



ဝေဖုန်းစံ(ပြည်)

AlinnMyay(အလင်းမြေ)

UNICODE

အရက်၊ ဆေးဖြတ်သူ (၂၀၀,၀၀၀) နီးပါး၊ အမျိုးသားသာမက အမျိုးသမီးတွေပါ အရက်ဖြတ်ပေးနေ တဲ့ ယုန်တောင် ဆရာတော်(ရုပ်/သံ)

ဆရာတော်က အရက်ဖြတ်ရာမှာ ရေမန်းအသုံးပြုပြီး အရက်သောက် သူကို သစ္စာပြုစေကာ အခြားမည်သည့် ဆေးဝါးမှ အသုံးပြုခြင်း မရှိပဲ အရက်ဖြတ်ပေးနေတာဖြစ်ပြီး အရက်လာရောက်ဖြတ်သူတွေ လှုဒါန်းမှုနဲ့ စေတီတဆူလည်း တည်ထားနေပါတယ်။

ယုန်တောင်ဆ ရာတော်ထံမှာ အရက်၊ ဆေးဖြတ်သူ တစ်သိန်း ကျော်၊ အမျိုးသမီးတွေပါ အရက်လာဖြတ် နေကြပါတယ်။ကျောက်ပ န်း တောင်းမြို့နယ်၊ ကျွဲကန်ရွာက ယုန်တောင်တောရ ဆရာတော်ဥူးတေဇနိရဟာ အရက်စွဲလန်းနေသူတွေကို ဆက်လက် မသောက်သုံး အောင် ဖြတ်ပေးတဲ့ဆရာတော် ဖြစ်ပါတယ်။

ဆ ရာတော်ထံကို မြန်မာပြည်အရပ်ရပ်က အရက် အလွန်အကျွံသောက်သုံးသူတွေ လာရောက်အရက်ဖြတ်နေကြပြီး ယခုအခါ အရက် သောက်သူတင်မကတော့ပဲ မူးယစ်ဆေးဝါးသုံးစွဲနေသူတွေပါလာရောက်ဖြတ်နေကြပါတယ်။ လက်ရှိမှာတော့ ဆရာတော် ထံမှာ အရက်နဲ့ မူးယစ်ဆေးဝါး လာရောက်ဖြတ်တောက်သူ အမျိုးသမီးတွေအပါအဝင် အရက်စွဲနေသူ တစ်သိန်းကျော်သွားပြီ ဖြစ်ပါတယ်။

ဝေဖုန်းစံ(ပြည်)

AlinnMyay(အလင်းမြေ)

Add a Comment

Your email address will not be published. Required fields are marked *