ထိန္းခ်ဳပ္မႈအား ေကာင္းမြန္၍ ျမန္မာႏိုင္ငံ မွာ COVID-19 ေတြ႕ရွိမႈႏႈန္း က ေမွ်ာ္မွန္းထားတာ ထက္နည္းပါး

ႏိုင္ငံေတာ္အေနနဲ႔ ကိုဗစ္ကာလအတြင္း တားျမစ္ ထားမႈေတြကို ေျဖေလ်ာ့ေပးေနၿပီ ျဖစ္တာ ေၾကာင့္ အျခားတိုင္းႏွင့္ ျပည္နယ္က ကိုဗစ္ မဟုတ္တဲ့ အျခားေရာဂါေတြ (ႏွလုံးေရာဂါ၊ကင္ဆာေရာဂါ) ေတြအျပင္ ခြဲစိတ္လူနာေတြကလည္း ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ ျပန္လည္ လာေရာက္ကုသေနၾကၿပီလို႔ ဆိုပါတယ္။ ဒါ့အျပင္ အမ်ားျပည္သူေတြဟာ လမ္းမေတြေပၚကို အရင္လို ျပန္လည္ သြားလာေနၾကတာ ေၾကာင့္ ယာဥ္မေတာ္တဆမႈေတြ၊ ထိခိုက္ဒဏ္ရာရတဲ့လူနာေတြလည္း ေဆး႐ုံေတြမွာ ပိုၿပီးမ်ားျပားလာေနတယ္လို႔ ရန္ကုန္ျပည္သူ႔ေဆး႐ုံ အုပ္ႀကီး ေဒါက္တာ ျမင့္ျမင့္ေအးက ဆိုပါတယ္။

လမ္းမေတြမွာ အသြား အလာေတြ ျပန္မ်ားလာေတာ့ ယာဥ္မေတာ္တဆမႈေတြ၊ ထိခိုက္ဒဏ္ရာရတဲ့လူနာေတြလည္း ပိုတိုးလာတယ္။ ဒါ့ အျပင္ က်န္းမာေရးစည္းကမ္းခ်က္ေတြကို လိုက္နာမႈ အားနည္းလာတဲ့အတြက္ ကူးစက္ေရာဂါမ်ားလာရင္ ေဆး႐ုံအေနနဲ႔ ထိထိ ေရာက္ ေရာက္ကုသေပးႏိုင္ဖို႔ ခက္ခဲလာႏိုင္ပါတယ္။” လို႔ ေဆး႐ုံအုပ္ႀကီး ေဒါက္တာျမင့္ျမင့္ေအးက ေျပာခဲ့ပါတယ္။ဆက္လက္ၿပီး အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ျပည္သူေတြအေနနဲ႔ က်န္းမာေရးစည္းကမ္းေတြကို ဆက္လက္လိုက္နာၾကဖို႔၊ ေရာဂါျဖစ္ပြား မႈေလ်ာ့လာေပ မယ့္လည္း မေပါ့ၾကဖို႔ ၊ ေနာက္ႏွစ္လသုံးေလာက္အထိ သည္းခံၾကဖို႔ ဆိုၿပီး ။

ဒီကေန႔ အြန္လိုင္းေဆြးေႏြးပြဲကတစ္ဆင့္ ျပည္သူေတြကို သတိေပး ေျပာၾကားခဲ့ပါတယ္။ဇြန္ ၃၀အထိ ပိုးေတြ႕လူနာ ၂၉၉ ဦး ရွိရာမွာ ၂၂၁ဦး ျပန္လည္ေပ်ာက္ကင္းသြားပါၿပီ။ေရာဂါ ျဖစ္ပြားမႈေတြ ေလ်ာ့က်သြားသလို ကိုဗစ္သံသယလူနာဟာလည္း သိသိသာသာ ေလ်ာ့နည္းသြားၿပီး ဧၿပီလနဲ႔ မတ္လအတြင္းမွာ တစ္ရက္ကို သံသယလူနာ ၁၀၀ ေလာက္ ကုသေပးခဲ့ရၿပီး လူနာသစ္ ေတြ႕ရွိမႈ ကလည္း တစ္ရက္ကို ၂၅ ဦးက ေန ၃၀ ဦးခန႔္အထိ ရွိခဲ့ ပါတယ္။ေသဆုံးသူကလည္း ၆ဦးသာရွိခဲ့လို႔ ဒီအေျခအေနေတြဟာ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ ေမွ်ာ္ မွန္း ထားတာထက္ မ်ားစြာ ေလ်ာ့နည္းေနခဲ့တယ္လို႔ ေဒါက္တာ သႏၲာလြင္က အခုလိုသုံးသပ္ေျပာခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ပိုးေတြ႕လူနာဟာ ဇြန္လ ၃၀ရက္ေန႔အထိ ၂၉၉ဦးအထိရွိခဲ့ေပမယ့္ ဒီအေရ အတြက္ဟာ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက မူလေမွ်ာ္မွန္းထားတဲ့ ပမာဏထက္မ်ားစြာ ေလ်ာ့နည္းခဲ့တယ္လို႔ ျပည္ သူ႔က်န္းမာေရးဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉး ခ်ဳပ္ (ေရာဂါႏွိမ္နင္းေရး) ေဒါက္တာသႏၲာလြင္ က ဒီကေန႔ ဇြန္လ ၃၀မွာ ျပဳလုပ္ခဲ့တဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံနဲ႔ အြန္လိုင္းေဆြးေႏြးမႈမွာ ေျပာၾကားလိုက္ပါတယ္။ျမန္မာႏိုင္ငံမွာ မတ္လ ၂၃ရက္ေန႔က ပထမဆုံးပိုးေတြ႕လူနာ စတင္ေတြ႕ရွိခဲ့ၿပီးေနာက္ ဇြန္လ ၃၀ရက္ေန႔အထိ စုစုေပါင္း လူစာရင္းက ၂၉၉ဦးရွိေပမယ့္ ျပန္လည္ သက္သာေပ်ာက္ကင္းသြားသူက ၂၂၁ဦးထိရွိလာပါၿပီ။

ဇြန္လအကုန္ထိ ပိုးေတြ႕လူနာ ၂၉၉ဦးရွိပါတယ္။ ဒါဟာ ကြၽန္မ တို႔ေမွ်ာ္မွန္း ထားတာ ထက္ မ်ားစြာ ေလ်ာ့နည္းတဲ့ အေရအတြက္မွာရွိေန ပါတယ္။ဒါေၾကာင့္မို႔လို႔ ကြၽန္မတို႔ရဲ႕ ႀကိဳတင္ျပင္ဆင္မႈေတြ၊ ကာကြယ္ထိန္းခ်ဳပ္တဲ့ လုပ္ ငန္းေတြဟာ ထိေရာက္မႈရွိေနတာကို ေတြ႕ရပါ တယ္။ ကုသမႈေပးခဲ့တဲ့ လူနာေတြထဲမွာလည္း ၂၂၁ဦး ျပန္ေကာင္း လာၿပီး ေသဆုံးသူက ၆ဦးသာရွိသလို ျပည္သူေတြအတြင္းမွာလည္း ကူးစက္မႈဟာ မရွိသေလာက္ ေလ်ာ့နည္းသြားတာကို ေတြ႕ရွိရပါတယ္”လို႔ ေဒါက္တာသႏၲာလြင္က သုံးသပ္တင္ျပခဲ့တာပါ။ဒါ့အျပင္ ဇြန္လ ၂၈ရက္ေန႔ အထိ ျပည္ပက ျပန္လာသူ ၂သိန္း၈ေသာင္းေလာက္ ရွိခဲ့တဲ့အနက္ ၇ ေသာင္း ၆ ေထာင္ခန႔္ အထိ ပိုးစစ္ေဆးေပးႏိုင္ခဲ့ၿပီး။

ပိုးေတြ႕ရွိမႈႏႈန္းက ၀ ဒႆမ ၂ရာခိုင္ႏႈန္းေလာက္ပဲ ရွိတယ္လို႔လည္း သိရပါတယ္။ ေရာဂါျဖစ္ပြားမႈေတြ ေလ်ာ့က်သြားသလို ကိုဗစ္သံသယ လူနာ ဟာလည္း သိသိသာသာ ေလ်ာ့နည္း သြားၿပီး ဧၿပီလနဲ႔ မတ္လအတြင္းမွာ တစ္ရက္ကို သံသယလူနာ ၁၀၀ ေလာက္ ကုသေပးခဲ့ရၿပီး လူနာသစ္ ေတြ႕ရွိမႈကလည္း တစ္ရက္ကို ၂၅ဦးကေန ၃၀ဦးေလာက္အထိ ရွိခဲ့ပါတယ္။ ဒါေပမယ့္ အခုဆိုရင္ေတာ့ တစ္ေန႔ကို သံသယလူနာ အျဖစ္ ေဆး႐ုံေရာက္လာတဲ့ လူနာဟာ ၂ ဦး၊ ၃ ဦးေလာက္သာရွိေတာ့တယ္လို႔လည္း ရန္ကုန္ျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာျမင့္ျမင့္ ေအးက ဆက္လက္ ေျပာခဲ့ပါေသးတယ္။

ကိုဗစ္ သံသယလူနာက အရင္တုန္းကဆိုရင္ ေန႔စဥ္နဲ႔အမွ် ၁၀၀ေလာက္ရွိခဲ့ၿပီး ဇန္နဝါရီကေန ဇြန္အထိ သံသယ လူနာ ၁၁၄၇ဦးကိုစစ္ ေဆးေပးခဲ့ရာမွာ ၁၁ဦးမွာ ပိုးေတြ႕လို႔ သက္ဆိုင္ရာ ေဆး႐ုံေတြကို လႊဲေျပာင္း ေပးခဲ့ပါတယ္။အခုေတာ့ တစ္ေန႔ကို သံသယလူနာက ၂ဦး ၃ဦးေလာက္သာ ရွိေတာ့ၿပီး ဒါကလည္း ျပည္သူေတြ က က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ သတ္မွတ္စည္းကမ္းေတြကို လိုက္နာ တာေၾကာင့္ ျဖစ္ပါတယ္။အခု ေတာ့ ကိုဗစ္မဟုတ္တဲ့ အျခားလူနာေတြကို ပိုကုေပးေနရပါၿပီ၊”လို႔ ရန္ကုန္ျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ျမင့္ျမင့္ေအးက ေျပာပါတယ္။

REF: LET PAN

UNICODE

ထိန်းချုပ်မှုအား ကောင်းမွန်၍ မြန်မာနိုင်ငံ မှာ COVID-19 တွေ့ရှိမှုနှုန်း က မျှော်မှန်းထားတာ ထက်နည်းပါး

နိုင်ငံတော်အနေနဲ့ ကိုဗစ်ကာလအတွင်း တားမြစ် ထားမှုတွေကို ဖြေလျော့ပေးနေပြီ ဖြစ်တာ ကြောင့် အခြားတိုင်းနှင့် ပြည်နယ်က ကိုဗစ် မဟုတ်တဲ့ အခြားရောဂါတွေ (နှလုံးရောဂါ၊ကင်ဆာရောဂါ) တွေအပြင် ခွဲစိတ်လူနာတွေကလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြန်လည် လာရောက်ကုသနေကြပြီလို့ ဆိုပါတယ်။ ဒါ့အပြင် အများပြည်သူတွေဟာ လမ်းမတွေပေါ်ကို အရင်လို ပြန်လည် သွားလာနေကြတာ ကြောင့် ယာဉ်မတော်တဆမှုတွေ၊ ထိခိုက်ဒဏ်ရာရတဲ့လူနာတွေလည်း ဆေးရုံတွေမှာ ပိုပြီးများပြားလာနေတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာ မြင့်မြင့်အေးက ဆိုပါတယ်။

