မႏၲေလးၿမိဳ႕ လယ္ေခါင္ က ေသနတ္ပစ္ခ တ္မႈ ႏွင့္ လက္နက္ရရွိမႈ အရႈပ္ေ တာ္ပုံ ( ျဖစ္စဥ္ အျပည့္အစုံ )

ထိုကဲ့သို႔ ဆိုင္ကယ္ စီးလာသူ စုံတြဲအားေသနတ္ျဖင့္ ပစ္ခတ္မႈက်ဴးလြန္သူမွာ ေကာင္မေလး၏ ရည္းစားေဟာင္းျဖစ္ေၾကာင္း သိရၿပီး က်ဴး လြန္ရာတြင္ ပါဝင္ခဲ့သူ ေလးဦးကို တစ္ရက္အတြင္း ဖမ္းမိခဲ့ ပါတယ္။ျဖစ္စဥ္မွာ ဇြန္လ ၂၇ ရက္ ည ၈ နာရီဝန္းက်င္က မႏၲေလးၿမိဳ႕ က်ဳံး ေတာင္ဘက္ျခမ္း ၂၆ လမ္းနဲ႔ လမ္း ၈၀ မီးပြိဳင့္မွာ ေသနတ္ပစ္ခတ္မႈျဖစ္ေပၚခဲ့တာပါ။ ကိုမိုးဟိန္း (၁၇ ႏွစ္)နဲ႔ ရည္းစားျဖစ္သူေကာင္မေလး တို႔ ဆိုင္ကယ္ စီးလာၾကစဥ္ လူငယ္ အမ်ိဳးသားေလးဦး တို႔ဟာ ဆိုင္ကယ္နဲ႔ လိုက္လာၿပီး မီးပြိဳင့္မိစဥ္မွာ ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာလို႔ သိရ ပါတယ္။

က်ေနာ့သားေလး က ဆိုင္ကယ္ ေမာင္းလာတာ။ သူ႔ေနာက္မွာ ေကာင္မေလးက ထိုင္လိုက္လာတယ္။ အဲဒီအခ်ိန္ ေဘးအနားက ဆိုင္ကယ္ ေပၚကေန ေသနတ္နဲ႔ အနားကပ္ၿပီး ေတ့ပစ္သြားတာပါ။ နံၾကားထဲဝင္သြားတာ။ က်ည္ဆန္ဝင္သြားေပ မယ့္ အသက္ အႏၲရာယ္ မစိုးရိမ္ရ ပါဘူး ။ ခြဲစိတ္ဖို႔ ေဆာင္႐ြက္ေန ပါတယ္။ စပစ္ခံရကတည္းက သတိလည္းလစ္မသြားဘဲ ဆိုင္ကယ္နဲ႔ အိမ္ကို ျပန္လာေသးတယ္” ဟု ေသနတ္ျဖင့္ပစ္ခတ္ခံရသူ ၏ ဖခင္ ဦးခင္ေမာင္လြင္ကလည္း ေျပာၾကားခဲ့ ပါတယ္ ။ ကိုမိုးဟိန္းရဲ႕ ဝဲဘက္နံေဘး ေပါက္ထြက္ ဒဏ္ရာတစ္ ခ်က္ရရွိခဲ့ၿပီး လက္ရွိမွာ မႏၲေလးအေထြေထြေရာဂါကု ေဆး႐ုံႀကီး မွာ ေဆးကုသမႈခံ ယူေနတာ ျဖစ္ ပါတယ္ ။

