crd: The myanmar Time
UNICODE
COVID-19 ရောဂါ လက္ခဏာ လုံးဝမပြဘဲ ကူးစက်မှု များနေသဖြင့် အထူးသတိပြု နေထိုင်ကြရန် အတိုင်ပင်ခံ သတိပေး
“လူစု လူဝေးဖြစ်စေနိုင် မဲ့ ကိစ္စတွေ ကိုတော့ ဆက် လက် ပိတ် ပင် ထား ပါတယ် ။ ရောဂါ မပြန့်ပွား စေဖို့ ထိရောက် စွာ ဆောင်ရွက်နိုင် မယ် ဆို ပါ က၊ နောက် (၁)လ၊ (၂)လလောက် အတွင်းမှာ ဒုတိယအကြိမ် Covid လှိုင်းထခြင်းကို တားဆီးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ “ဟု အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြော သည် ။
ယင်း အပြင် Covid 19 ကာလ အတွင်း အိမ်မှာနေ ရသည့် ကာလများ အတွင်း၌ online အရောင်း အဝယ်တွေ မြင့်မား လာခြင်း ကို တွေ့ ရ ကြောင်း၊ ယင်း မှာ လူသားများ၏ အခြေအနေသစ်များ၏ လိုအပ်ချက်အရ ပြောင်းလဲနိုင်တာကို ပြခြင်း ဖြစ်ကြောင်း အတိုင်ပင် ခံ က ဆိုသည်။ ထို့ကြောင့် မိမိ တို့၏ ပြည်သူများ အနေဖြင့် ပြောင်းသင့် ပါက ပြောင်းနိုင် စွမ်းရှိကြ စေလိုကြောင်း.ထည့်သွင်း ပြော ကြားခဲ့ သည် ။
ရောဂါ လက္ခဏာ လုံးလုံး မပြဘဲ COVID 19 ကူးစက်ခံ နေရသူ များတာ ကြောင့် အထူး သတိထား ရန် လိုကြောင်း နိုင်ငံတော် ၏ အတိုင် ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ၎င်း၏ လူမှုကွန်ရက် စာမျာနှာ တွင် သတိပေးပြော ကြားထား သည်။ “ရောဂါလက္ခဏာ လုံးလုံး မပြဘဲ ကူးစက်ခံ နေရသူတွေ များတာကြောင့် အထူး သတိထား ဖို့လိုပါတယ်။
ဈေးများ လို အခြား သူများနဲ့ အချိန် ခပ် ကြာ ကြာ ထိတွေ့နိုင် တဲ့နေရာ တွေမှာ Mask တပ်ဖို့ အထူးအရေးကြီး ပါတယ်။ လက်ကို ခဏ ခဏ ဆေးဖို့လည်း မမေ့ပါနဲ့။ မပေ့ါဆပါနဲ့။”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည် ။ Covid 19ရောဂါပြန့်ပွား မှုကို ကာကွယ် နိုင်ရန် အတွက် (၂)ပတ် တစ်ကြိမ် အခြေအ နေ များ ကို သုံးသပ်နေကြောင်း ပြောဆိုသည်။
ဆက် လက် ထိန်းသိမ်း ထားရ မည့် စည်းမျဉ်းများ၊ ဖြေလျော့သင့်သည်များ၊ မြှင့်တင်သင့်သည်များကို ဆုံးဖြတ်ရကြောင်း၊ ဇွန်လကုန်တွင် မိမိနေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီ အစဉ် ကို မြို့နယ်တွေအားလုံး ဖြေ လျော့ပေးနိုင် ပြီဖြစ်ကြောင်း ၎င်းက ပြော သည်။
crd:  The myanmar Time
Add a Comment
Your email address will not be published. Required fields are marked *