တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ ျဖစ္ေရးဟာ တပ္မေတာ္ရဲ႕ နံပါတ္(၁) ဦးစားေပးျဖစ္၍ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ေပးမယ္လို႔ ကာ/ခ်ဳပ္ေျပာၾကား

လက္ရွိ အခ်ိန္ထိ ျမန္မာႏိုင္ငံမွာ လုံၿခဳံေရးအရ တည္ၿငိမ္မႈမရွိတာနဲ႔ ႏိုင္ငံေရးအရ တည္ၿငိမ္မႈ မရွိတာေတြေၾကာင့္ တပ္မေတာ္အေနနဲ႔ လႊတ္ေတာ္ထဲမွာ ပါဝင္ေနရတာျဖစ္ၿပီး တည္ၿငိမ္မႈေတြရွိသြားၿပီ ဆိုပါက တပ္မေတာ္က တပ္မေတာ္ရဲ႕လမ္းေၾကာင္းအတိုင္းပဲ သြားဖို႔ရွိ တယ္ လို႔လည္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့ပါ တယ္။ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ဟာ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရး ဝန္ႀကီးရဲ႕ဖိတ္ၾကားခ်က္အရ ႐ုရွားႏိုင္ငံကို သြားေရာက္ခဲ့ပါတယ္။

႐ုရွႏိုင္ငံမွာ က်င္းပတဲ့ Victory Day of Great Patriotic War (၇၅)ႏွစ္ေျမာက္ အထိမ္းအမွတ္ စစ္ေရးျပ အခမ္းအနား တက္ေရာက္ဖို႔ ဇြန္ (၂၂)ရက္က ႐ုရွားႏိုင္ငံကို သြားေရာက္ခဲ့တာပါ။လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ ျဖစ္ေရးဟာ တပ္မေတာ္ရဲ႕ နံပါတ္တစ္ ဦး စားေပးလုပ္ငန္းျဖစ္ၿပီး ဒါကိုေအာင္ျမင္ေအာင္ လုပ္ ေပးမယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကေျပာၾကား လိုက္ပါတယ္။ ႐ုရွားႏိုင္ ငံကိုေရာက္ရွိေနစဥ္ Arguments and Factsသတင္း ဌာနနဲ႔ အင္တာဗ်ဴးမွာ ေ႐ြးေကာက္ပြဲ ကာလအတြင္း တပ္မေတာ္ ကာကြယ္ေရးဦးစီး ခ်ဳပ္အေနနဲ႔ ဘယ္အခန္းက႑ ကေန ပါလာႏိုင္မလဲဆို တဲ့ ေမးျမန္းမႈအေပၚ အခုလို ျပန္လည္ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

ေ႐ြးေကာက္ပြဲဆိုတာ အေျခခံဥပေဒ နဲ႔ အညီလုပ္တယ္လို႔ ေျပာရ မွာျဖစ္ေၾကာင္း၊ အေျခခံ ဥပေဒရဲ႕ ျပ႒ာန္းခ်က္ ေတြနဲ႔အညီ လုပ္တာျဖစ္ ေၾကာင္း၊ အဓိကအေနနဲ႔ ဒီေ႐ြးေကာက္ ပြဲ လုပ္ငန္းစဥ္ေတြ မွန္မွန္ကန္ကန္ တည္တည္ ၿငိမ္ၿငိမ္နဲ႔ ေအာင္ေအာင္ျမင္ျမင္ ျဖစ္ဖို႔က အေရးအ ႀကီးဆုံးျဖစ္ေၾကာင္း၊လြတ္လပ္ၿပီး တရားမွ်မွ် တတ ေ႐ြးေကာက္ပြဲ ျဖစ္ဖို႔က နံပါတ္ ၁ အေရးႀကီးဆုံးျဖစ္ေၾကာင္း၊၂ဝ၁ဝ ၊၂ဝ၁၅ ေ႐ြး ေကာက္ပြဲေတြမွာ တပ္မေတာ္က လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ ျဖစ္ေအာင္ တာဝန္ယူေဆာင္ ႐ြက္ေပးခဲ့ေၾကာင္း၊

