ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံႏွင့္ မဲဆြယ္တာေၾကာင့္ (၄) တန္းေအာင္ ေတြ လႊတ္ေတာ္ ထဲ ေရာက္လာတာလို႔ ေဒါက္တာ နႏၵာလွျမင့္ ေျပာ(႐ုပ္သံ)

ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံအား မဲဆြယ္ရာတြ င္အသုံးမျပဳရန္ ႏိုင္ငံေရးပါတီ(၃၀) ခန႔္က တင္ျပခဲ့ေသာ္လည္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္ က လက္ခံျခင္း မရွိဘဲ ဗိုလ္ခ်ဳပ္႐ုပ္ပုံအား ပါတီမ်ား အားလုံ မဲဆြယ္ရာ တြင္ အသုံးျပဳႏိုင္ရန္ ခြင့္ျပဳခဲ့ေၾကာင္း သိရသည္ ။ “ဗိုလ္ ခ်ဳပ္ေအာင္ ဆန္း က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အေဖ ျဖစ္သလို အမ်ိဳးသားေခါင္းေဆာင္လည္းျဖစ္တယ္ ။ သာမာန္ ပုဂၢိဳလ္ ဆိုရင္ မေျပာဘူး။

တစ္ႏိုင္ငံလုံးက ခ်စ္ခင္တဲ့ အမ်ိဳးသားေခါင္းေဆာင္ျဖစ္လို႔ ႐ုပ္ပုံနဲ႔မဲမဆြယ္ေရးကန႔္ကြက္ရတာျဖစ္ ပါတယ္ ” ဟု ေဒါက္တာနႏၵာလွ ျမင့္က ေျပာသည္ ။ျပည္သူမ်ား အလိမ္မခံ ရ ေစရန္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ပုံျဖင့္ မဲမဆြယ္ရန္ ကန႔္ကြက္ ရျခင္း ျဖစ္ေၾကာင္း ျပည္ခိုင္ ၿဖိဳးပါတီ ေျပာေရး ဆိုခြင့္ ရွိသူ ေဒါက္တာနႏၵာလွျမင့္က ေျပာ သည္ ။

ယမန္ေန႔( ဇြန္ ၂၉ ရက္ ) မြန္းလြဲပိုင္းက ရန္ကုန္ၿမိဳ႕၊ House of Orchid ၌ ျပဳလုပ္ သည့္ ႏိုင္ငံေရး ပါတီမ်ား ေဆြးေႏြးပြဲ အၿပီး တြင္ သတင္း မီဒီယာမ်ားအား အထက္ပါ အတိုင္းေျပာၾကား ခဲ့ျခင္းျဖစ္ သည္ ။ “ဗိုလ္ခ်ဳပ္ ေအာင္ဆန္း က အမ်ိဳးသားေခါင္းေဆာင္ျဖစ္ တယ္ ။ လြတ္ လပ္ေရး ဖခင္ျဖစ္တယ္ ။ ျပည္သူ အားလုံး က ခ်စ္တယ္ ။ ကြၽန္ေတာ္ တို႔ ကိုယ္တိုင္လည္း ခ်စ္တယ္။

အဲ့ေတာ့ ျပည္သူေတြက သူ တို႔ မဲဆႏၵနယ္ မွာ ဗိုလ္ခ်ဴပ္ ကိုပဲ ျမင္တယ္ ။ ဒီခ်စ္တဲ့စိတ္ နဲ႔ပဲ ေဒသက ကိုယ္စားလွယ္ေလာင္း ကို မၾကည့္ နဲ႔ ဗိုလ္ခ်ဳပ္ပုံပဲ ၾကည့္ၿပီးမဲေပးၾက တယ္။ ဒီလိုဗိုလ္ခ်ဳပ္ပုံကိုပဲ ၾကည့္ၿပီး မဲေပး ခဲ့ၾကတဲ့ အတြက္ လႊတ္ေတာ္ ရဲ႕ စြမ္းေဆာင္ရည္ ၊ အစိုးရရဲ႕ စြမ္း ေဆာင္ရည္ကို ၾကည့္ပါ။ တိုင္းျပည္ရဲ႕ စီးပြားေရး ဘယ္ေလာက္က်သြားလာလဲ။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံကို အသုံးျပဳၿပီး ေလးတန္းေအာင္ ရွစ္တန္းေအာင္မ်ားသာ လႊတ္ေတာ္ထဲ ေရာက္လာဟု ေဒါက္တာ နႏၵာလွျမင့္ေျပာ ၾကားလိုက္ပါတယ္။ဇြန္ ၂၉ ရက္က House of Orchid မွာ ျပဳလုပ္တဲ့ က်င့္ဝတ္ လက္မွတ္ေရးထိုးပြဲ၊ ပါတီေတြနဲ႔ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ တို႔ ေတြ႕ဆုံပြဲေတြ နဲ႔ ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲ အၿပီး မီဒီယာေတြရဲ႕ ေမးျမန္းခ်က္အေပၚ အခုလို ေျပာၾကား ခဲ့တာပါ။

ေဒါက္တာ နႏၵာလွျမင့္ ပိုင္ “မင္းက်န္စစ္” ကုမၼဏီ က ၂၀၁၄ခု ႏွစ္တြင္ရွမ္းျပည္နယ္ ေဒသႏၲရ ရံပုံေငြထဲမွ က်ပ္ (၇)ဘီလီယံ ေခ်းယူထားၿပီး လက္ရွိ အခ်ိန္အထိ ျပန္လည္ေပးဆပ္ျခင္း မရွိေသးေၾကာင္း ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ေၾကညာထားပါတယ္။

REF: LET PAN

UNICODE

ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် မဲဆွယ်တာကြောင့် (၄) တန်းအောင် တွေ လွှတ်တော် ထဲ ရောက်လာတာလို့ ဒေါက်တာ နန္ဒာလှမြင့် ပြော(ရုပ်သံ)

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံအား မဲဆွယ်ရာတွ င်အသုံးမပြုရန် နိုင်ငံရေးပါတီ(၃၀) ခန့်က တင်ပြခဲ့သော်လည်း ရွေးကောက်ပွဲ ကော်မရှင် က လက်ခံခြင်း မရှိဘဲ ဗိုလ်ချုပ်ရုပ်ပုံအား ပါတီများ အားလုံ မဲဆွယ်ရာ တွင် အသုံးပြုနိုင်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည် ။ “ဗိုလ် ချုပ်အောင် ဆန်း က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖေ ဖြစ်သလို အမျိုးသားခေါင်းဆောင်လည်းဖြစ်တယ် ။ သာမာန် ပုဂ္ဂိုလ် ဆိုရင် မပြောဘူး။

တစ်နိုင်ငံလုံးက ချစ်ခင်တဲ့ အမျိုးသားခေါင်းဆောင်ဖြစ်လို့ ရုပ်ပုံနဲ့မဲမဆွယ်ရေးကန့်ကွက်ရတာဖြစ် ပါတယ် ” ဟု ဒေါက်တာနန္ဒာလှ မြင့်က ပြောသည် ။ပြည်သူများ အလိမ်မခံ ရ စေရန် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် မဲမဆွယ်ရန် ကန့်ကွက် ရခြင်း ဖြစ်ကြောင်း ပြည်ခိုင် ဖြိုးပါတီ ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြော သည် ။

ယမန်နေ့( ဇွန် ၂၉ ရက် ) မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ House of Orchid ၌ ပြုလုပ် သည့် နိုင်ငံရေး ပါတီများ ဆွေးနွေးပွဲ အပြီး တွင် သတင်း မီဒီယာများအား အထက်ပါ အတိုင်းပြောကြား ခဲ့ခြင်းဖြစ် သည် ။ “ဗိုလ်ချုပ် အောင်ဆန်း က အမျိုးသားခေါင်းဆောင်ဖြစ် တယ် ။ လွတ် လပ်ရေး ဖခင်ဖြစ်တယ် ။ ပြည်သူ အားလုံး က ချစ်တယ် ။ ကျွန်တော် တို့ ကိုယ်တိုင်လည်း ချစ်တယ်။

အဲ့တော့ ပြည်သူတွေက သူ တို့ မဲဆန္ဒနယ် မှာ ဗိုလ်ချူပ် ကိုပဲ မြင်တယ် ။ ဒီချစ်တဲ့စိတ် နဲ့ပဲ ဒေသက ကိုယ်စားလှယ်လောင်း ကို မကြည့် နဲ့ ဗိုလ်ချုပ်ပုံပဲ ကြည့်ပြီးမဲပေးကြ တယ်။ ဒီလိုဗိုလ်ချုပ်ပုံကိုပဲ ကြည့်ပြီး မဲပေး ခဲ့ကြတဲ့ အတွက် လွှတ်တော် ရဲ့ စွမ်းဆောင်ရည် ၊ အစိုးရရဲ့ စွမ်း ဆောင်ရည်ကို ကြည့်ပါ။ တိုင်းပြည်ရဲ့ စီးပွားရေး ဘယ်လောက်ကျသွားလာလဲ။

ဗိုလ်ချုပ်အောင်ဆန်းပုံကို အသုံးပြုပြီး လေးတန်းအောင် ရှစ်တန်းအောင်များသာ လွှတ်တော်ထဲ ရောက်လာဟု ဒေါက်တာ နန္ဒာလှမြင့်ပြော ကြားလိုက်ပါတယ်။ဇွန် ၂၉ ရက်က House of Orchid မှာ ပြုလုပ်တဲ့ ကျင့်ဝတ် လက်မှတ်ရေးထိုးပွဲ၊ ပါတီတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင် တို့ တွေ့ဆုံပွဲတွေ နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ အပြီး မီဒီယာတွေရဲ့ မေးမြန်းချက်အပေါ် အခုလို ပြောကြား ခဲ့တာပါ။

ဒေါက်တာ နန္ဒာလှမြင့် ပိုင် “မင်းကျန်စစ်” ကုမ္မဏီ က ၂၀၁၄ခု နှစ်တွင်ရှမ်းပြည်နယ် ဒေသန္တရ ရံပုံငွေထဲမှ ကျပ် (၇)ဘီလီယံ ချေးယူထားပြီး လက်ရှိ အချိန်အထိ ပြန်လည်ပေးဆပ်ခြင်း မရှိသေးကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ ကြေညာထားပါတယ်။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *