




REF: SHWE WIKI

UNICODE

တွံတေး သိန်းတန်ရဲ့ နောက်ဆုံး ခရီးအကြောင်း ကို ဆို့နင့်စွာ ပြောပြ ခဲ့ တဲ့ ပထမ ဇနီး

အစကတော့အကုန်လုံးကဂူမသွင်းတော့ဘူးလုပ်ကြတာအန်တီက ဂူသွင်းဖြစ်အောင်သွင်းမယ်ဆိုပြီးလုပ်လို့အခုလိုအုတ်ဂူလေး ရှိနေတာ ပေါ့နော်မဟုတ်ရင်တော့လည်း မြောင်းထဲရောက်နေမှာပေါ့လိုဆိုကာခင်ပွန်းဟောင်းရဲ့နောက်ဆုံးလဲလျောင်းရာအနီးနားမှာပဲ ဆက်လက် နေထိုင်ဖြစ်တယ်လို့ အဆိုတော်ကြီးတွံတေးသိန်းတန်ရဲ့ ပထမဇနီး အဘွားဒေါ်ခင်စန်းမြင့် ပြောခဲ့ပါတယ် ။တွံတေးသိန်းတန်ရဲ့ ပရိတ်သတ် တွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်နော်။

မြန်မာေ တးသံရှင်အဆိုတော်ကြီးတွံတေးသိန်းတန်ဟာဆိုရင် အခုချိန်ထိပရိတ်သတ်တွေရဲ့ရင်ကိုကိုင်လှုပ်နိုင်စွမ်းရှိသူပဲဖြစ်ပါတယ်။ ကွယ် လွန်ခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီဆိုပေမဲ့လည်းပရိတ်သတ်တွေကတော့အခုချိန်ထိချစ်ခင်အားပေးနေဆဲဖြစ်သလို သူ့ရဲ့သီချင်းများ ကလည်း ယနေ့ထက်တိုင်အောင် မြင်နေဆဲလူကြိုက်များနေဆဲပါပဲနော် ။ တွံတေးသိန်းတန်ရဲ့ပထမဇနီးဖြစ်သူ အဘွားဒေါ်ခင်စန်းမြင့်က တော့ ကွယ်လွန်သွားခဲ့တဲ့ ခင်ပွန်းဟောင်းနဲ့ပက်သက်ပြီး အမှတ်တရတွေထဲကတစ်ခုဖြစ်တဲ့တွံတေးသိန်းတန်ရဲ့ နောက်ဆုံးခရီးအကြောင်း ကိုအခုလိုပဲပြောပြခဲ့ပါတယ်။

အဘွား ဒေါ်ခင်စန်းမြင့် ပြောခဲ့တာကတော့ဦးသိန်းတန်က ဆေးရုံမှာပဲအန်တီ့လက်ထဲမှာပဲ ဆုံးသွားခဲ့တာ ။အမျိုးတော်တဲ့ သူရောအမျိုးမ တော်တဲ့သူရောအသုဘကိုလိုက်ပို့ကြတာပေါ့ဦးသိန်းတန်ကို တော်တော်ကို ချစ်ကြတာပါ ။လူတွေကလည်းအများကြီးပဲ ။ အဲ့ဒီ့အချိန်အန် တီကလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ ဘူးဆိုကာ တွံတေးသိန်းတန်ရဲ့နောက်ဆုံးခရီးမှာ ပရိတ်သတ်တွေအများအပြား လိုက်ပါ ပို့ဆောင်ပေးခဲ့တဲ့ အကြောင်းကိုပြောပြခဲ့ပါတယ်။

အဘွားဒေါ်ခင်စန်းမြင့်က လက်ရှိမှာရွှေပေါက္ကံမှာ နေထိုင်နေတာနဲ့ပက်သက်ပြီးတော့လည်း အခုလိုပဲဆက်လက်ပြောပြခဲ့ပါတယ် ။အခု ရွှေပေါက္ကံမှာ နေတော့လည်း သားသမီးတွေကိုနင်တို့အဖေနဲ့ နီးနီးလေးပဲ လို့ငါဒီမှာပဲနေတော့မယ်ဆိုပြီး ပြောဖြစ်တယ် ။တကယ်လည်း အုတ်ဂူနဲ့နီးနီးလေးပဲသွားလိုက်ရင်ကားခမကုန်တော့ဘူး ..လို့ ပြောပါတယ်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *