












UNICODE

ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ် ခံစားနေရသော ရောဂါများအတွက် ဆီ ဖြင့် ပလုပ်ကျင်း၍ ရရှိလာမည့် ကျန်းမာရေးအကျိုးကျေးဇူးများ

ကျွန်တော့်၏မိတ်ဆွေများအနေဖြင့် ဆီဖြင့်ပလုပ်ကျင်းတာကို နေ့စဉ်မလုပ်နိုင်ရင်တောင်မှ တစ်ပတ်ကို(၂)ခါ(၃)ခါလောက် လုပ်ပေးသင့် တယ်ဟုအကြံပေးလိုပါတယ် ယခုအခါဆီနဲ့ပလုပ်ကျင်းပြီး ခံတွင်းသန့်ရှင်းအောင်ပြုလုပ်ကာ ကျန်းမာနေထိုင်တဲ့နည်းကို နိုင်ငံတော်တော် များများအထူးသဖြင့် ထိုင်းနိုင်ငံမှာလက်ခံကျင့်သုံးနေတာကို သိရှိရပါတယ်ခင်ဗျာ။ကျွန်တော့်၏မိတ်ဆွေများအနေဖြင့် ခံတွင်းမသန့်လေ ကျန်းမာရေးထူလေဆိုတာကိုသတိပြုပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ကျန်းမာရေးအတွက် ခံတွင်းကို သန့်ရှင်အောင်ထားပြီး ကျန်ရှိနေသော အချိန်ခဏလေးကို ကျန်းမာစွာဖြင့်ရှင်းသန်း နေထိုင်ကြရအောင် ပါခင်ဗျာ။

ကိုယ်တိုင် အုန်းဆီ ခဏငုံထားပြီး မှ အာလုတ်ကျင်း လုပ်လာတာ ကြာပြီ အင်မတန်အကျိုးများ လှပါတယ်နော် …အရမ်းမှန် ကျေးဇူးကြီး လှတဲ့ ဗဟုသုတဘဲ : ကိုယ် သွားဖုံးအပြည်တည်ပြီးအပြည်ပေါက်တော့ကျောက်ကပ်ကမခံမရပ်နိုင်နာတယ်ယောင်တယ် ဆီးလဲသွားလို့ ခက်လာတယ်သိပ်မထွက်တော့ဘူး စနေနေ့ကသွား လဲထွက်သွားရော ခဏနေ ယူပစ်လိုက်သလိုနေ သာထိုင်သာရှိသွား တာ ခုထိကျောက် ကပ်ကဘာမှမဖြစ်သလိုဒူးနာတာပါသက်သာလာခဲ့ ဆီနဲ့လဲပလုပ်ကျင်းနေပါပြီ ။ခံတွင်းက ရောဂါပိုးနှင့်အဆိပ်တွေကို ဖယ်ထုတ်ရှင်းလင်းဖို့ အကောင်းဆုံးဖြစ်တဲ့ ဆီနဲ့ပလုတ်ကျင်းပေးခြင်း၏ ကျန်းမာရေးကောင်းကျိုးများ အကြောင်း ဖော်ပြလိုက်ပါတယ်။

တန်ဖိုးထားရပါသောမိတ်ဆွေများအား မိမိတို့၏ခံတွင်းကို အုန်းဆီ နှမ်းဆီ သံလွင်ဆီတစ်မျိုးမျိုးဖြင့် တစ်ပတ်လျှင်နှစ်ကြိမ်သုံးကြိမ်ခန့် ပလုတ်ကျင်းပေးခြင်းဖြင့် ပြန်လည်ရရှိမည့် ကျန်းမာရေး အကျိုးကျေးဇူးများနှင့် ခံတွင်းက အာပုတ်ရည်များ အစာအိမ်သို့ မရောက်ရှိတော့ ဘဲ အစာအိမ်ရောဂါနှင့်ကင်ဆာရောဂါကိုပါ ကာကွယ်ပြီးသားဖြစ်ပါကြောင်း ပြောပြဆွေးနွေးလိုပါတယ်ခင်ဗျာ။ ကျွန်တော်တို့ငယ်ငယ် တုန်း ကမြန်မာပြည်မှာ မြန်မာဆရာဝန်များနှင့်အတူ အိန္ဒိယနိုင်ငံကပန်ချာဘီဆရာဝန်တွေပါ ဆေးရုံ ဆေးပေးခန်းတွေမှာ အများအပြား တွေ့ရှိရတတ်တာကို ကောင်းစွာ မှတ်မိနေပါသေးတယ်။