မေႏၲ လးၿမိဳ႕ေပ ၚမွာ ျဖစ္ေပၚ ခဲ့တဲ့ ေသနတ္ ပစ္ခတ္မႈနဲ႔ ပတ္သက္ လို႔ အသုံးျပဳ ခဲ့တဲ့ ေသနတ္ဟာ အၿငိမ္းစားေက်ာင္း ဆရာမ တစ္ဦး ဆီက ရရွိတာလို႔ စစ္ေဆးေပၚေပါက္တဲ့ အတြက္ အဲ့ဒီေက်ာင္း ဆရာမ ကိုပါ ဖမ္းဆီးခဲ့ၿပီး ဒီကေန႔ ေန႔လယ္ပိုင္း မွာပဲ ေအာင္ေျမသာစံ ၿမိဳ႕နယ္တရား႐ုံး မွာ ႐ုံးထုတ္ ရမာန္ယူခဲ့ ပါတယ္/“ေသနတ္က ဘယ္ကရလဲဆိုေတာ့ ဆရာမထဲ ကရတာလို႔ သိရတယ္။ ဆရာမ ကလည္း ဘယ္ကရတာလဲ ဆိုေတာ့ သူ႔အေဖဆီကရတယ္လို႔ သိရတယ္။ သူ႔အေဖက လဝကက။ တရားဝင္ကိုင္တယ္လို႔ ေျပာတယ္။ အဲဒါကေတာ့ ျဖစ္ႏိုင္မျဖစ္ႏိုင္ စုံစမ္းရမွာေပါ့။

သူ႔အေဖကလည္း ဆုံးသြားၿပီ။ အဲလိုအေျခေနေတာ့ ရွိတယ္ ။ မၿပီးေသးဘူးေပါ့ စစ္ေနတာက ။ အဲေတာ့ စစ္ေဆးေပၚေပါက္ခ်က္ အရ ဥပ ေဒအႀကံေတာင္းၿပီး မွ အမႈစြဲဆိုတာေတြ လုပ္ရမွာေပါ့ ။ အတိက်ေတာ့ ေျပာမရေသးဘူး ။ ဘာလက္ နက္ကိုင္ အဖြဲ႕နဲ႔မွလည္း မဆိုင္ဘူး ။ ေသာင္းက်န္းသူနဲ႔လည္း မဆိုင္ဘူး။ ဆရာမဆီက ရတာပဲ။ ဆရာမ‌အေဖက လိုင္စ င္နဲ႔ ကိုင္ခဲ့တယ္လို႔ သိရတယ္။ ေလာေလာဆယ္က အဲဒါပဲ”/ခ႐ိုင္လဝက လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးထြန္းၾကည္(အၿငိမ္းစား ) လိုင္စင္နဲ႔ကိုင္တဲ့ ေသနတ္လို႔ ေျပာ ပါတယ္။ သူ႔ (ေက်ာင္းဆရာမ)အေဖ ဆုံးသြားေတာ့ အဲေသနတ္က က်န္ေနတာေပါ့ ။ သူ႔တပည့္ကို လႊင့္ပစ္ခိုင္းတယ္လို႔ ေျပာတယ္ ။

တပည့္က လႊင့္မပစ္ဘဲ နဲ႔ အဲ့ေသနတ္ ကို ဆက္ၿပီး သိမ္းထားၿပီး အသုံးျပဳတဲ့ သေဘာသြားေတြ႕ရ ပါတယ္။ အခုဆက္စစ္ေန ပါတယ္။”လို႔ မႏၲေလးတိုင္း ဒုတိယရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး ေမာင္ေမာင္ေအးက ေျပာ ပါတယ္။ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ျပစ္မႈက်ဳးလြန္ရာမွာ ပါဝင္သူ(၈)ဦး အထိ ရွိခဲ့ၿပီး အၿငိမ္းစားေက်ာင္းဆရာမ အပါအဝင္ အမ်ိဳးသား (၇) ဦးကို ေအာင္ေျမသာစံၿမိဳ႕နယ္၊ အမွတ္(၂)ရဲစခန္းက (ပ) ၁၁၆/၂၀၂၀၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၇/၃၂၆ ၊ (ပ)၁၁၇/၂၀၂၀၊ လက္နက္ဥပေဒပုဒ္မ-၁၉(စ)နဲ႔ အမႈဖြင့္ဖမ္းဆီးအေရးယူကာ က်န္တဲ့ အမ်ိဳးသား (၁)ဦးဟာ အသက္မျပည့္ေသးတဲ့အတြက္ ဘယ္လိုမ်ိဳးအေရးယူေဆာင္႐ြက္မယ္ဆိုတာကိုေတာ့ မသိရေသး ပါဘူး။

REF: SHWE WIKI

UNICODE

မန္တလေးမြို့ လယ်ခေါင် က သေနတ်ပစ်ခ တ်မှု နှင့် လက်နက်ရရှိမှု အရှုပ်ေ တာ်ပုံ ( ဖြစ်စဉ် အပြည့်အစုံ )

ထိုကဲ့သို့ ဆိုင်ကယ် စီးလာသူ စုံတွဲအားသေနတ်ဖြင့် ပစ်ခတ်မှုကျူးလွန်သူမှာ ကောင်မလေး၏ ရည်းစားဟောင်းဖြစ်ကြောင်း သိရပြီး ကျူး လွန်ရာတွင် ပါဝင်ခဲ့သူ လေးဦးကို တစ်ရက်အတွင်း ဖမ်းမိခဲ့ ပါတယ်။ဖြစ်စဉ်မှာ ဇွန်လ ၂၇ ရက် ည ၈ နာရီဝန်းကျင်က မန္တလေးမြို့ ကျုံး တောင်ဘက်ခြမ်း ၂၆ လမ်းနဲ့ လမ်း ၈၀ မီးပွိုင့်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပေါ်ခဲ့တာပါ။ ကိုမိုးဟိန်း (၁၇ နှစ်)နဲ့ ရည်းစားဖြစ်သူကောင်မလေး တို့ ဆိုင်ကယ် စီးလာကြစဉ် လူငယ် အမျိုးသားလေးဦး တို့ဟာ ဆိုင်ကယ်နဲ့ လိုက်လာပြီး မီးပွိုင့်မိစဉ်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ သိရ ပါတယ်။

ကျနော့သားလေး က ဆိုင်ကယ် မောင်းလာတာ။ သူ့နောက်မှာ ကောင်မလေးက ထိုင်လိုက်လာတယ်။ အဲဒီအချိန် ဘေးအနားက ဆိုင်ကယ် ပေါ်ကနေ သေနတ်နဲ့ အနားကပ်ပြီး တေ့ပစ်သွားတာပါ။ နံကြားထဲဝင်သွားတာ။ ကျည်ဆန်ဝင်သွားပေ မယ့် အသက် အန္တရာယ် မစိုးရိမ်ရ ပါဘူး ။ ခွဲစိတ်ဖို့ ဆောင်ရွက်နေ ပါတယ်။ စပစ်ခံရကတည်းက သတိလည်းလစ်မသွားဘဲ ဆိုင်ကယ်နဲ့ အိမ်ကို ပြန်လာသေးတယ်” ဟု သေနတ်ဖြင့်ပစ်ခတ်ခံရသူ ၏ ဖခင် ဦးခင်မောင်လွင်ကလည်း ပြောကြားခဲ့ ပါတယ် ။ ကိုမိုးဟိန်းရဲ့ ဝဲဘက်နံဘေး ပေါက်ထွက် ဒဏ်ရာတစ် ချက်ရရှိခဲ့ပြီး လက်ရှိမှာ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး မှာ ဆေးကုသမှုခံ ယူနေတာ ဖြစ် ပါတယ် ။

မန္တေ လးမြို့ပေ ါ်မှာ ဖြစ်ပေါ် ခဲ့တဲ့ သေနတ် ပစ်ခတ်မှုနဲ့ ပတ်သက် လို့ အသုံးပြု ခဲ့တဲ့ သေနတ်ဟာ အငြိမ်းစားကျောင်း ဆရာမ တစ်ဦး ဆီက ရရှိတာလို့ စစ်ဆေးပေါ်ပေါက်တဲ့ အတွက် အဲ့ဒီကျောင်း ဆရာမ ကိုပါ ဖမ်းဆီးခဲ့ပြီး ဒီကနေ့ နေ့လယ်ပိုင်း မှာပဲ အောင်မြေသာစံ မြို့နယ်တရားရုံး မှာ ရုံးထုတ် ရမာန်ယူခဲ့ ပါတယ်/“သေနတ်က ဘယ်ကရလဲဆိုတော့ ဆရာမထဲ ကရတာလို့ သိရတယ်။ ဆရာမ ကလည်း ဘယ်ကရတာလဲ ဆိုတော့ သူ့အဖေဆီကရတယ်လို့ သိရတယ်။ သူ့အဖေက လဝကက။ တရားဝင်ကိုင်တယ်လို့ ပြောတယ်။ အဲဒါကတော့ ဖြစ်နိုင်မဖြစ်နိုင် စုံစမ်းရမှာပေါ့။

သူ့အဖေကလည်း ဆုံးသွားပြီ။ အဲလိုအခြေနေတော့ ရှိတယ် ။ မပြီးသေးဘူးပေါ့ စစ်နေတာက ။ အဲတော့ စစ်ဆေးပေါ်ပေါက်ချက် အရ ဥပ ဒေအကြံတောင်းပြီး မှ အမှုစွဲဆိုတာတွေ လုပ်ရမှာပေါ့ ။ အတိကျတော့ ပြောမရသေးဘူး ။ ဘာလက် နက်ကိုင် အဖွဲ့နဲ့မှလည်း မဆိုင်ဘူး ။ သောင်းကျန်းသူနဲ့လည်း မဆိုင်ဘူး။ ဆရာမဆီက ရတာပဲ။ ဆရာမ‌အဖေက လိုင်စ င်နဲ့ ကိုင်ခဲ့တယ်လို့ သိရတယ်။ လောလောဆယ်က အဲဒါပဲ”/ခရိုင်လဝက လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းကြည်(အငြိမ်းစား ) လိုင်စင်နဲ့ကိုင်တဲ့ သေနတ်လို့ ပြော ပါတယ်။ သူ့ (ကျောင်းဆရာမ)အဖေ ဆုံးသွားတော့ အဲသေနတ်က ကျန်နေတာပေါ့ ။ သူ့တပည့်ကို လွှင့်ပစ်ခိုင်းတယ်လို့ ပြောတယ် ။

တပည့်က လွှင့်မပစ်ဘဲ နဲ့ အဲ့သေနတ် ကို ဆက်ပြီး သိမ်းထားပြီး အသုံးပြုတဲ့ သဘောသွားတွေ့ရ ပါတယ်။ အခုဆက်စစ်နေ ပါတယ်။”လို့ မန္တလေးတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးက ပြော ပါတယ်။ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြစ်မှုကျုးလွန်ရာမှာ ပါဝင်သူ(၈)ဦး အထိ ရှိခဲ့ပြီး အငြိမ်းစားကျောင်းဆရာမ အပါအဝင် အမျိုးသား (၇) ဦးကို အောင်မြေသာစံမြို့နယ်၊ အမှတ်(၂)ရဲစခန်းက (ပ) ၁၁၆/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၇/၃၂၆ ၊ (ပ)၁၁၇/၂၀၂၀၊ လက်နက်ဥပဒေပုဒ်မ-၁၉(စ)နဲ့ အမှုဖွင့်ဖမ်းဆီးအရေးယူကာ ကျန်တဲ့ အမျိုးသား (၁)ဦးဟာ အသက်မပြည့်သေးတဲ့အတွက် ဘယ်လိုမျိုးအရေးယူဆောင်ရွက်မယ်ဆိုတာကိုတော့ မသိရသေး ပါဘူး။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *