ဗိုလ္ခ်ဳပ္ႀကီး ဆူေလမာနီ အသတ္ခံရမႈအတြက္ အေမရိကန္သမၼတထရန႔္နဲ႔ အေပါင္းပါမ်ားကို အီရန္ႏိုင္ငံက ဖမ္းဝရမ္းထုတ္

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ အေနျဖင့္ သမၼတသက္တမ္း ကုန္ဆုံးသြားရင္ေတာင္ သူ႔ကို စြဲခ်က္တင္ႏိုင္ဖို႔ ဆက္လုပ္သြားမယ္လို႔ အီ ရန္ႏိုင္ငံက ေျပာပါတယ္။ ျပင္သစ္ႏိုင္ငံ၊ လိုင္ယြန္ၿမိဳ႕မွာ အေျခစိုက္တဲ့ ႏိုင္ငံတကာရဲတပ္ဖြဲ႕ကေတာ့ ဒီသတင္းအေပၚ တစ္စုံတစ္ရာ တုံ႔ျပန္ ျခင္းမရွိေသးပါဘူး။ႏိုင္ငံေရးနဲ႔ စပ္လ်ဥ္းတဲ့ကိစၥေတြမွာ ၾကားဝင္စြက္ဖက္ျခင္းမလုပ္ဖို႔ စည္းမ်ဥ္းထုတ္ျပန္ထားတဲ့အတြက္ ႏိုင္ငံတကာရဲ တပ္ဖြဲ႕က အီရန္ႏိုင္ငံကို အကူအညီေပးဖြယ္ မရွိပါဘူး။

အီရန္စစ္ဗိုလ္ခ်ဳပ္ ဆိုေလမာနီကို လုပ္ႀကံခဲ့တဲ့ ေမာင္းသူမဲ့ယာဥ္အသုံးျပဳ တိုက္ခိုက္မႈအတြက္ အီရန္ႏိုင္ငံက အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္နဲ႔ လူ ၃၅ ေယာက္ကို ဖမ္းဆီးမိန႔္ ထုတ္ျပန္ခဲ့ၿပီး သူတို႔ကို ဖမ္းဆီးေပးဖို႔ ႏိုင္ငံတကာရဲတပ္ဖြဲ႕(Interpol)ကို အကူအညီ ေတာင္းခဲ့ပါ တယ္။ဇန္နဝါရီလ ၃ ရက္က အီရတ္ႏိုင္ငံၿမိဳ႕ေတာ္ ဘဂၢဒက္ၿမိဳ႕မွာ ျဖစ္ပြားခဲ့တဲ့ ေမာင္းသူမဲ့ယာဥ္အသုံးျပဳ တိုက္ခိုက္မႈေၾကာင့္ အီရန္ေတာ္ လွန္ေရးသက္ေစာင့္တပ္ဖြဲ႕ရဲ႕ ကြက္ဒ္တပ္ဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ဆိုေလမာနီနဲ႔ တျခားသူ ၅ ေယာက္ ေသဆုံးခဲ့ပါတယ္။

အဲဒီတိုက္ခိုက္မႈမွာ ပါဝင္ခဲ့တယ္ဆိုတဲ့ လူ ၃၅ ေယာက္နဲ႔ ေဒၚနယ္ထရမ့္တို႔ဟာ လူသတ္မႈ၊ အၾကမ္းဖက္မႈ စြဲခ်က္ေတြ ရင္ဆိုင္ရမယ္လို႔ အီ ရန္အစိုးရေရွ႕ေန အယ္ကာဆီမာက ေျပာပါတယ္။ ေဒၚနယ္ထရမ့္နဲ႔အတူ ဖမ္းဆီးမိန႔္ထုတ္ျပန္ခံရတဲ့ တျခားသူေတြက ဘယ္သူေတြလဲဆို တာကိုေတာ့ သူက ထုတ္ေျပာခဲ့ျခင္းမရွိပါဘူး။

REF: THE LIFESTYLE MYANMAR

UNICODE

ဗိုလ်ချုပ်ကြီး ဆူလေမာနီ အသတ်ခံရမှုအတွက် အမေရိကန်သမ္မတထရန့်နဲ့ အပေါင်းပါများကို အီရန်နိုင်ငံက ဖမ်းဝရမ်းထုတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် သမ္မတသက်တမ်း ကုန်ဆုံးသွားရင်တောင် သူ့ကို စွဲချက်တင်နိုင်ဖို့ ဆက်လုပ်သွားမယ်လို့ အီ ရန်နိုင်ငံက ပြောပါတယ်။ ပြင်သစ်နိုင်ငံ၊ လိုင်ယွန်မြို့မှာ အခြေစိုက်တဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ကတော့ ဒီသတင်းအပေါ် တစ်စုံတစ်ရာ တုံ့ပြန် ခြင်းမရှိသေးပါဘူး။နိုင်ငံရေးနဲ့ စပ်လျဉ်းတဲ့ကိစ္စတွေမှာ ကြားဝင်စွက်ဖက်ခြင်းမလုပ်ဖို့ စည်းမျဉ်းထုတ်ပြန်ထားတဲ့အတွက် နိုင်ငံတကာရဲ တပ်ဖွဲ့က အီရန်နိုင်ငံကို အကူအညီပေးဖွယ် မရှိပါဘူး။

အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီကို လုပ်ကြံခဲ့တဲ့ မောင်းသူမဲ့ယာဉ်အသုံးပြု တိုက်ခိုက်မှုအတွက် အီရန်နိုင်ငံက အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နဲ့ လူ ၃၅ ယောက်ကို ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့ပြီး သူတို့ကို ဖမ်းဆီးပေးဖို့ နိုင်ငံတကာရဲတပ်ဖွဲ့(Interpol)ကို အကူအညီ တောင်းခဲ့ပါ တယ်။ဇန်နဝါရီလ ၃ ရက်က အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ မောင်းသူမဲ့ယာဉ်အသုံးပြု တိုက်ခိုက်မှုကြောင့် အီရန်တော် လှန်ရေးသက်စောင့်တပ်ဖွဲ့ရဲ့ ကွက်ဒ်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆိုလေမာနီနဲ့ တခြားသူ ၅ ယောက် သေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ လူ ၃၅ ယောက်နဲ့ ဒေါ်နယ်ထရမ့်တို့ဟာ လူသတ်မှု၊ အကြမ်းဖက်မှု စွဲချက်တွေ ရင်ဆိုင်ရမယ်လို့ အီ ရန်အစိုးရရှေ့နေ အယ်ကာဆီမာက ပြောပါတယ်။ ဒေါ်နယ်ထရမ့်နဲ့အတူ ဖမ်းဆီးမိန့်ထုတ်ပြန်ခံရတဲ့ တခြားသူတွေက ဘယ်သူတွေလဲဆို တာကိုတော့ သူက ထုတ်ပြောခဲ့ခြင်းမရှိပါဘူး။

REF:   THE  LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *