပါင္းစုံ သုႆန္ သို႔ ပို႔ေဆာင္ သၿဂိဳလ္ထားတယ္လို႔လည္း သိရပါတယ္။

Crd: ေ႐ႊႀတိဂံေဒသ သတင္းလႊာ

UNICODE

တောင်ကြီးမြို့တွင် မှို ကြက်သား နဲ့ ကိုကာကိုလာ ချက်စားရာမှ အစာအဆိပ် သင့်ပြီး အမျိုးသမီး (၂)ဦးသေဆုံးမှု ဖြစ်ပွား

အားလုံးပဲ သတိထားကြပါ။တောင်ကြီးမြို့မှာ မှို၊ ကြက်သား နဲ့ ကိုကာကိုလာ ချက်ပြုတ် စားသုံးရာမှ အစာအဆိပ်သင့်ပြီး အမျိုးသမီးနှစ်ဦး သေဆုံး တောင်ကြီး၊ ဇွန် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ ဇွန်လ နောက်ဆုံးပါတ် အတွင်းက မှိုဟင်း၊ ကြက်သားနဲ့ ကိုကာကိုလာချက် ပြုတ် စားသုံးရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပါတယ်။

အစာအဆိပ်သင့်မှုကြောင့် အမျိုးသမီး နှစ်ဦး သေဆုံး မှု ဖြစ်ပွားခဲ့ကြောင်း သစ်တောရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရပါတယ်။ အဆို ပါနေအိ မ်ရှိ မိသားစုဝင်တွေက ဇွန်လ၂၂ရက်ခန့်က ရွှေဘုန်းပွင့် တောင်ပေါ်သို့ သွားရောက်ရာမှ မှိုတွေတွေ့ရှိတဲ့အတွက် နေအိမ်သို့ ယူ ဆောင်လာကာ နေ့လည် စာချက်ပြုတ်စားသုံး ခဲ့ပါတယ်။

ညနေစာ အဖြစ် ကြက်သားနဲ့ ကိုကာကိုလာ အချိုရည် ကို တွဲဖက်ကာ ချက်ပြုတ် စားသုံးခဲ့ကြတယ်လို့ သိရပါတယ်။ ကျွန်တော်သိရသ လောက်က စဖြစ်တဲ့နေ့ပိုင်း အချိန်ကတော့ ဘာမှလက္ခဏာမပြဘူးလို့ ပြောတယ်။ ညရောက်မှ ကြက်သားနဲ့ ကိုကာကိုလာချက်စားပြီး မိနစ် ၃၀ လောက်နေတော့ ဗိုက်နာ လာတယ်။

ဝမ်းတွေ သွားကြတယ်။ အော့အန် လာကြတယ်။ ဆေးရုံမှာ တစ်ပါတ်လောက်ကြာပြီးတော့ သူ့အမေက စပြီးတော့ ဆုံးတယ်။ သုံးရက် နေ တော့ သူ့အမေကို သဂြိုလ်မယ့် ရက်မှာ သူ့သမီးက ထပ်ပြီးတော့ ဆုံးတယ်။ သူ့သမီး ကိုတော့ မနေ့က သဂြိုလ်တယ်လို့တော့ သိရပါတယ်” လို့သစ်တော ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မှ တာဝန်ရှိသူ တစ်ဦးက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

သေဆုံးသူနှစ်ဦးမှာ အ သက် (၇၀) ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးနဲ့ အသက်(၄၀)ကျော်အရွယ်ရှိ အမျိုးသမီးတို့ ဖြစ်ပြီး သေဆုံးသူတွေ ကို တောင်ကြီးမြို့၊တိုင်းရင်းသားပေါင်းစုံ သုဿန် သို့ ပို့ဆောင် သဂြိုလ်ထားတယ်လို့လည်း သိရပါတယ်။

Crd:  ရွှေတြိဂံဒေသ သတင်းလွှာ

Add a Comment

Your email address will not be published. Required fields are marked *