ရခိုင္ျပည္နယ္တြင္ ရဲတပ္ၾကပ္ႀကီး(၁)ဦးကို လူ(၂)ဦးက ဓားျဖင့္ထိုးသတ္မႈေၾကာင့္ ေဆး႐ုံအေရာက္တြင္ ေသဆုံး

ရဲတပ္ၾကပ္ႀကီး ေသဆုံးမႈႏွင့္ ပတ္သက္၍ တရားခံ အား ဖမ္းဆီးရမိေရး စစ္ေတြၿမိဳ႕မ ရဲစခန္း၌ လုပ္ထုံး လုပ္နည္းႏွင့္အညီ ဆက္လက္ ေဆာင္႐ြက္ေန ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးကထုတ္ျပန္ထားသည္။ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မရဲစခန္း တြင္ တာဝန္ ထမ္းေဆာင္ေန သည့္ ရဲတပ္ ၾကပ္ႀကီးတစ္ဦး ဇြန္ ၂၉ရက္ ည ၈နာရီ ၅မိနစ္ခန႔္တြင္ ဓားျဖင့္ထိုးခံရ သည္ဟုသိရသည္။

ျဖစ္စဥ္မွာစစ္ေတြၿမိဳ႕၊ မက်ည္းၿမိဳင္ရပ္ကြက္၊ အကြက္(၃)၊ မဏိပူရလမ္းရွိ ၎၏ ေနအိမ္သို႔ လာေရာက္စဥ္ ေနအိမ္အဝင္ဝ၌ အသင့္ေစာင့္ ဆိုင္းေနသည့္ အမည္မသိ အမ်ိဳးသားႏွစ္ဦးက အသင့္ပါလာေသာ သံတုတ္၊ ဓားေျမႇာင္တို႔ျဖင့္ ဝိုင္းဝန္းတိုက္ခိုက္ခဲ့သည္။ အဆိုပါတိုက္ခိုက္ မႈေၾကာင့္ ရဲတပ္ၾကပ္ႀကီး ေမာင္ေမာင္သန္း၏ ဝမ္းဗိုက္ဝဲဘက္တြင္ ထိုးသြင္းဒဏ္ရာေလးခ်က္၊ ဝဲဘက္ရင္အုံတြင္ ထိုးသြင္းဒဏ္ရာႏွစ္ခ်က္၊ ဝဲဘက္နံေဘးတြင္ ထိုးသြင္းဒဏ္ရာတစ္ခ်က္တို႔ ရရွိခဲ့ေၾကာင္း သိရွိရသည္။

အဆိုပါဒဏ္ရာရ ရဲတပ္ၾကပ္ႀကီး ေမာင္ေမာင္သန္းအား ည ၈နာရီ ၂၅ မိနစ္ခန႔္တြင္ စစ္ေတြျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္၍ အတြင္းလူနာအ ျဖစ္ ေဆးကုသေပးလ်က္ရွိစဥ္ ည ၈ နာရီ ၄၀ မိနစ္ခန႔္တြင္ ရရွိဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့ေၾကာင္းသိရသည္။

REF: THE FIFTH WAVE NEWS

UNICODE

ရခိုင်ပြည်နယ်တွင် ရဲတပ်ကြပ်ကြီး(၁)ဦးကို လူ(၂)ဦးက ဓားဖြင့်ထိုးသတ်မှုကြောင့် ဆေးရုံအရောက်တွင် သေဆုံး

ရဲတပ်ကြပ်ကြီး သေဆုံးမှုနှင့် ပတ်သက်၍ တရားခံ အား ဖမ်းဆီးရမိရေး စစ်တွေမြို့မ ရဲစခန်း၌ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်နေ ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မရဲစခန်း တွင် တာဝန် ထမ်းဆောင်နေ သည့် ရဲတပ် ကြပ်ကြီးတစ်ဦး ဇွန် ၂၉ရက် ည ၈နာရီ ၅မိနစ်ခန့်တွင် ဓားဖြင့်ထိုးခံရ သည်ဟုသိရသည်။

ဖြစ်စဉ်မှာစစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်၊ အကွက်(၃)၊ မဏိပူရလမ်းရှိ ၎င်း၏ နေအိမ်သို့ လာရောက်စဉ် နေအိမ်အဝင်ဝ၌ အသင့်စောင့် ဆိုင်းနေသည့် အမည်မသိ အမျိုးသားနှစ်ဦးက အသင့်ပါလာသော သံတုတ်၊ ဓားမြှောင်တို့ဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက် မှုကြောင့် ရဲတပ်ကြပ်ကြီး မောင်မောင်သန်း၏ ဝမ်းဗိုက်ဝဲဘက်တွင် ထိုးသွင်းဒဏ်ရာလေးချက်၊ ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာနှစ်ချက်၊ ဝဲဘက်နံဘေးတွင် ထိုးသွင်းဒဏ်ရာတစ်ချက်တို့ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဒဏ်ရာရ ရဲတပ်ကြပ်ကြီး မောင်မောင်သန်းအား ည ၈နာရီ ၂၅ မိနစ်ခန့်တွင် စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ အတွင်းလူနာအ ဖြစ် ဆေးကုသပေးလျက်ရှိစဉ် ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။

REF:   THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *