ဝမ္းသာစရာပါ ကိုယ္ဝန္ေဆာင္ မိခင္ေတြ နဲ႔ (၂)ႏွစ္ေအာက္ ကေလးငယ္မိဘ‌ေတြ ကို ေထာက္ ပံ့ေၾကး (၆)လစာေပးအပ္မည္

အဆိုပါ ေထာက္ပံ့ေငြေတြကို ဩဂုတ္လမွာ စတင္ေပးအပ္မွာျဖစ္ၿပီး စီမံကိန္းကာလ (၄)ႏွစ္တာအတြင္း (၃)လ တစ္ႀကိမ္ က်ပ္ေငြ ၄၅,၀၀၀ စီ ေထာက္ပံ့သြား ဖို႔ စီစဥ္ထား ေပမယ့္ လက္ရွိ ပထမအႀကိမ္ကို ဧၿပီလမွာ စတင္ခဲ့တာျဖစ္တာေၾကာင့္ စက္တင္ဘာ အထိ (၆)လစာ ေထာက္ ပံ့ေပးတာျဖစ္ေၾကာင္း သိရပါတယ္။ရွ မ္းျပည္နယ္ ရွိ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြနဲ႔ (၂)ႏွစ္ေအာက္ကေလးငယ္ ၁၄၀၀၀၀ အ တြက္ တစ္လကို တစ္ေသာင္းခြဲႏႈန္းနဲ႔ ဧၿပီလမွ စက္တင္ဘာလအထိ ေျခာက္လစာကိုးေသာင္းက်ပ္စီ ေထာက္ပံ့သြားမွာျဖစ္ေၾကာင္း လူမႈ ဝန္ထမ္း၊ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ လူမႈဝန္ထမ္းဦးစီးဌာန၊ လူမႈကာကြယ္ေစာင့္ေရွာက္ေရးဌာနခြဲ ၫႊန္ ၾကားေရးမႉး႐ုံးထံမွ သိရပါတယ္။

ကိုယ္ဝန္ေဆာင္မိခင္ေတြနဲ႔ ၎တို႔က ေမြးဖြားလာတဲ့ အသက္ႏွစ္ႏွစ္ေအာက္ ကေလးသူငယ္ေတြကို ေငြေၾကးေထာက္ပံ့ျခင္း အစီအစဥ္အ ျဖစ္ ရွမ္းျပည္နယ္မွာ ဇူလိုင္လ(၁)ရက္မွ စေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမယ့္အေျခအေနနဲ႔ပတ္သက္ၿပီးေတာ့ ပီးခဲ့တဲ့ ဇြန္လ ၂၅ ရက္ကျပဳလုပ္တဲ့ ဗီဒီယိုသတင္းစာရွင္းလင္းပြဲမွာ ၫႊန္ၾကားေရးမႉးဦးေက်ာ္လင္းထက္ ေအာက္ပါအတိုင္းေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ “ဇူလိုင္လ ၁ ရက္ေန႔မွ စၿပီး ရပ္ကြက္/ေက်း႐ြာအုပ္ခ်ဳပ္ေရး႐ုံးေတြက စာရင္း စေကာက္မွာပါ၊ ဧၿပီ ၁ ရက္ကေန ေနာက္ပိုင္း ေမြးတဲ့ က ေလးေတြအကုန္လုံး အက်ဳံးဝင္ပါတယ္။ ခန႔္မွန္း တြက္ခ်က္ထားမႈအရ ၂၀၁၉ – ၂၀ ဘ႑ာေရး ႏွစ္မွာ ရွမ္းျပည္နယ္မွာ တစ္သိန္းေလး ေသာင္း ရွိပါတယ္”လို႔ ၫႊန္ၾကားေရးမႉး ဦးေက်ာ္လင္းထင္က ေျပာပါတယ္။

