ကိုဗစ္ႏွင့္ပတ္သက္ၿပီး ကန႔္သတ္မႈ ေျဖေလ်ာ့လိုက္ခ်ိန္တြင္ ျပည္သူမ်ား ေပါ့ဆလာ၍ စိတ္ပူမိေၾကာင္း အတိုင္ပင္ခံေျပာၾကား

ကမာၻ တစ္ဝွမ္း တြင္ COVID 19 ေရာဂါကူး စက္ျဖစ္ပြား သူေပါင္း ဆယ္သန္း ေက်ာ္ႏွင့္ ေသဆုံး သူ ငါးသိန္းေက်ာ္ရွိ ေနၿပီျဖစ္ သည္။ ျမန္မာ ႏိုင္ငံ မွာေတာ့ ဇြန္ လ (၃ဝ) ရက္ မနက္ ပိုင္း အစိုးရ ၏ သတင္း ထုတ္ျပန္ခ်က္အရ COVID-19ေရာဂါပိုးေတြ႕လူနာသစ္ ထပ္ မံေတြ႕ရွိျခင္း မရွိ ေသာေၾကာင့္ ေရာဂါပိုး ေတြ႕ရွိသူ စုစုေပါင္း (၂၉၉)ဦး၊ ေသဆုံး သူ ေျခာက္ ဦးႏွင့္ ေရာဂါပိုးကင္းစင္ လာသူ (၂၂၁) ဦးရွိ ၿပီျဖစ္ သည္ ။

ျမန္မာ ႏိုင္ငံ တြင္ ျပည္တြင္း ကူးစက္မႈ ထပ္မံ မေတြ႕ရွိရေသးဘဲ ျပည္ပ မွ ျပန္လာသူမ်ားတြင္သာ COVID-19 ပိုးေတြ႕ရွိရသည့္အတြက္ အစိုးရက ေရာဂါကာကြယ္ေရးကန႔္သတ္ခ်က္အခ်ိဳ႕ကို ေျဖေလွ်ာ့လိုက္ျခင္း ျဖစ္သည္။အစိုးရက ထိုသို႔ ေရာဂါထိန္းခ်ဳပ္ႏိုင္မႈ အေပၚမူတည္ ၿပီး ကန႔္သတ္ခ်က္အခ်ိဳ႕ကိုေျဖေလ်ာ့ေပးလိုက္ေသာ္လည္း ျပည္ပခရီးသြားမ်ား ျမန္မာႏိုင္ငံသို႔ ျပည္ဝင္ခြင့္ပိတ္ပင္ထားမႈကို ဇူလိုင္လကုန္ အထိ ထပ္မံတိုးျမႇင့္ထားသည္။

(COVID 19) ျဖစ္ပြားမႈ ပုံစံ က အမ်ား အားျဖင့္ ေရာဂါ လကၡဏာ မျပသျဖင့္ အစိုးရ က ကန႔္သတ္မႈ အခ်ိဳ႕ ကို ေျဖေလွ်ာ့ လိုက္ခ်ိန္ ေပါ့ဆ လာ ေသာေၾကာင့္ စိုးရိမ္ မိေၾကာင္း ႏိုင္ငံေတာ္ ၏ အတိုင္ပင္ ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္ က ေျပာ သည္။ “ကြၽန္မတို႔ ဒီေန႔ေတြ႕ဆုံပြဲ က အဓိက အားျဖင့္ေတာ့ ကိုဗစ္ နဲ႔ ပတ္သက္ လို႔ ျပည္ သူ ေတြ မေပါ့လာေအာင္ ေပါ့ေနာ္။ အခုဆိုရင္ စၿပီးေတာ့ စည္းမ်ဥ္း စည္းကမ္းသတ္ မွတ္ တာက သုံးလေက်ာ္ သြားၿပီ။ အဲ့ ေတာ့ လူေတြက နည္းန ည္းၿငီးေငြ႕လာတာ လည္း ရွိတယ္ ။

ေပါ့လာ တာလည္း ရွိတယ္ ။ ဒီေလာက္ လည္း မဆိုးပါဘူး ဆိုၿပီးေတာ့ နည္းနည္း ေပါ့လာၿပီ။ အဲ့တာ ကို လည္း ကြၽန္မ တို႔ စိတ္ပူ တယ္ ” ဟု ၎က ေျပာ သည္။ျပည္သူ႔ က်န္းမာေရး ဦးစီးဌာန (ေရာဂါႏွိမ္နင္းေရး) ဒုတိယ ၫႊန္ၾကားေရး မႉးခ်ဳပ္ ေဒါက္တာ သႏၲာလြင္၊ ရန္ကုန္ ျပည္သူ႔ေဆး႐ုံႀကီးမွ ေဆး႐ုံ အုပ္ႀကီး ေဒါက္တာ ျမင့္ျမင့္ ေအး၊ ဘားအံျပည္သူ႔ေဆး ႐ုံမွ အထူးကု ဆရာဝန္ႀကီး ေဒါက္တာ ခ်ိဳခ်ိဳ ထူးစန္း တို႔ႏွင့္ ဇြန္ လ (၃ဝ)ရက္ အြန္လိုင္း ေဆြးေႏြး ပြဲ တြင္ ႏိုင္ငံေတာ္ ၏ အတိုင္ပင္ခံ ပုဂၢိဳလ္ က ထည့္သြင္းေျပာၾကား ခဲ့ျခင္း ျဖစ္ သည္ ။

ကမာၻ႔ ႏိုင္ငံ အခ်ိဳ႕တြင္ လည္း တစ္ေက်ာ့ျပန္ ဝင္ လာ သည့္ COVID 19 ဒုတိယ လႈိင္းဒဏ္ခံ ေနရသည့္ အတြက္ ျမန္မာႏိုင္ငံ တြင္ COVID 19 ဒုတိယ လႈိင္းျပင္းျပင္းထန္ထန္ဝင္လာတာမ်ိဳး မျဖစ္ေစလိုေၾကာင္းကိုလည္း ဆက္ေျပာသည္။ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ က“တစ္ ျခားႏိုင္ငံေတြမွာဆိုလို႔ရွိရင္ သတင္းေတြ ေလ့လာရင္ေတြ႕မွာပဲ။ ေကာင္းသြားပါၿပီဆိုၿပီးမွ တစ္ခါ အခု ဒုတိယလႈိင္းေတြ ဝင္ၾကတယ္။ အဲ့ ေတာ့ ကြၽန္မ တို႔ကေတာ့ ျဖစ္ႏိုင္မယ္ဆိုရင္ ဒုတိယ လႈိင္းကို လုံးဝကာခ်င္တယ္။

မျဖစ္ႏိုင္ဘူးဆိုရင္ေတာင္မွ ကိုယ္ကိုင္ တြယ္ ႏိုင္သ ေလာက္ပဲ ျဖစ္ခ်င္တယ္။ ဆိုးဆိုးဝါးဝါးႀကီး မျဖစ္ခ်င္ေသးဘူး”ဟု ေျပာသည္။ ရန္ကုန္ တိုင္းအတြင္း ၿမိဳ႕နယ္အခ်ိဳ႕တြင္ ခ်မွတ္ ထားခဲ့ သည့္ မိမိအိမ္တြင္ေနထိုင္ေရး Stay at Home အစီအစဥ္ကို အစိုးရက ေျဖေလွ်ာ့ေပးခဲ့ၿပီး COVID-19လူနာေတြ႕ရွိမႈမ်ားခဲ့သည့္ အင္းစိန္ ၿမိဳ႕နယ္ ကို လည္း ဇူလိုင္ လ ၁ ရက္ေန႔မွာစၿပီး Stay at Home အစီအစဥ္ ေျဖေလွ်ာ့ေပး မည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက သတင္း ထုတ္ျပန္ ထား သည္။

crd: mizzima news

UNICODE

ကိုဗစ်နှင့်ပတ်သက်ပြီး ကန့်သတ်မှု ဖြေလျော့လိုက်ချိန်တွင် ပြည်သူများ ပေါ့ဆလာ၍ စိတ်ပူမိကြောင်း အတိုင်ပင်ခံပြောကြား

ကမ္ဘာ တစ်ဝှမ်း တွင် COVID 19 ရောဂါကူး စက်ဖြစ်ပွား သူပေါင်း ဆယ်သန်း ကျော်နှင့် သေဆုံး သူ ငါးသိန်းကျော်ရှိ နေပြီဖြစ် သည်။ မြန်မာ နိုင်ငံ မှာတော့ ဇွန် လ (၃ဝ) ရက် မနက် ပိုင်း အစိုးရ ၏ သတင်း ထုတ်ပြန်ချက်အရ COVID-19ရောဂါပိုးတွေ့လူနာသစ် ထပ် မံတွေ့ရှိခြင်း မရှိ သောကြောင့် ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၂၉၉)ဦး၊ သေဆုံး သူ ခြောက် ဦးနှင့် ရောဂါပိုးကင်းစင် လာသူ (၂၂၁) ဦးရှိ ပြီဖြစ် သည် ။