လမ်းမတွေမှာ အသွား အလာတွေ ပြန်များလာတော့ ယာဉ်မတော်တဆမှုတွေ၊ ထိခိုက်ဒဏ်ရာရတဲ့လူနာတွေလည်း ပိုတိုးလာတယ်။ ဒါ့ အပြင် ကျန်းမာရေးစည်းကမ်းချက်တွေကို လိုက်နာမှု အားနည်းလာတဲ့အတွက် ကူးစက်ရောဂါများလာရင် ဆေးရုံအနေနဲ့ ထိထိ ရောက် ရောက်ကုသပေးနိုင်ဖို့ ခက်ခဲလာနိုင်ပါတယ်။” လို့ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ပြောခဲ့ပါတယ်။ဆက်လက်ပြီး အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေအနေနဲ့ ကျန်းမာရေးစည်းကမ်းတွေကို ဆက်လက်လိုက်နာကြဖို့၊ ရောဂါဖြစ်ပွား မှုလျော့လာပေ မယ့်လည်း မပေါ့ကြဖို့ ၊ နောက်နှစ်လသုံးလောက်အထိ သည်းခံကြဖို့ ဆိုပြီး ။

ဒီကနေ့ အွန်လိုင်းဆွေးနွေးပွဲကတစ်ဆင့် ပြည်သူတွေကို သတိပေး ပြောကြားခဲ့ပါတယ်။ဇွန် ၃၀အထိ ပိုးတွေ့လူနာ ၂၉၉ ဦး ရှိရာမှာ ၂၂၁ဦး ပြန်လည်ပျောက်ကင်းသွားပါပြီ။ရောဂါ ဖြစ်ပွားမှုတွေ လျော့ကျသွားသလို ကိုဗစ်သံသယလူနာဟာလည်း သိသိသာသာ လျော့နည်းသွားပြီး ဧပြီလနဲ့ မတ်လအတွင်းမှာ တစ်ရက်ကို သံသယလူနာ ၁၀၀ လောက် ကုသပေးခဲ့ရပြီး လူနာသစ် တွေ့ရှိမှု ကလည်း တစ်ရက်ကို ၂၅ ဦးက နေ ၃၀ ဦးခန့်အထိ ရှိခဲ့ ပါတယ်။သေဆုံးသူကလည်း ၆ဦးသာရှိခဲ့လို့ ဒီအခြေအနေတွေဟာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ မျှော် မှန်း ထားတာထက် များစွာ လျော့နည်းနေခဲ့တယ်လို့ ဒေါက်တာ သန္တာလွင်က အခုလိုသုံးသပ်ပြောခဲ့တာပါ။

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာဟာ ဇွန်လ ၃၀ရက်နေ့အထိ ၂၉၉ဦးအထိရှိခဲ့ပေမယ့် ဒီအရေ အတွက်ဟာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မူလမျှော်မှန်းထားတဲ့ ပမာဏထက်များစွာ လျော့နည်းခဲ့တယ်လို့ ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင် က ဒီကနေ့ ဇွန်လ ၃၀မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံနဲ့ အွန်လိုင်းဆွေးနွေးမှုမှာ ပြောကြားလိုက်ပါတယ်။မြန်မာနိုင်ငံမှာ မတ်လ ၂၃ရက်နေ့က ပထမဆုံးပိုးတွေ့လူနာ စတင်တွေ့ရှိခဲ့ပြီးနောက် ဇွန်လ ၃၀ရက်နေ့အထိ စုစုပေါင်း လူစာရင်းက ၂၉၉ဦးရှိပေမယ့် ပြန်လည် သက်သာပျောက်ကင်းသွားသူက ၂၂၁ဦးထိရှိလာပါပြီ။

ဇွန်လအကုန်ထိ ပိုးတွေ့လူနာ ၂၉၉ဦးရှိပါတယ်။ ဒါဟာ ကျွန်မ တို့မျှော်မှန်း ထားတာ ထက် များစွာ လျော့နည်းတဲ့ အရေအတွက်မှာရှိနေ ပါတယ်။ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ ကြိုတင်ပြင်ဆင်မှုတွေ၊ ကာကွယ်ထိန်းချုပ်တဲ့ လုပ် ငန်းတွေဟာ ထိရောက်မှုရှိနေတာကို တွေ့ရပါ တယ်။ ကုသမှုပေးခဲ့တဲ့ လူနာတွေထဲမှာလည်း ၂၂၁ဦး ပြန်ကောင်း လာပြီး သေဆုံးသူက ၆ဦးသာရှိသလို ပြည်သူတွေအတွင်းမှာလည်း ကူးစက်မှုဟာ မရှိသလောက် လျော့နည်းသွားတာကို တွေ့ရှိရပါတယ်”လို့ ဒေါက်တာသန္တာလွင်က သုံးသပ်တင်ပြခဲ့တာပါ။ဒါ့အပြင် ဇွန်လ ၂၈ရက်နေ့ အထိ ပြည်ပက ပြန်လာသူ ၂သိန်း၈သောင်းလောက် ရှိခဲ့တဲ့အနက် ၇ သောင်း ၆ ထောင်ခန့် အထိ ပိုးစစ်ဆေးပေးနိုင်ခဲ့ပြီး။

ပိုးတွေ့ရှိမှုနှုန်းက ၀ ဒဿမ ၂ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့လည်း သိရပါတယ်။ ရောဂါဖြစ်ပွားမှုတွေ လျော့ကျသွားသလို ကိုဗစ်သံသယ လူနာ ဟာလည်း သိသိသာသာ လျော့နည်း သွားပြီး ဧပြီလနဲ့ မတ်လအတွင်းမှာ တစ်ရက်ကို သံသယလူနာ ၁၀၀ လောက် ကုသပေးခဲ့ရပြီး လူနာသစ် တွေ့ရှိမှုကလည်း တစ်ရက်ကို ၂၅ဦးကနေ ၃၀ဦးလောက်အထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုဆိုရင်တော့ တစ်နေ့ကို သံသယလူနာ အဖြစ် ဆေးရုံရောက်လာတဲ့ လူနာဟာ ၂ ဦး၊ ၃ ဦးလောက်သာရှိတော့တယ်လို့လည်း ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့် အေးက ဆက်လက် ပြောခဲ့ပါသေးတယ်။

ကိုဗစ် သံသယလူနာက အရင်တုန်းကဆိုရင် နေ့စဉ်နဲ့အမျှ ၁၀၀လောက်ရှိခဲ့ပြီး ဇန်နဝါရီကနေ ဇွန်အထိ သံသယ လူနာ ၁၁၄၇ဦးကိုစစ် ဆေးပေးခဲ့ရာမှာ ၁၁ဦးမှာ ပိုးတွေ့လို့ သက်ဆိုင်ရာ ဆေးရုံတွေကို လွှဲပြောင်း ပေးခဲ့ပါတယ်။အခုတော့ တစ်နေ့ကို သံသယလူနာက ၂ဦး ၃ဦးလောက်သာ ရှိတော့ပြီး ဒါကလည်း ပြည်သူတွေ က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်စည်းကမ်းတွေကို လိုက်နာ တာကြောင့် ဖြစ်ပါတယ်။အခု တော့ ကိုဗစ်မဟုတ်တဲ့ အခြားလူနာတွေကို ပိုကုပေးနေရပါပြီ၊”လို့ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်မြင့်အေးက ပြောပါတယ်။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *