ယာဥ္အမည္ေပါက္ ေလွ်ာက္ထားျခင္းကို ဇူလိုင္ (၁) ရက္ေန႔မွစ၍ ပိုင္ရွင္ကိုယ္တိုင္ လာစရာမလိုပဲ ေလွ်ာက္ထားႏိုင္

အမည္ေျပာင္းေဆာင္႐ြက္သည့္ ယာဥ္ပိုင္ရွင္မ်ားသည္ အမည္ေျပာင္းလဲဖို႔ ျပည္တြင္း အခြန္မ်ားဦးစီးဌာနမွာ ေမာ္ေတာ္ယာဥ္ ဝယ္ယူျခင္း အတြက္ က်သင့္တဲ့ေငြအေပၚ ဝင္ေငြခြန္ေပးေဆာင္ရန္ အေထာက္အထားမ်ားတင္ျပ၍ က်သင့္အမည့္ အခြန္ေငြမ်ား ေပးသြင္းေဆာင္႐ြက္ ခဲ့ၿပီးသူမ်ား ျဖစ္ျခင္းေၾကာင့္ ေျဖေလ်ာ့ေပးလိုက္ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။ယင္းက “ အမည္ေျပာင္းလို႔ မူလ႐ုံးကေန နယ္ထြက္ေဆာင္ ႐ြက္ရတဲ့ ယာဥ္ ပိုင္ရွင္ေတြ နယ္ထြက္(၁)ႀကိမ္၊ နယ္ဝင္(၁)ႀကိမ္ သက္ဆိုင္ရာ႐ုံးမ်ားကို သြားေရာက္ေဆာင္႐ြက္ေနလို႔ အခက္အခဲျဖစ္ ေန တာေတြ ေတြ႕ရတဲ့အတြက္ အမည္ေျပာင္း၊ ေနရပ္ေျပာင္းအတြက္ နယ္ဝင္/နယ္ထြက္ ေဆာင္႐ြက္ရာမွာ လူစုလူေဝးမျဖစ္ဖို႔ပါ။

ယာဥ္ပိုင္ရွင္ေတြ လုပ္ငန္းလြယ္ကူစြာေဆာင္႐ြက္ႏိုင္ဖို႔နဲ႔ ႐ုံးေတြ လုပ္ငန္းျမန္ဆန္ဖို႔ ရည္စူးၿပီး ျပည္နယ္၊ တိုင္းေဒသႀကီးအတြင္း ေနရပ္ ေျပာင္းလဲျခင္းေၾကာင့္ မွတ္ပုံတင္ ႐ုံး ေျပာင္းေ႐ႊ႕ရရင္ လိပ္စာေျပာင္းရမယ့္႐ုံးအသစ္ကို ထပ္သြားစရာမလိုေတာ့ဘဲ အမႈတြဲေပးပို႔ၿပီး ဆက္ လက္ေဆာင္႐ြက္ေပးေနပါၿပီ။ ျပည္နယ္/တိုင္းေက်ာ္လြန္ၿပီး အမည္၊ ေနရပ္ ေျပာင္းျခင္းကိုေတာ့ အရင္အတိုင္း ဆက္လက္ေဆာင္႐ြက္ ရမွာျဖစ္ပါတယ္။”လို႔ဆိုပါတယ္။ လက္ရွိတြင္ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ ေခတ္စနစ္နဲ႔အညီ ျပည္သူ ေတြအဆင္ ေျပေစဖို႔ ေလွ်ာ့ခ်ေပးႏိုင္သည့္ လုပ္ငန္းမ်ားကို ထပ္မံေလွ်ာ့ခ်ေပးရန္ စီစဥ္ေနေၾကာင္း သိရပါတယ္။

ဇူလိုင္ ၁ ရက္ေန႔မွစတင္ကာ ယာဥ္ပိုင္ရွင္အမည္ေျပာင္းေလွ်ာက္ထားျခင္းကို ပိုင္ရွင္ကိုယ္တိုင္ လာ ေရာက္ စရာမလိုေတာ့ဘူးလို႔ ကုန္း လမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာမွ သိရပါတယ္။ယာဥ္ပိုင္ရွင္အမည္ေျပာင္းေလွ်ာက္ထားျခင္းကို ယာဥ္ဝယ္ယူျခင္းအတြက္ ျပည္ တြင္း အခြန္မွာ အခြန္ စည္းၾကပ္မႈခံယူ ၿပီးေၾကာင္း အခြန္ပုံစံတြင္ အမည္ေပါက္ေပးေဆာင္သူ၏ ႏိုင္ငံသားစိစစ္ေရးကတ္မူရင္း၊ အိမ္ေထာင္ စုလူဉီးေရ စာရင္း(ပုံစံ-၁၀)မူရင္း၊ အေရာင္းအဝယ္စာခ်ဳပ္၊ ျပည္တြင္းအခြန္တြင္ ယာဥ္ဝယ္ယူျခင္းအတြက္ အခြန္စည္းၾကပ္မႈ ခံယူၿပီး ေၾကာင္း အခြန္ပုံစံျဖင့္ လုပ္ငန္းလာေရာက္ ေဆာင္႐ြက္သူ၏ ႏိုင္ငံသားစိစစ္ေရးကတ္မူရင္း တင္ျပလို႔ ရပါၿပီ။

ပိုင္ရွင္ကိုယ္တိုင္မလာေရာက္ေစေတာ့ဘဲ အမည္ေျပာင္းမႈကို လုပ္ေဆာင္ႏိုင္ၿပီျဖစ္တယ္လို႔ ဆိုပါတယ္။ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကား မႈဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက “ယခုအမည္ေျပာင္း ေဆာင္ ႐ြက္ရာတြင္ COVID-19 ကပ္ေရာဂါေၾကာင့္ လူစုလူေဝး မျဖစ္ေစဖို႔၊ အ ေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပိုင္ရွင္ေတြကိုယ္တိုင္လာဖို႔ အခက္အခဲျဖစ္ေနတဲ့သူေတြ ေျပလည္ေစဖို႔နဲ႔ လုပ္ငန္းျမန္ဆန္ဖို႔ရည္စူးၿပီး အမည္ ေျပာင္းပိုင္ရွင္ကိုယ္တိုင္ လာေရာက္ေဆာင္႐ြက္ ျခင္းကို ေျဖေလွ်ာ့ေပးမွာ ျဖစ္ပါတယ္”လို႔ ဆိုပါတယ္။

REF: MYANMA PLATFORM

UNICODE

ယာဉ်အမည်ပေါက် လျှောက်ထားခြင်းကို ဇူလိုင် (၁) ရက်နေ့မှစ၍ ပိုင်ရှင်ကိုယ်တိုင် လာစရာမလိုပဲ လျှောက်ထားနိုင်

အမည်ပြောင်းဆောင်ရွက်သည့် ယာဉ်ပိုင်ရှင်များသည် အမည်ပြောင်းလဲဖို့ ပြည်တွင်း အခွန်များဦးစီးဌာနမှာ မော်တော်ယာဉ် ဝယ်ယူခြင်း အတွက် ကျသင့်တဲ့ငွေအပေါ် ဝင်ငွေခွန်ပေးဆောင်ရန် အထောက်အထားများတင်ပြ၍ ကျသင့်အမည့် အခွန်ငွေများ ပေးသွင်းဆောင်ရွက် ခဲ့ပြီးသူများ ဖြစ်ခြင်းကြောင့် ဖြေလျော့ပေးလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ယင်းက “ အမည်ပြောင်းလို့ မူလရုံးကနေ နယ်ထွက်ဆောင် ရွက်ရတဲ့ ယာဉ် ပိုင်ရှင်တွေ နယ်ထွက်(၁)ကြိမ်၊ နယ်ဝင်(၁)ကြိမ် သက်ဆိုင်ရာရုံးများကို သွားရောက်ဆောင်ရွက်နေလို့ အခက်အခဲဖြစ် နေ တာတွေ တွေ့ရတဲ့အတွက် အမည်ပြောင်း၊ နေရပ်ပြောင်းအတွက် နယ်ဝင်/နယ်ထွက် ဆောင်ရွက်ရာမှာ လူစုလူဝေးမဖြစ်ဖို့ပါ။

ယာဉ်ပိုင်ရှင်တွေ လုပ်ငန်းလွယ်ကူစွာဆောင်ရွက်နိုင်ဖို့နဲ့ ရုံးတွေ လုပ်ငန်းမြန်ဆန်ဖို့ ရည်စူးပြီး ပြည်နယ်၊ တိုင်းဒေသကြီးအတွင်း နေရပ် ပြောင်းလဲခြင်းကြောင့် မှတ်ပုံတင် ရုံး ပြောင်းရွှေ့ရရင် လိပ်စာပြောင်းရမယ့်ရုံးအသစ်ကို ထပ်သွားစရာမလိုတော့ဘဲ အမှုတွဲပေးပို့ပြီး ဆက် လက်ဆောင်ရွက်ပေးနေပါပြီ။ ပြည်နယ်/တိုင်းကျော်လွန်ပြီး အမည်၊ နေရပ် ပြောင်းခြင်းကိုတော့ အရင်အတိုင်း ဆက်လက်ဆောင်ရွက် ရမှာဖြစ်ပါတယ်။”လို့ဆိုပါတယ်။ လက်ရှိတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ခေတ်စနစ်နဲ့အညီ ပြည်သူ တွေအဆင် ပြေစေဖို့ လျှော့ချပေးနိုင်သည့် လုပ်ငန်းများကို ထပ်မံလျှော့ချပေးရန် စီစဉ်နေကြောင်း သိရပါတယ်။

ဇူလိုင် ၁ ရက်နေ့မှစတင်ကာ ယာဉ်ပိုင်ရှင်အမည်ပြောင်းလျှောက်ထားခြင်းကို ပိုင်ရှင်ကိုယ်တိုင် လာ ရောက် စရာမလိုတော့ဘူးလို့ ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာမှ သိရပါတယ်။ယာဉ်ပိုင်ရှင်အမည်ပြောင်းလျှောက်ထားခြင်းကို ယာဉ်ဝယ်ယူခြင်းအတွက် ပြည် တွင်း အခွန်မှာ အခွန် စည်းကြပ်မှုခံယူ ပြီးကြောင်း အခွန်ပုံစံတွင် အမည်ပေါက်ပေးဆောင်သူ၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင် စုလူဉီးရေ စာရင်း(ပုံစံ-၁၀)မူရင်း၊ အရောင်းအဝယ်စာချုပ်၊ ပြည်တွင်းအခွန်တွင် ယာဉ်ဝယ်ယူခြင်းအတွက် အခွန်စည်းကြပ်မှု ခံယူပြီး ကြောင်း အခွန်ပုံစံဖြင့် လုပ်ငန်းလာရောက် ဆောင်ရွက်သူ၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း တင်ပြလို့ ရပါပြီ။

ပိုင်ရှင်ကိုယ်တိုင်မလာရောက်စေတော့ဘဲ အမည်ပြောင်းမှုကို လုပ်ဆောင်နိုင်ပြီဖြစ်တယ်လို့ ဆိုပါတယ်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ယခုအမည်ပြောင်း ဆောင် ရွက်ရာတွင် COVID-19 ကပ်ရောဂါကြောင့် လူစုလူဝေး မဖြစ်စေဖို့၊ အ ကြောင်းအမျိုးမျိုးကြောင့် ပိုင်ရှင်တွေကိုယ်တိုင်လာဖို့ အခက်အခဲဖြစ်နေတဲ့သူတွေ ပြေလည်စေဖို့နဲ့ လုပ်ငန်းမြန်ဆန်ဖို့ရည်စူးပြီး အမည် ပြောင်းပိုင်ရှင်ကိုယ်တိုင် လာရောက်ဆောင်ရွက် ခြင်းကို ဖြေလျှော့ပေးမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

REF:   MYANMA PLATFORM

Add a Comment

Your email address will not be published. Required fields are marked *