မြန်မာ နိုင်ငံ တွင် ပြည်တွင်း ကူးစက်မှု ထပ်မံ မတွေ့ရှိရသေးဘဲ ပြည်ပ မှ ပြန်လာသူများတွင်သာ COVID-19 ပိုးတွေ့ရှိရသည့်အတွက် အစိုးရက ရောဂါကာကွယ်ရေးကန့်သတ်ချက်အချို့ကို ဖြေလျှော့လိုက်ခြင်း ဖြစ်သည်။အစိုးရက ထိုသို့ ရောဂါထိန်းချုပ်နိုင်မှု အပေါ်မူတည် ပြီး ကန့်သတ်ချက်အချို့ကိုဖြေလျော့ပေးလိုက်သော်လည်း ပြည်ပခရီးသွားများ မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ပိတ်ပင်ထားမှုကို ဇူလိုင်လကုန် အထိ ထပ်မံတိုးမြှင့်ထားသည်။

(COVID 19) ဖြစ်ပွားမှု ပုံစံ က အများ အားဖြင့် ရောဂါ လက္ခဏာ မပြသဖြင့် အစိုးရ က ကန့်သတ်မှု အချို့ ကို ဖြေလျှော့ လိုက်ချိန် ပေါ့ဆ လာ သောကြောင့် စိုးရိမ် မိကြောင်း နိုင်ငံတော် ၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် က ပြော သည်။ “ကျွန်မတို့ ဒီနေ့တွေ့ဆုံပွဲ က အဓိက အားဖြင့်တော့ ကိုဗစ် နဲ့ ပတ်သက် လို့ ပြည် သူ တွေ မပေါ့လာအောင် ပေါ့နော်။ အခုဆိုရင် စပြီးတော့ စည်းမျဉ်း စည်းကမ်းသတ် မှတ် တာက သုံးလကျော် သွားပြီ။ အဲ့ တော့ လူတွေက နည်းန ည်းငြီးငွေ့လာတာ လည်း ရှိတယ် ။

ပေါ့လာ တာလည်း ရှိတယ် ။ ဒီလောက် လည်း မဆိုးပါဘူး ဆိုပြီးတော့ နည်းနည်း ပေါ့လာပြီ။ အဲ့တာ ကို လည်း ကျွန်မ တို့ စိတ်ပူ တယ် ” ဟု ၎င်းက ပြော သည်။ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန (ရောဂါနှိမ်နင်းရေး) ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ သန္တာလွင်၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံ အုပ်ကြီး ဒေါက်တာ မြင့်မြင့် အေး၊ ဘားအံပြည်သူ့ဆေး ရုံမှ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ချိုချို ထူးစန်း တို့နှင့် ဇွန် လ (၃ဝ)ရက် အွန်လိုင်း ဆွေးနွေး ပွဲ တွင် နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် က ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ် သည် ။

ကမ္ဘာ့ နိုင်ငံ အချို့တွင် လည်း တစ်ကျော့ပြန် ဝင် လာ သည့် COVID 19 ဒုတိယ လှိုင်းဒဏ်ခံ နေရသည့် အတွက် မြန်မာနိုင်ငံ တွင် COVID 19 ဒုတိယ လှိုင်းပြင်းပြင်းထန်ထန်ဝင်လာတာမျိုး မဖြစ်စေလိုကြောင်းကိုလည်း ဆက်ပြောသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က“တစ် ခြားနိုင်ငံတွေမှာဆိုလို့ရှိရင် သတင်းတွေ လေ့လာရင်တွေ့မှာပဲ။ ကောင်းသွားပါပြီဆိုပြီးမှ တစ်ခါ အခု ဒုတိယလှိုင်းတွေ ဝင်ကြတယ်။ အဲ့ တော့ ကျွန်မ တို့ကတော့ ဖြစ်နိုင်မယ်ဆိုရင် ဒုတိယ လှိုင်းကို လုံးဝကာချင်တယ်။

မဖြစ်နိုင်ဘူးဆိုရင်တောင်မှ ကိုယ်ကိုင် တွယ် နိုင်သ လောက်ပဲ ဖြစ်ချင်တယ်။ ဆိုးဆိုးဝါးဝါးကြီး မဖြစ်ချင်သေးဘူး”ဟု ပြောသည်။ ရန်ကုန် တိုင်းအတွင်း မြို့နယ်အချို့တွင် ချမှတ် ထားခဲ့ သည့် မိမိအိမ်တွင်နေထိုင်ရေး Stay at Home အစီအစဉ်ကို အစိုးရက ဖြေလျှော့ပေးခဲ့ပြီး COVID-19လူနာတွေ့ရှိမှုများခဲ့သည့် အင်းစိန် မြို့နယ် ကို လည်း ဇူလိုင် လ ၁ ရက်နေ့မှာစပြီး Stay at Home အစီအစဉ် ဖြေလျှော့ပေး မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန် ထား သည်။

crd:  mizzima news

Add a Comment

Your email address will not be published. Required fields are marked *