တိုက္ပြဲမ်ားျဖစ္ပြားေနေသာ ျပည္နယ္မ်ားအပါအဝင္ တစ္ႏိုင္ငံလုံးေ႐ြးေကာက္ပြဲက်င္းပမည္ျဖစ္ေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ ေၾကညာ

ျမန္မာႏိုင္ငံအတြင္း တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိေသာ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကခ်င္ျပည္နယ္ေဒသအခ်ိဳ႕၊ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ နယ္ႏွင့္ ရခိုင္ျပည္နယ္ ရွိ ဘူးသီးေတာင္၊ ေမာင္ေတာ၊ အမ္း၊ ရေသ့ေတာင္ စသည့္ၿမိဳ႕နယ္မ်ားအားလုံးပါဝင္ၿပီး ယင္းေဒသမ်ားတြင္ မည္ သည့္ပုံစံျဖင့္ ေ႐ြးေကာက္ ပြဲ က်င္းပမည္ကို မူ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားျခင္းမရွိေၾကာင္း သိရသည္။

တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိေသာ ရခိုင္ျပည္နယ္အပါအဝင္ တစ္ႏိုင္ငံလုံးေ႐ြးေကာက္ပြဲ က်င္းပမည္ျဖစ္ ေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ ပြဲေကာ္မရွင္က ထုတ္ျပန္ေၾကညာသည္။ တစ္ႏိုင္ငံလုံးရွိ ၿမိဳ႕နယ္ေပါင္း ၃၃၀ တြင္ ေ႐ြးေကာက္ပြဲမ်ားက်င္းပမည္ျဖစ္ၿပီး ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ ၃၃၀၊ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ ၁၆၈၊ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ လႊတ္ေတာ္ မဲဆႏၵနယ္ ၆၄၄ ခုႏွင့္ တိုင္းရင္း သားလူမ်ိဳးမဲဆႏၵနယ္ ၂၉ ခုတို႔၌ ေ႐ြးေကာက္ပြဲက်င္းပမည္ျဖစ္ေၾကာင္း ယင္းထုတ္ျပန္ခ်က္အရ သိရသည္။

တိုင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္က တစ္ၿမိဳ႕နယ္ကို ႏွစ္ေယာက္ဆိုေတာ့ ၿမိဳ႕နယ္ေပါင္း ၃၃၀ ဆိုရင္ လႊတ္ေတာ္ကိုယ္ စားလွယ္ေပါင္း ၆၆၀ ျဖစ္ရမွာ၊ အခုက ၆၄၄ ျဖစ္ေနတယ္။ ေ႐ြးေကာက္ပြဲမျဖစ္တဲ့ ၿမိဳ႕နယ္မ်ား ပါေနသလား ဆိုတဲ့ ပုံစံျဖစ္ေနတယ္။ ၁၆ ေယာက္ေလာက္ လိုေနတယ္” ဟု အင္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီ ဥကၠ႒ ဦးေအာင္ၾကည္ဝင္းက ေထာက္ျပေျပာဆိုသည္။

မၾကာေသးမီက ပိုင္းျခားခဲ့သည့္ လႈိင္သာယာၿမိဳ႕နယ္ အေနာက္ပိုင္းႏွင့္ အေရွ႕ပိုင္းကို မဲဆႏၵနယ္ ခြဲျခားသတ္မွတ္ထားၿပီး ျပည္သူ႔လႊတ္ ေတာ္ႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္တို႔တြင္ ခြဲျခားသတ္မွတ္ထားေၾကာင္း၊ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ အေျပာင္းအလဲမရွိေၾကာင္း ယင္းထုတ္ျပန္ေၾကညာခ်က္အရ သိရသည္။

REF: THE VOICE

UNICODE

တိုက်ပွဲများဖြစ်ပွားနေသော ပြည်နယ်များအပါအဝင် တစ်နိုင်ငံလုံးရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာ

မြန်မာနိုင်ငံအတွင်း တိုက်ပွဲများဖြစ်ပွားလျက်ရှိသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်ဒေသအချို့၊ ချင်းပြည်နယ် ပလက်ဝမြို့ နယ်နှင့် ရခိုင်ပြည်နယ် ရှိ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ ရသေ့တောင် စသည့်မြို့နယ်များအားလုံးပါဝင်ပြီး ယင်းဒေသများတွင် မည် သည့်ပုံစံဖြင့် ရွေးကောက် ပွဲ ကျင်းပမည်ကို မူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးရွေးကောက်ပွဲ ကျင်းပမည်ဖြစ် ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်ကြေညာသည်။ တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ တွင် ရွေးကောက်ပွဲများကျင်းပမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၆၄၄ ခုနှင့် တိုင်းရင်း သားလူမျိုးမဲဆန္ဒနယ် ၂၉ ခုတို့၌ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က တစ်မြို့နယ်ကို နှစ်ယောက်ဆိုတော့ မြို့နယ်ပေါင်း ၃၃၀ ဆိုရင် လွှတ်တော်ကိုယ် စားလှယ်ပေါင်း ၆၆၀ ဖြစ်ရမှာ၊ အခုက ၆၄၄ ဖြစ်နေတယ်။ ရွေးကောက်ပွဲမဖြစ်တဲ့ မြို့နယ်များ ပါနေသလား ဆိုတဲ့ ပုံစံဖြစ်နေတယ်။ ၁၆ ယောက်လောက် လိုနေတယ်” ဟု အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ဝင်းက ထောက်ပြပြောဆိုသည်။

မကြာသေးမီက ပိုင်းခြားခဲ့သည့် လှိုင်သာယာမြို့နယ် အနောက်ပိုင်းနှင့် အရှေ့ပိုင်းကို မဲဆန္ဒနယ် ခွဲခြားသတ်မှတ်ထားပြီး ပြည်သူ့လွှတ် တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့တွင် ခွဲခြားသတ်မှတ်ထားကြောင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အပြောင်းအလဲမရှိကြောင်း ယင်းထုတ်ပြန်ကြေညာချက်အရ သိရသည်။

REF:  THE  VOICE

Add a Comment

Your email address will not be published. Required fields are marked *