REF: MINISTRY OF HEALTH
UNICODE
(၂၉-၆-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီCOVID-19နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၈-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲ နမူနာ (၁,၁၄၇)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၇၃) ခု၊
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၈၀) ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မ တော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၆၇) ခု၊ စုစုပေါင်း (၁,၇၆၇) ခုအား စစ်ဆေးခဲ့ပါသည်။
(၂၈-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL ) မှ (ဒုတိယအသုတ်) ဓာတ်ခွဲ နမူနာ (၅၈၅)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။
(၂၉-၆-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၉၉) ဦးရှိပါသည်။
REF: MINISTRY OF HEALTH