အၾကမ္းဖက္မ်ားကို ေခ်မႈန္းရန္ ယင္းတို႔၏ ေနာက္ကြယ္မွအင္အားစုႀကီး(၁)ခုေၾကာင့္ ျမန္မာတႏိုင္ငံတည္း မလုပ္ႏိုင္ေၾကာင္း ကာ/ခ်ဳပ္ေျပာဆို

AA အၾကမ္းဖက္အဖြဲ႕၏ ရပ္တည္ခ်က္ကို ၾကည့္ပါက ၎တို႔သည္ ျမန္မာႏိုင္ငံအတြင္းရွိ တ႐ုတ္၏ မည္သည့္ စီမံကိန္းေတြကို ဖ်က္ဆီးခဲ့ ျခင္းမရွိေၾကာင္း၊ သို႔ေသာ္ အိႏၵိယ အစိုးရ၏ ကုလားတန္ စီမံကိန္းကိုမူ အၿမဲေႏွာက္ယွက္လ်က္ရွိေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္ဘက္က ယခုေနာက္ပိုင္း စြပ္စြဲေျပာဆိုလာသည့္ ေနာက္ခံအဖြဲ႕ အစည္းဆိုသည္မွာ တ႐ုတ္ႏိုင္ငံႏွင့္ ပတ္သက္ႏိုင္ ေၾကာင္း ရခိုင္အေရးေစာင့္ၾကည့္ သူမ်ားက ေျပာသည္။လက္ရွိ AA လက္နက္ေတြ ေတာ္ေတာ္မ်ားမ်ားကလည္း တ႐ုတ္ကေနၿပီးေတာ့ လာအိုက End User လက္မွတ္ ထိုး၊ ေမွာင္ခို ထုတ္ၿပီးေတာ့ ထိုင္းနဲ႔ ကလကၠတားကေနတဆင့္၊ စစ္တေကာင္းကေန ျဖတ္ၿပီးေတာ့ AA ဘက္ကို ပို႔ တယ္လို႔ ေတြ႕ တယ္။

အခါက်ေတာ့ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံလို႔ပဲ ထင္စရာရွိတယ္”ဟု တပ္မေတာ္ အရာရွိေဟာင္း ေဒါက္တာေအာင္မ်ိဳးက သုံးသပ္သည္။ ယခုေနာက္ပိုင္း AA အဖြဲ႕ အသုံးျပဳသည့္ နည္းပညာမ်ားထဲတြင္ ရီမုခလုတ္ကို ႏွိပ္၍ ခြဲလို႔ရသည့္ နည္းပညာ၊ လမ္းေလွ်ာက္စကားေျပာ စက္ျဖင့္ ခြဲလို႔ရသည့္ နည္းပညာ၊ ယခုေနာက္ပိုင္း ဝိုင္ဖိုင္ခ်ိတ္၍ ခြဲလို႔ရသည့္ နည္းပညာတို႔ပါ ရွိလာသျဖင့္ အင္အားႀကီး နည္းပညာျမင့္ သည့္ အဖြဲ႕ အစည္းတခု ေနာက္ကြယ္တြင္ ရွိေနေၾကာင္း တပ္မေတာ္မွ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာဆိုဖူးသည္။

အၾကမ္းဖက္ အဖြဲ႕ မ်ားကို တပ္မေတာ္က ေခ်မႈန္းရန္ ႀကိဳးစားေနေသာ္လည္း ယင္း တို႔၏ ေနာက္တြင္ ရပ္တည္ေန သည့္ အင္အားစုႀကီး ေၾကာင့္ ျမန္မာတႏိုင္ငံတည္း မလုပ္ႏိုင္သည့္ အေျခအေနမ်ိဳး ရွိေနေၾကာင္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္း ေအာင္လႈိင္က ေျပာသည္။ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ၿပီးခဲ့သည့္ ရက္ပိုင္းက ႐ုရွားႏိုင္ငံတြင္ ျပဳလုပ္ခဲ့သည့္ Victory Day of Great Patriotic War (၇၅) ႏွစ္ျပည့္ အခမ္းအနားသို႔ တက္ေရာက္ေနစဥ္ ႐ုရွား သတင္းဌာနတခု ျဖစ္သည့္ ZVEZDA သတင္းဌာနႏွင့္ ေတြ႕ ဆုံစဥ္ အထက္ပါအတိုင္း ေျပာဆိုခဲ့ျခင္း ျဖစ္သည္။

အၾကမ္းဖက္သမား အဖြဲ႕ အစည္းကို ေခ်မႈန္းတဲ့အခါမွာ သက္ဆိုင္ရာ ကာယကံရွင္ႏိုင္ငံကေနၿပီးေတာ့ ေခ်မႈန္းႏိုင္တာေတြ ရွိႏိုင္ေပမယ့္ ဒီအၾကမ္းဖက္ အဖြဲ႕ အစည္းေတြရဲ႕ ေနာက္ကြယ္မွာ ရပ္တည္ေနတဲ့ အင္အားစုႀကီးေၾကာင့္ တႏိုင္ငံတည္း မလုပ္ႏိုင္တဲ့ဟာေတြလည္း ရွိပါတယ္”ဟု ဗိုလ္မႉးမႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။ ထို႔ေၾကာင့္ မိတ္ေဆြႏိုင္ငံမ်ား၊ အၾကမ္းဖက္ အဖြဲ႕ကို မလိုလားသည့္ ႏိုင္ငံမ်ား ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ မ်ားစြာ လိုေၾကာင္း၊ ပူးေပါင္းေဆာင္႐ြက္မႈ မရပါက အၾကမ္းဖက္အဖြဲ႕အစည္းမ်ားကို လက္တြဲေခ်မႈန္းႏိုင္ေရး အခက္အခဲရွိလိမ့္မည္ျဖစ္ေၾကာင္း ၎က ေျပာသည္။

တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဆိုလိုသည့္ အၾကမ္းဖက္အဖြဲ႕ ဆိုသည္မွာ (AA) ႏွင့္ ARSA ျဖစ္ ေၾကာင္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း က အတည္ျပဳသည္။ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က “သူတို႔ အ ၾကမ္းဖက္ အဖြဲ႕ အစည္းအင္အား ရွင္သန္ေနရမယ့္ အေၾကာင္းအရာ ေတြကို က်ေန္ာတို႔က ျဖတ္ေတာက္ပစ္ရမွာ ျဖစ္တယ္။ လူဆိုရင္ လူ အင္အားကို လုပ္ရမယ္။ လက္နက္ဆိုရင္ လက္နက္မရေအာင္ လုပ္ ရမယ္။ ခဲယမ္းဆိုရင္ ခဲယမ္းမရေအာင္ လုပ္ရမယ္။ ေငြေၾကးမရ ေအာင္ လုပ္ရမယ္”ဟု ေျပာသည္။သူတို႔ကို အားေပးေထာက္ခံမႈ ဆိုရင္ လည္း အေျခအေနမွန္ကို သိရွိေအာင္လုပ္ၿပီး အားေပး ေထာက္ခံမႈ မရွိေအာင္ လုပ္ရမယ္။ ဒါေတြက အမ်ားႀကီး က်ယ္ျပန႔္ပါတယ္။

ဒါေတြက ႏိုင္ငံတကာနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈသည္ အေရးႀကီးတယ္”ဟု ေျပာသည္ ။အခု ေနာက္ပိုင္းမွာ အိႏၵိယ တပ္မ ေတာ္က ဒီဘက္ ကို သတင္းေပးတဲ့အခါမွာ အိႏၵိယ သတင္းစာတခ်ိဳ႕ မွာလည္း ေရးခဲ့ တာ ရွိတယ္။ AA အေနနဲ႔ ရီမု နည္းပညာနဲ႔ ပတ္သက္ၿပီးေတာ့က် နည္းပညာျမင့္တဲ့ဆီက အေထာက္အပံ့ ရရွိထား တယ္”ဟု ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာဆိုခဲ့သည္။ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ႐ုရွားႏိုင္ငံ ခရီးစဥ္တြင္ အိႏၵိယ ႏိုင္ငံ ကာကြယ္ေရးဝန္ႀကီး H.E Mr.Rajnath Singh တို႔ ေတြ႕ ဆုံကာ စစ္ဘက္ဆက္ဆံေရးႏွင့္ ၂ ႏိုင္ငံ နယ္စပ္ေဒသ လုံၿခဳံေရး၊ အၾကမ္း ဖက္သမားမ်ား ခိုေအာင္းမႈ မရွိႏိုင္ေစေရးအတြက္ ေဆြးေႏြးခဲ့ေသးသည္။

REF: ဧရာ၀တီ

UNICODE

အကြမ်းဖက်များကို ချေမှုန်းရန် ယင်းတို့၏ နောက်ကွယ်မှအင်အားစုကြီး(၁)ခုကြောင့် မြန်မာတနိုင်ငံတည်း မလုပ်နိုင်ကြောင်း ကာ/ချုပ်ပြောဆို

AA အကြမ်းဖက်အဖွဲ့၏ ရပ်တည်ချက်ကို ကြည့်ပါက ၎င်းတို့သည် မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏ မည်သည့် စီမံကိန်းတွေကို ဖျက်ဆီးခဲ့ ခြင်းမရှိကြောင်း၊ သို့သော် အိန္ဒိယ အစိုးရ၏ ကုလားတန် စီမံကိန်းကိုမူ အမြဲနှောက်ယှက်လျက်ရှိကြောင်း၊ ထို့ကြောင့် တပ်မတော်ဘက်က ယခုနောက်ပိုင်း စွပ်စွဲပြောဆိုလာသည့် နောက်ခံအဖွဲ့ အစည်းဆိုသည်မှာ တရုတ်နိုင်ငံနှင့် ပတ်သက်နိုင် ကြောင်း ရခိုင်အရေးစောင့်ကြည့် သူများက ပြောသည်။လက်ရှိ AA လက်နက်တွေ တော်တော်များများကလည်း တရုတ်ကနေပြီးတော့ လာအိုက End User လက်မှတ် ထိုး၊ မှောင်ခို ထုတ်ပြီးတော့ ထိုင်းနဲ့ ကလက္ကတားကနေတဆင့်၊ စစ်တကောင်းကနေ ဖြတ်ပြီးတော့ AA ဘက်ကို ပို့ တယ်လို့ တွေ့ တယ်။

အခါကျတော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံလို့ပဲ ထင်စရာရှိတယ်”ဟု တပ်မတော် အရာရှိဟောင်း ဒေါက်တာအောင်မျိုးက သုံးသပ်သည်။ ယခုနောက်ပိုင်း AA အဖွဲ့ အသုံးပြုသည့် နည်းပညာများထဲတွင် ရီမုခလုတ်ကို နှိပ်၍ ခွဲလို့ရသည့် နည်းပညာ၊ လမ်းလျှောက်စကားပြော စက်ဖြင့် ခွဲလို့ရသည့် နည်းပညာ၊ ယခုနောက်ပိုင်း ဝိုင်ဖိုင်ချိတ်၍ ခွဲလို့ရသည့် နည်းပညာတို့ပါ ရှိလာသဖြင့် အင်အားကြီး နည်းပညာမြင့် သည့် အဖွဲ့ အစည်းတခု နောက်ကွယ်တွင် ရှိနေကြောင်း တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုဖူးသည်။

