



REF: DAILY HOTT NEWS

UNICODE

COVID-19ကဲ့သို့ ကပ်ဘေးဖြစ်လာနိုင်သော ဝက်တုပ်ကွေးရောဂါပိုးသစ် တရုတ်ပြည်မှာ တွေ့ရှိ

ဝက်သားထုတ်လုပ်ငန်းတွေက ဝန်ထမ်း ၃၀၀၀၀ လောက်ရဲ့ Swab နမူနာတွေကို ရယူဆန်းစစ်ကြည့်ရာကနေ ခုလို  ဝက်တုပ်ကွေးရော ဂါပိုးသစ် ကူးစက်ခံထားရတာကို သိရှိလာရတာဖြစ်ပါတယ်။H1N1 genes ဟာ လူလူချင်းကူးစက်နိုင်ပေမယ့် လက်ရှိပိုးသစ်ဟာ human to human ကူးစက်နိုင်တဲ့ သက်သေအ မတွေ့ရှိရသေးဘူးလို့ National Academy of Science က တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် G4 ဟာ Pandemic (ကပ်ဘေး) အသွင်ဖြစ်လာနိုင်တဲ့ အလားအလာတွေရှိနေတယ်လို့ China Agricultural University က သုတေသီတွေက သုံးသပ်ထားပါတယ်။တစ်ကမ္ဘာလုံးမှာ COVID-19 ရောဂါပိုးကြောင့် ကပ်ဘေးသင့်နေချိန်မှာ တရုတ်နိုင်ငံမှာ ကပ်ဘေး အဆင့်ဖြစ် လာနိုင်ချေရှိတဲ့ ဝက်တုပ်ကွေးရောဂါပိုးကို သုတေသနပညာရှင် တွေက ရှာဖွေတွေ့ရှိခဲ့ ကြပါတယ်။

G4 လို့ အမည်ပေးထားတဲ့ ဒီရောဂါရဲ့မျိုးဗီဇဟာ တရုတ်က မွေးမြူရေးလုပ်သား ၁၀% မှာ ကပ်ငြိနေပြီး လူအချင်းချင်း ကူးစက်နိုင်ခြေရှိမရှိ တိတိကျကျ သိရှိရခြင်း မရှိသေးပါဘူး။ G4 ဟာ ၂၀၀၉ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ H1N1 နဲ့ ဆက်နွယ်မှုရှိတယ်လို့လည်း သုတေသနပညာ ရှင်တွေက ဆိုကြပါတယ်။ ဗိုင်းရပ်စ်ရဲ့ အမည်အပြည့်အစုံကတော့ G4 EA H1N1 ဖြစ်ပါတယ်။

REF:   DAILY  HOTT NEWS

Add a Comment

Your email address will not be published. Required fields are marked *