ေဒးဗစ္လား အမႈ စြဲခ်က္တင္၊ မတင္ ဇူလိုင္ (၂)ရက္ေန႔တြင္ အမိန႔္ခ်မွတ္မည္ဟု ဆုံးျဖတ္
|ကေနဒါ ႏိုင္ငံသား ခံယူ ထားသူ ခရစ္ ယာန္ တရား ေဟာဆရာ ေစာေဒးဗစ္ လားႏွင့္ ဦးေဝ ထြန္း(နဝရတ္) တို႔ သည့္ ယခုႏွစ္ မတ္လ အ တြင္း မရမ္းကုန္းၿမိဳ႕နယ္၊ ရွစ္မိုင္ရွိ ခရစ္ယာန္ဘုရားေက်ာင္းတစ္ခု၌ ေရာဂါျဖစ္ပြားေစႏိုင္သည့္ လူစုလူေဝးျပဳလုပ္သည္ဟုဆိုကာ သဘာ ဝေဘး အႏၲရာယ္ဆိုင္ရာစီမံခန႔္ ခြဲမႈဆိုင္ရာဥပေဒပုဒ္မ-၂၅ျဖင့္ မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံး၌ ဧၿပီလတြင္ တရားစြဲဆိုခံ သည္ ။
တရားေဟာ ဆရာ ေစာေဒးဗစ္လားႏွင့္ ဦးေဝထြန္း (နဝရတ္) တို႔အား သဘာဝ ေဘး အႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ – ၂၅ျဖင့္ စြဲခ်က္ တင္၊ မတင္ လာမည့္ ဇူလိုင္ (၂)ရက္ တြင္ အမိန႔္ခ်မည္ ျဖစ္ေၾကာင္း ၎ တို႔၏ ေရွ႕ေန ဦးေအာင္ၾကည္ဝင္း က ေျပာ သည္။
မရမ္းကုန္း ၿမိဳ႕နယ္ တရား႐ုံး၌ ယေန႔ (ဇြန္ ၃၀ ရက္ )၌ ႏွစ္ဖက္ ေရွ႕ေနမ်ား က စြဲခ်က္တင္ရန္သင့္ ၊ မ သင့္ ေလွ်ာက္လဲ ခဲ့ ၾက သည္။
အဆိုပါ အမႈ အား ဇြန္ (၈)ရက္ တြင္ မရမ္းကုန္း ၿမိဳ႕နယ္ တရား႐ုံး၌ စတင္ စစ္ ေဆးခဲ့ၿပီး တရားလိုျပ သက္ ေသ အျဖစ္ အဆိုေတာ္ မ်ိဳးႀကီး အပါအဝင္ လူပုဂၢိဳလ္ (၁၂)ဦး အား စစ္ေဆး ခဲ့ သည္။ တရားလိုျပသက္ေသမ်ား ၏ ထြက္ဆို ခ်က္ အရ လူစုလူေဝးျဖင့္ ေဟာေျပာေၾကာင္း မ်က္ျမင္ ကိုယ္ေတြ႕ မရွိသည္ကို ေတြ႕ရေၾကာင္း ေစာေဒးဗစ္လား၏ ေရွ႕ေန ဦးေအာင္ၾကည္ဝင္းက သတင္းမီဒီယာမ်ားကို ေျပာၾကားသည္။
crd: The standard Time
UNICODE
ဒေးဗစ်လား အမှု စွဲချက်တင်၊ မတင် ဇူလိုင် (၂)ရက်နေ့တွင် အမိန့်ချမှတ်မည်ဟု ဆုံးဖြတ်
ကနေဒါ နိုင်ငံသား ခံယူ ထားသူ ခရစ် ယာန် တရား ဟောဆရာ စောဒေးဗစ် လားနှင့် ဦးဝေ ထွန်း(နဝရတ်) တို့ သည့် ယခုနှစ် မတ်လ အ တွင်း မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု၌ ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေးပြုလုပ်သည်ဟုဆိုကာ သဘာ ဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဆိုင်ရာဥပဒေပုဒ်မ-၂၅ဖြင့် မရမ်းကုန်းမြို့နယ်တရားရုံး၌ ဧပြီလတွင် တရားစွဲဆိုခံ သည် ။
တရားဟော ဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်း (နဝရတ်) တို့အား သဘာဝ ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ – ၂၅ဖြင့် စွဲချက် တင်၊ မတင် လာမည့် ဇူလိုင် (၂)ရက် တွင် အမိန့်ချမည် ဖြစ်ကြောင်း ၎င်း တို့၏ ရှေ့နေ ဦးအောင်ကြည်ဝင်း က ပြော သည်။
မရမ်းကုန်း မြို့နယ် တရားရုံး၌ ယနေ့ (ဇွန် ၃၀ ရက် )၌ နှစ်ဖက် ရှေ့နေများ က စွဲချက်တင်ရန်သင့် ၊ မ သင့် လျှောက်လဲ ခဲ့ ကြ သည်။
အဆိုပါ အမှု အား ဇွန် (၈)ရက် တွင် မရမ်းကုန်း မြို့နယ် တရားရုံး၌ စတင် စစ် ဆေးခဲ့ပြီး တရားလိုပြ သက် သေ အဖြစ် အဆိုတော် မျိုးကြီး အပါအဝင် လူပုဂ္ဂိုလ် (၁၂)ဦး အား စစ်ဆေး ခဲ့ သည်။ တရားလိုပြသက်သေများ ၏ ထွက်ဆို ချက် အရ လူစုလူဝေးဖြင့် ဟောပြောကြောင်း မျက်မြင် ကိုယ်တွေ့ မရှိသည်ကို တွေ့ရကြောင်း စောဒေးဗစ်လား၏ ရှေ့နေ ဦးအောင်ကြည်ဝင်းက သတင်းမီဒီယာများကို ပြောကြားသည်။
crd: The standard Time