ကျွန်တော်ငယ်ငယ်ကနေ့ယနေ့တိုင်း ကောင်းကောင်းမှတ်မိနေသေးတာက ကျွန်တော့်အမေဒူးအရမ်းနာနေ၍ ပခုက္ကူမြို့ထင်းတန်းရပ်မှာ ဆေးခန်းဖွင့်ထားတဲ့ ပန်ချာဘီဆရာဝန်ကြီး ဒေါက်တာမာဒေးထံသို့ သွားရောက်ပြသခဲ့တာဘဲဖြစ်ပါတယ် အမေ၏ဒူးတစ်ဘက်က ရောင် ကိုင်းနေပြီး လမ်းတောင်မလျှောက်နိုင်လို့ ဆေးခန်းသွားမယ်ဆိုရင်လည်းအမေကို ဦးလေးတွေက ချီမပြီးခေါ်သွားလေ့ရှိ ပါတယ်။ ဆရာ ဝန်ကြီးဒေါက်တာမာဒေးမှအမေကို သေသေချာချာ စစ်ဆေးပြီးနောက် သွားတွေကောင်းရဲ့လားလို့မေးတော့ အမေမျက်နာအမူအရာက ဒူးနာတာနဲ့သွားကောင်းတာမကောင်းတာ ဆိုင်လို့လားဟုထင်နေဟန်တူပါတယ်။

ဆရာဝန်ကြီးက ပါးစပ်ဟစမ်းဆိုတော့ အံသွားပေါက်တွေကိုတွေ့သွားပါတယ် အံသွားတွေကပြည်ပုပ်တွေဟာ ဒူးကိုရောက်သွားပြီး ဒူးနာ တဲ့ပြဿနာကိုဖြစ်စေတာပါပဲ ထိုသွားတွေကိုဖာထေးပြုပြင်လိုက်တော့ အမေဒူးနာလည်းကောင်းသွားတာကို လက်တွေ့မြင်တွေ့ ခဲ့ရဘူး ပါတယ် ဆက်လက်၍ဒေါက်တာမာဒေးမှအမေအား နေ့စဉ် နှမ်းဆီ ဟင်းစားဇွန်းတစ်ဇွန်းဖြင့် ပလုတ်ကျင်းခိုင်းရာ အမေဒူးနာပြန်မ ဖြစ် တော့တာကိုလည်း သတိထားမိပါတယ်။နောက်တစ်ယောက်ကတော့ သိုင်းရွိုက်ရောဂါဖြစ်တဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက်ပါပဲ သူ့ရဲ့ သိုင်းရွိုက်ဂလင်းကနေ ဟိုမုန်းအထွက်နဲ aတာ့ လူကလေးလံထိုင်းမှိုင်းပြီး ကိုယ်အလေးချိန်လည်းတက်လာတယ် ။

ရုပ်ပါပြောင်းသွားလို့သူ့ကိုမမှတ်မိနိုင်ပါဘူး ခံတွင်းက ဗက်တီး ရီး ယားနဲ့အဆိပ်တွေက သိုင်းရွိုက်ဂလင်းရဲ့Pumpတွေကို blockလုပ်ထား လို့ ဟိုမုန်းကောင်းကောင်းမ ထွက်တဲ့အ တွက် သွားဆရာဝန်ဆီမှာ သေချာကုသလိုက်တဲ့နောက်မှာတော့ ပြန်ကောင်းသွားတာကို တွေ့ရှိ ရပါတယ်။အကျိုးကြီးမားသော ကျန်းမာရေး လက်ဆောင် သူလည်းသံလွင်ဆီကို နေ့စဉ်ဟင်းစားဇွန်းတစ်ဇွန်းစာဖြင့် ဆယ်မိနစ်ခန့် ပ လုတ်ကျင်းရာ ပြန်ပြီးရောဂါမဖြစ်တော့တာကို လေ့လာတွေ့ရှိရပါတယ်ထပ်မှန်၍ ကျောက်ကပ်ရောင်နေတဲ့ သူတစ်ယောက်အကြောင်းကို ပြောပြဆွေးနွေးလိုပါသေးတယ် သူ့မှာကျောက်ကပ်က ကောင်းကောင်း အလုပ်မလုပ်တော့။

လူက ဖောသွပ်သွပ်ဖြစ်လာပြီး မျက်ခွံပါမို့ပြီး ရုပ်ပါပြောင်းသွားပါတယ် ။ခြေထောက်တွေ ကလည်း ဖောပြီးရောင်ကိုင်းနေပါတော့တယ် ကျောက်ကပ်ဆေးတွေသောက်လည်း လူကသိပ်မသက်သာရှာပါဘူး တစ်နေ့ သူသွားအရမ်းနာနေလို့ သွားဆရာဝန်ကိုသွားရောက်ပြသတဲ့ အခါကြတော့မှ သွားဆရာဝန်တွေက သူ့ပါးစပ်ထဲမှာပျက်စီးနေတဲ့သွားနဲ့ သွားဖုံးတွေကိုပြန်ကောင်းအောင် ကုပေးလိုက်တော့မှ ကျောက် ကပ်လည်း ပြန်ကောင်းသွားတာကိုတွေ့ရှိရပါတယ် သူလည်းအုန်းဆီဟင်းစားဇွန်းတစ်ဇွန်းစာ နေ့စဉ်ပလုတ်ကျင်းတယ်ဟုသတိရပါတယ် ကျွန်တော်နဲ့အရမ်းခင်မင်တဲ့ ငယ်သူငယ်ချင်းတစ်ယောက်လည်း ငယ်ငယ်ကတည်းက ပါးစပ်တော်တော်နံတဲ့သူတစ်ယောက်ပါပဲ။

ဘယ်လောက်တောင်းနံသလည်းဆိုရင် မျက်နှာချင်းဆိုင်စကားပြောလို့တောင် အဆင်သိပ်မပြေချင်ပါဘူး ခံတွင်းအနံ့က ဆိုးဝါးတာလည်း မပြောနဲ့. သွားတိုက်လည်းအတော်လေး ပျင်သူဖြစ်တဲ့အတွက် နှစ်တွေကြာလာတော့ ခံတွင်းရောဂါခံစားလာရတာဖြစ်ပါတယ် ခံတွင်းရော ဂါတွေနဲ့သူငယ်ချင်းဟာ ငယ်ငယ်ကတည်းကလည်း သိပ်မကျန်းမာရှာတဲ့အတွက် အသက်(၄၅)နှစ်လောက်မှာဘဲ ဆုံးသွားတာကို တွေ့ခဲ့ရ ဘူးပါတယ်။ယခုအချိန်အခါမှာလည်း ရာသီဥတုအစားအသောက် အပြုအမူအနေအထိုင်တွေကြောင့် လူတော်တော်များများဖြစ်နေတဲ့ ရောဂါဝေဒနာတွေကတော့ အသည်းရောဂါ အဆုတ်ရောဂါ အစာအိမ် ကျောက်ကပ် နှလုံး အူလမ်းကြောင်း၊ဆီးချိုနှလုံးသွေးကြော။

ဦးနှောက်၊အသက်ရှူလမ်းကြောင်း၊ ဆီးလမ်းကြောင်းနဲ့ကင်ဆာရောဂါမျိုးစုံ အရိုးအဆစ်နာကျင်ကိုက်ခဲခြင်းတို့ဟာ ခံတွင်းမှာရှိနေတဲ့ ဗက်တီးရီးယားရောဂါပိုးမွှားတွေကနေ ထုတ်ပေးလိုက်တဲ့အဆိပ်တွေကြောင့် အများဆုံးဖြစ်နေကြတာကို အားလုံးသတိထားမိ စေချင် ပါတယ်။ခံတွင်းမသန့်လေရောဂါထူလေဘဲဖြစ်ပြီး ပါးစပ်နံလေရောဂါများလေ အသက်တိုလေပဲဖြစ်ပါတယ် သွားဖုံးအရင်းမှာ အစိမ်းရောင် အဝါရောင်ရှိတဲ့ပြည်တွေထဲမှာ အလွန်အဆိပ်ပြင်းတဲ့ရောဂါပိုးတွေရှိပါတယ် ဒါကြောင့်ခံတွင်းထဲဗက်တီးရီးယားတွေကို အမြဲတန်းရှင်းလင်း ပေးဖို့လိုအပ်ပါတယ်။ ခံတွင်းကရောဂါပိုးနဲ့အဆိပ်တွေကို ဖယ်ထုတ်ရှင်းလင်းဖို့ အကောင်းဆုံးနည်းကတော့။

အုန်းဆီ နှမ်းဆီ သံလွင်ဆီတို့ဖြင် ပလုတ်ကျင်းပေးခြင်းဖြစ်ပါတယ် ဘာကြောင့်လည်းဆိုတော့ ဆီကအဆိပ်စုပ်အားကောင်းပြီး သွားတွေ အကြားနဲ့သွားဖုံးရင်းတွေမှာ အိမ်ဖွဲ့နေကြတဲ့အဏုဇီဝရောဂါပိုးတွေကို ဆီကဆွဲထုတ်ပေးနိုင်လိုဘဲဖြစ်ပါတယ်။ နံနက်စောစော အိပ်ယာ ထတာနဲ့ ဆီတစ်ငုံစာကို၁၀မိနစ်လောက်ငုံထားပြီး ပလုတ်ကျင်းပေးပါက ရောဂါပိုးတွေထွက်သွားလိမ့်ပါမယ်။ ထိုကဲ့သို့ဆီဖြင့် ပလုပ်ကျင်း ပြီးမှ သွားတိုက်တာသည်အကောင်းဆုံးပါပဲ ပလုပ်ကျင်းပြီးရင်တော့ ရေနွေးနွေးလေးဖြင့်ပါစပ်ကို ပြန်လည်ဆေးကြောပေးရင်ဖြင့် အ ကောင်းဆုံးပါပဲခင်ဗျာ ။

ပလုတ်ကျင်းဖို့အကောင်းဆုံးဆီကတော့ မြန်မာနိုင်ငံမှာအလွယ်တကူ ဝယ်လို့ရတဲ့ အုန်းဆီဘဲဖြစ်ပါတယ် အုန်းဆီအပြင် သံလွင်ဆီ၊ နှမ်းဆီ တွေနဲ့လည်း ပလုတ်ကျင်းလို့လည်းရပါတယ် ပဲဆီ နေကြာဆီ စားအုန်ဆီတွေနဲ့တော့ ပလုတ်မကျင်းစေချင်ပါဘူးခင်ဗျာ။

ဒေါက်တာလှဝင်းအောင်(ခ)ဘစိုးဥ

Add a Comment

Your email address will not be published. Required fields are marked *