ကိုယ္ဝန္ေဆာင္မိခင္ေတြနဲ႔ ၎တို႔က ေမြးဖြားလာတဲ့ အသက္(၂)ႏွစ္ေအာက္ ကေလးသူငယ္ေတြကို ေငြေၾကးေထာက္ပံ့ျခင္း အစီအစဥ္ အေနနဲ႔ ၂၀၁၇ ခုႏွစ္ ခ်င္းျပည္နယ္မွာ စတင္ အေကာင္အထည္ေဖာ္ခဲ့ၿပီး နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသနဲ႔ ရခိုင္ျပည္နယ္ ၊ကရင္ျပည္နယ္ နဲ႔ ကယားျပည္နယ္တို႔မွာ ေဆာင္႐ြက္ခဲ့ၿပီး ယခု ၂၀၁၉- ၂၀၂၀ဘ႑ာႏွစ္မွာ ဧရာဝတီတိုင္းေဒသႀကီးနဲ႔ ရွမ္းျပည္နယ္တို႔မွာ တိုးခ်ဲ႕ေဆာင္ ႐ြက္တာျဖစ္တယ္လို႔လည္း သိရပါတယ္။

သတင္း-နန္းေမရာစု(ေ႐ႊႀတိဂံ)

UNICODE

ဝမ်းသာစရာပါ ကိုယ်ဝန်ဆောင် မိခင်တွေ နဲ့ (၂)နှစ်အောက် ကလေးငယ်မိဘ‌တွေ ကို ထောက် ပံ့ကြေး (၆)လစာပေးအပ်မည်

အဆိုပါ ထောက်ပံ့ငွေတွေကို ဩဂုတ်လမှာ စတင်ပေးအပ်မှာဖြစ်ပြီး စီမံကိန်းကာလ (၄)နှစ်တာအတွင်း (၃)လ တစ်ကြိမ် ကျပ်ငွေ ၄၅,၀၀၀ စီ ထောက်ပံ့သွား ဖို့ စီစဉ်ထား ပေမယ့် လက်ရှိ ပထမအကြိမ်ကို ဧပြီလမှာ စတင်ခဲ့တာဖြစ်တာကြောင့် စက်တင်ဘာ အထိ (၆)လစာ ထောက် ပံ့ပေးတာဖြစ်ကြောင်း သိရပါတယ်။ရှ မ်းပြည်နယ် ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ (၂)နှစ်အောက်ကလေးငယ် ၁၄၀၀၀၀ အ တွက် တစ်လကို တစ်သောင်းခွဲနှုန်းနဲ့ ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လစာကိုးသောင်းကျပ်စီ ထောက်ပံ့သွားမှာဖြစ်ကြောင်း လူမှု ဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲ ညွှန် ကြားရေးမှူးရုံးထံမှ သိရပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၎င်းတို့က မွေးဖွားလာတဲ့ အသက်နှစ်နှစ်အောက် ကလေးသူငယ်တွေကို ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်အ ဖြစ် ရှမ်းပြည်နယ်မှာ ဇူလိုင်လ(၁)ရက်မှ စကောင်အထည်ဖော် ဆောင်ရွက်သွားမယ့်အခြေအနေနဲ့ပတ်သက်ပြီးတော့ ပီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကပြုလုပ်တဲ့ ဗီဒီယိုသတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးဦးကျော်လင်းထက် အောက်ပါအတိုင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ဇူလိုင်လ ၁ ရက်နေ့မှ စပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးရုံးတွေက စာရင်း စကောက်မှာပါ၊ ဧပြီ ၁ ရက်ကနေ နောက်ပိုင်း မွေးတဲ့ က လေးတွေအကုန်လုံး အကျုံးဝင်ပါတယ်။ ခန့်မှန်း တွက်ချက်ထားမှုအရ ၂၀၁၉ – ၂၀ ဘဏ္ဍာရေး နှစ်မှာ ရှမ်းပြည်နယ်မှာ တစ်သိန်းလေး သောင်း ရှိပါတယ်”လို့ ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ပြောပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၎င်းတို့က မွေးဖွားလာတဲ့ အသက်(၂)နှစ်အောက် ကလေးသူငယ်တွေကို ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် အနေနဲ့ ၂၀၁၇ ခုနှစ် ချင်းပြည်နယ်မှာ စတင် အကောင်အထည်ဖော်ခဲ့ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ရခိုင်ပြည်နယ် ၊ကရင်ပြည်နယ် နဲ့ ကယားပြည်နယ်တို့မှာ ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၉- ၂၀၂၀ဘဏ္ဍာနှစ်မှာ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ တိုးချဲ့ဆောင် ရွက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း-နန်းမေရာစု(ရွှေတြိဂံ)

Add a Comment

Your email address will not be published. Required fields are marked *