အကြမ်းဖက် အဖွဲ့ များကို တပ်မတော်က ချေမှုန်းရန် ကြိုးစားနေသော်လည်း ယင်း တို့၏ နောက်တွင် ရပ်တည်နေ သည့် အင်အားစုကြီး ကြောင့် မြန်မာတနိုင်ငံတည်း မလုပ်နိုင်သည့် အခြေအနေမျိုး ရှိနေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောသည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ရက်ပိုင်းက ရုရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် Victory Day of Great Patriotic War (၇၅) နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်နေစဉ် ရုရှား သတင်းဌာနတခု ဖြစ်သည့် ZVEZDA သတင်းဌာနနှင့် တွေ့ ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်သမား အဖွဲ့ အစည်းကို ချေမှုန်းတဲ့အခါမှာ သက်ဆိုင်ရာ ကာယကံရှင်နိုင်ငံကနေပြီးတော့ ချေမှုန်းနိုင်တာတွေ ရှိနိုင်ပေမယ့် ဒီအကြမ်းဖက် အဖွဲ့ အစည်းတွေရဲ့ နောက်ကွယ်မှာ ရပ်တည်နေတဲ့ အင်အားစုကြီးကြောင့် တနိုင်ငံတည်း မလုပ်နိုင်တဲ့ဟာတွေလည်း ရှိပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ထို့ကြောင့် မိတ်ဆွေနိုင်ငံများ၊ အကြမ်းဖက် အဖွဲ့ကို မလိုလားသည့် နိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်မှု များစွာ လိုကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု မရပါက အကြမ်းဖက်အဖွဲ့အစည်းများကို လက်တွဲချေမှုန်းနိုင်ရေး အခက်အခဲရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဆိုလိုသည့် အကြမ်းဖက်အဖွဲ့ ဆိုသည်မှာ (AA) နှင့် ARSA ဖြစ် ကြောင်း  ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က အတည်ပြုသည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “သူတို့ အ ကြမ်းဖက် အဖွဲ့ အစည်းအင်အား ရှင်သန်နေရမယ့် အကြောင်းအရာ တွေကို ကျနေ်ာတို့က ဖြတ်တောက်ပစ်ရမှာ ဖြစ်တယ်။ လူဆိုရင် လူ အင်အားကို လုပ်ရမယ်။ လက်နက်ဆိုရင် လက်နက်မရအောင် လုပ် ရမယ်။ ခဲယမ်းဆိုရင် ခဲယမ်းမရအောင် လုပ်ရမယ်။ ငွေကြေးမရ အောင် လုပ်ရမယ်”ဟု ပြောသည်။သူတို့ကို အားပေးထောက်ခံမှု ဆိုရင် လည်း အခြေအနေမှန်ကို သိရှိအောင်လုပ်ပြီး အားပေး ထောက်ခံမှု မရှိအောင် လုပ်ရမယ်။ ဒါတွေက အများကြီး ကျယ်ပြန့်ပါတယ်။

ဒါတွေက နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးတယ်”ဟု ပြောသည် ။အခု နောက်ပိုင်းမှာ အိန္ဒိယ တပ်မ တော်က ဒီဘက် ကို သတင်းပေးတဲ့အခါမှာ အိန္ဒိယ သတင်းစာတချို့ မှာလည်း ရေးခဲ့ တာ ရှိတယ်။ AA အနေနဲ့ ရီမု နည်းပညာနဲ့ ပတ်သက်ပြီးတော့ကျ နည်းပညာမြင့်တဲ့ဆီက အထောက်အပံ့ ရရှိထား တယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားနိုင်ငံ ခရီးစဉ်တွင် အိန္ဒိယ နိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E Mr.Rajnath Singh တို့ တွေ့ ဆုံကာ  စစ်ဘက်ဆက်ဆံရေးနှင့် ၂ နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ အကြမ်း ဖက်သမားများ ခိုအောင်းမှု မရှိနိုင်စေရေးအတွက် ဆွေးနွေးခဲ့သေးသည်။

REF:   ဧရာ၀တီ

Add a Comment

Your email address will not be published. Required fields are marked *