တစ္ႏိုင္ငံလုံး ခ်စ္ခင္ရတဲ့ အမ်ိဳးသားေခါင္းေဆာင္ျဖစ္လို႔ ဗိုလ္ခ်ဳပ္႐ုပ္ပုံနဲ႔မဲမဆြယ္ေရး ကန႔္ကြက္ရျခင္းျဖစ္ေၾကာင္း ေဒါက္တာနႏၵာလွျမင့္ ေျပာ

ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံအား မဲဆြယ္ရာတြ င္အသုံးမျပဳရန္ ႏိုင္ငံေရးပါတီ(၃၀) ခန႔္က တင္ျပခဲ့ေသာ္လည္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္ က လက္ခံျခင္း မရွိဘဲ ဗိုလ္ခ်ဳပ္႐ုပ္ပုံအား ပါတီမ်ား အားလုံ မဲဆြယ္ရာ တြင္ အသုံးျပဳႏိုင္ရန္ ခြင့္ျပဳခဲ့ေၾကာင္း သိရသည္ ။ “ဗိုလ္ ခ်ဳပ္ေအာင္ ဆန္း က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အေဖ ျဖစ္သလို အမ်ိဳးသားေခါင္းေဆာင္လည္းျဖစ္တယ္ ။ သာမာန္ ပုဂၢိဳလ္ ဆိုရင္ မေျပာဘူး။

တစ္ႏိုင္ငံလုံးက ခ်စ္ခင္တဲ့ အမ်ိဳးသားေခါင္းေဆာင္ျဖစ္လို႔ ႐ုပ္ပုံနဲ႔မဲမဆြယ္ေရးကန႔္ကြက္ရတာျဖစ္ ပါတယ္ ” ဟု ေဒါက္တာနႏၵာလွ ျမင့္ကေျပာသည္ ။ျပည္သူမ်ား အလိမ္မခံ ရ ေစရန္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ပုံျဖင့္ မဲမဆြယ္ရန္ ကန႔္ကြက္ ရျခင္း ျဖစ္ေၾကာင္း ျပည္ခိုင္ ၿဖိဳးပါတီ ေျပာေရး ဆိုခြင့္ ရွိသူ ေဒါက္တာနႏၵာလွျမင့္က ေျပာ သည္ ။

ယမန္ေန႔( ဇြန္ ၂၉ ရက္ ) မြန္းလြဲပိုင္းက ရန္ကုန္ၿမိဳ႕၊ House of Orchid ၌ ျပဳလုပ္ သည့္ ႏိုင္ငံေရး ပါတီမ်ား ေဆြးေႏြးပြဲ အၿပီး တြင္ သတင္း မီဒီယာမ်ားအား အထက္ပါ အတိုင္းေျပာၾကား ခဲ့ျခင္းျဖစ္ သည္ ။ “ဗိုလ္ခ်ဳပ္ ေအာင္ဆန္း က အမ်ိဳးသားေခါင္းေဆာင္ျဖစ္ တယ္ ။ လြတ္ လပ္ေရး ဖခင္ျဖစ္တယ္ ။ ျပည္သူ အားလုံး က ခ်စ္တယ္ ။ ကြၽန္ေတာ္ တို႔ ကိုယ္တိုင္လည္း ခ်စ္တယ္။

အဲ့ေတာ့ ျပည္သူေတြက သူ တို႔ မဲဆႏၵနယ္ မွာ ဗိုလ္ခ်ဴပ္ ကိုပဲ ျမင္တယ္ ။ ဒီခ်စ္တဲ့စိတ္ နဲ႔ပဲ ေဒသက ကိုယ္စားလွယ္ေလာင္း ကို မၾကည့္ နဲ႔ ဗိုလ္ခ်ဳပ္ပုံပဲ ၾကည့္ၿပီးမဲေပးၾက တယ္။ ဒီလိုဗိုလ္ခ်ဳပ္ပုံကိုပဲ ၾကည့္ၿပီး မဲေပး ခဲ့ၾကတဲ့ အတြက္ လႊတ္ေတာ္ ရဲ႕ စြမ္းေဆာင္ရည္ ၊ အစိုးရရဲ႕ စြမ္းေဆာင္ရည္ကို ၾကည့္ပါ။ တိုင္းျပည္ရဲ႕ စီးပြားေရး ဘယ္ေလာက္က်သြားလာလဲ။

ဒါေၾကာင့္ မဲဆႏၵျပည္သူေတြ ၾကည့္ရမွာက ပါတီ မဟုတ္ပါဘူး ။ ကိုယ္စားလွယ္ေလာင္းေတြ ရဲ႕ အရည္အခ်င္းပဲ ” ဟု ေဒါက္တာနႏၵာလွျမင့္ က ေျပာၾကား ခဲ့သည္ ။

REF: The Standard Time Daily

UNICODE

တစ်နိုင်ငံလုံး ချစ်ခင်ရတဲ့ အမျိုးသားခေါင်းဆောင်ဖြစ်လို့ ဗိုလ်ချုပ်ရုပ်ပုံနဲ့မဲမဆွယ်ရေး ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့် ပြော

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံအား မဲဆွယ်ရာတွ င်အသုံးမပြုရန် နိုင်ငံရေးပါတီ(၃၀) ခန့်က တင်ပြခဲ့သော်လည်း ရွေးကောက်ပွဲ ကော်မရှင် က လက်ခံခြင်း မရှိဘဲ ဗိုလ်ချုပ်ရုပ်ပုံအား ပါတီများ အားလုံ မဲဆွယ်ရာ တွင် အသုံးပြုနိုင်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည် ။ “ဗိုလ် ချုပ်အောင် ဆန်း က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖေ ဖြစ်သလို အမျိုးသားခေါင်းဆောင်လည်းဖြစ်တယ် ။ သာမာန် ပုဂ္ဂိုလ် ဆိုရင် မပြောဘူး။

တစ်နိုင်ငံလုံးက ချစ်ခင်တဲ့ အမျိုးသားခေါင်းဆောင်ဖြစ်လို့ ရုပ်ပုံနဲ့မဲမဆွယ်ရေးကန့်ကွက်ရတာဖြစ် ပါတယ် ” ဟု ဒေါက်တာနန္ဒာလှ မြင့်ကပြောသည် ။ပြည်သူများ အလိမ်မခံ ရ စေရန် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် မဲမဆွယ်ရန် ကန့်ကွက် ရခြင်း ဖြစ်ကြောင်း ပြည်ခိုင် ဖြိုးပါတီ ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြော သည် ။

ယမန်နေ့( ဇွန် ၂၉ ရက် ) မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ House of Orchid ၌ ပြုလုပ် သည့် နိုင်ငံရေး ပါတီများ ဆွေးနွေးပွဲ အပြီး တွင် သတင်း မီဒီယာများအား အထက်ပါ အတိုင်းပြောကြား ခဲ့ခြင်းဖြစ် သည် ။ “ဗိုလ်ချုပ် အောင်ဆန်း က အမျိုးသားခေါင်းဆောင်ဖြစ် တယ် ။ လွတ် လပ်ရေး ဖခင်ဖြစ်တယ် ။ ပြည်သူ အားလုံး က ချစ်တယ် ။ ကျွန်တော် တို့ ကိုယ်တိုင်လည်း ချစ်တယ်။

အဲ့တော့ ပြည်သူတွေက သူ တို့ မဲဆန္ဒနယ် မှာ ဗိုလ်ချူပ် ကိုပဲ မြင်တယ် ။ ဒီချစ်တဲ့စိတ် နဲ့ပဲ ဒေသက ကိုယ်စားလှယ်လောင်း ကို မကြည့် နဲ့ ဗိုလ်ချုပ်ပုံပဲ ကြည့်ပြီးမဲပေးကြ တယ်။ ဒီလိုဗိုလ်ချုပ်ပုံကိုပဲ ကြည့်ပြီး မဲပေး ခဲ့ကြတဲ့ အတွက် လွှတ်တော် ရဲ့ စွမ်းဆောင်ရည် ၊ အစိုးရရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပါ။ တိုင်းပြည်ရဲ့ စီးပွားရေး ဘယ်လောက်ကျသွားလာလဲ။

ဒါကြောင့် မဲဆန္ဒပြည်သူတွေ ကြည့်ရမှာက ပါတီ မဟုတ်ပါဘူး ။ ကိုယ်စားလှယ်လောင်းတွေ ရဲ့ အရည်အချင်းပဲ ” ဟု ဒေါက်တာနန္ဒာလှမြင့် က ပြောကြား ခဲ့သည် ။

REF:   The Standard Time Daily

Add a Comment

Your email address will not be published. Required fields are marked *