ဒီလိုပဲ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲမွာလည္း ဒီလိုျဖစ္ေအာင္ ေဆာင္႐ြက္ရမယ့္ တာဝန္ကေတာ့ နံပါတ္ ၁ ဦးစားေပးလုပ္ငန္း ျဖစ္ေၾကာင္း၊ ဒါကို ေအာင္ျမင္ေအာင္လုပ္ေပးပါ့မယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

REF: LET PAN

UNICODE

တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးဟာ တပ်မတော်ရဲ့ နံပါတ်(၁) ဦးစားပေးဖြစ်၍ အောင်မြင်အောင် လုပ်ဆောင်ပေးမယ်လို့ ကာ/ချုပ်ပြောကြား

လက်ရှိ အချိန်ထိ မြန်မာနိုင်ငံမှာ လုံခြုံရေးအရ တည်ငြိမ်မှုမရှိတာနဲ့ နိုင်ငံရေးအရ တည်ငြိမ်မှု မရှိတာတွေကြောင့် တပ်မတော်အနေနဲ့ လွှတ်တော်ထဲမှာ ပါဝင်နေရတာဖြစ်ပြီး တည်ငြိမ်မှုတွေရှိသွားပြီ ဆိုပါက တပ်မတော်က တပ်မတော်ရဲ့လမ်းကြောင်းအတိုင်းပဲ သွားဖို့ရှိ တယ် လို့လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါ တယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးရဲ့ဖိတ်ကြားချက်အရ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

ရုရှနိုင်ငံမှာ ကျင်းပတဲ့ Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနား တက်ရောက်ဖို့ ဇွန် (၂၂)ရက်က ရုရှားနိုင်ငံကို သွားရောက်ခဲ့တာပါ။လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးဟာ တပ်မတော်ရဲ့ နံပါတ်တစ် ဦး စားပေးလုပ်ငန်းဖြစ်ပြီး ဒါကိုအောင်မြင်အောင် လုပ် ပေးမယ်လို့  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြား လိုက်ပါတယ်။ ရုရှားနိုင် ငံကိုရောက်ရှိနေစဉ် Arguments and Factsသတင်း ဌာနနဲ့ အင်တာဗျူးမှာ ရွေးကောက်ပွဲ ကာလအတွင်း တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်အနေနဲ့ ဘယ်အခန်းကဏ္ဍ ကနေ ပါလာနိုင်မလဲဆို တဲ့ မေးမြန်းမှုအပေါ် အခုလို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဆိုတာ အခြေခံဥပဒေ နဲ့ အညီလုပ်တယ်လို့ ပြောရ မှာဖြစ်ကြောင်း၊ အခြေခံ ဥပဒေရဲ့ ပြဋ္ဌာန်းချက် တွေနဲ့အညီ လုပ်တာဖြစ် ကြောင်း၊ အဓိကအနေနဲ့ ဒီရွေးကောက် ပွဲ လုပ်ငန်းစဉ်တွေ မှန်မှန်ကန်ကန် တည်တည် ငြိမ်ငြိမ်နဲ့ အောင်အောင်မြင်မြင် ဖြစ်ဖို့က အရေးအ ကြီးဆုံးဖြစ်ကြောင်း၊လွတ်လပ်ပြီး တရားမျှမျှ တတ ရွေးကောက်ပွဲ ဖြစ်ဖို့က နံပါတ် ၁ အရေးကြီးဆုံးဖြစ်ကြောင်း၊၂ဝ၁ဝ ၊၂ဝ၁၅ ရွေး ကောက်ပွဲတွေမှာ တပ်မတော်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် တာဝန်ယူဆောင် ရွက်ပေးခဲ့ကြောင်း၊

ဒီလိုပဲ ၂ဝ၂ဝ ရွေးကောက်ပွဲမှာလည်း ဒီလိုဖြစ်အောင် ဆောင်ရွက်ရမယ့် တာဝန်ကတော့ နံပါတ် ၁ ဦးစားပေးလုပ်ငန်း ဖြစ်ကြောင်း၊ ဒါကို အောင်မြင်အောင်လုပ်ပေးပါ့မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားခဲ့တာ ဖြစ်ပါတယ်။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *