မည္သည့္ ႏိုင္ငံေရး ပါတီမဆို ဗိုလ္ခ်ဳပ္ပုံ သုံး၍ မဲဆြယ္ခြင့္ ရွိေၾကာင္း (NLD)ဗဟိုမွ မုံ႐ြာေအာင္ရွင္ေျပာ

တရား လႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦးက “ဥပေဒမွာ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းနဲ႔ ပတ္သက္လို႔ မပါဘူး။ မပါေတာ့ ဥပေဒအရ အမ်ားႀကီး ျငင္းလို႔ရတာေပါ့။ ေနာက္တခု က ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံကို ဘာေၾကာက္စရာရွိလဲဗ်ာ။ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း မရွိတာျဖင့္ ၾကာလွၿပီ။ က်ေနာ္က စမ္းေတာင္ စမ္းခ်င္ေသးတယ္။ အဲဒီလို ေျပာတဲ့သူေတြကို ဗိုလ္ခ်ဳပ္ ေအာင္ဆန္းပုံေပးၿပီးေတာ့ ဒီဘက္ကလူေတြက မသုံးဘူး ဆိုရင္ေရာ ႏိုင္မွာတဲ့လား” ဟု ေမးခြန္းထုတ္သည္။

တပ္မေတာ္ အစိုးရလက္ထက္တြင္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းပုံ အသုံးျပဳမႈကို ကန႔္ထားသည္ ျဖစ္ရာ တပ္မေတာ္ဘက္မွ ကူး ေျပာင္းလာသူ မ်ားျဖင့္ ဖြဲ႕စည္းထားသည့္ ႏိုင္ငံေရး ပါတီအခ်ိဳ႕သည္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံ အသုံးျပဳ မဲဆြယ္မည္ကို စိုးရိမ္ ေနသျဖင့္ ကန႔္ကြက္ေနျခင္း ျဖစ္ေၾကာင္း ဦးသိန္းသန္းဦးက မွတ္ခ်က္ေပးသည္။ၿပီးခဲ့သည့္ ၂၀၁၅ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ NLD ပါတီက မဲဆြယ္စည္း႐ုံးရာ၌ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ဓာတ္ပုံမ်ား အသုံးျပဳ မဲဆြယ္မႈမ်ား ရွိခဲ့ၿပီး၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရခဲ့သည္။

ေ႐ြးေကာက္ပြဲကို NLD အႏိုင္ရေသာအခါ ေ႐ြးေကာက္ပြဲ မႏိုင္သည့္ ႏိုင္ငံေရး ပါတီအခ်ိဳ႕က NLD ႏွင့္ ၿပိဳင္ရေသာေၾကာင့္ ေ႐ြးေကာက္ပြဲ ရႈံးရျခင္းမဟုတ္ဘဲ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းႏွင့္ ၿပိဳင္ဆိုင္ရသျဖင့္ ေ႐ြးေကာက္ပြဲ ရႈံးရသည္ဟု အေၾကာင္းျပ ေျပာဆိုသည္မ်ားလည္း ရွိခဲ့ဖူး သည္။မည္သည့္ ႏိုင္ငံေရး ပါတီမဆို ဗိုလ္ခ်ဳပ္ ေအာင္ဆန္းပုံ သုံး၍ မဲဆြယ္ခြင့္ ရွိေၾကာင္း အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ပါတီ ဗဟိုျပန္ၾကားေရး ေကာ္မတီ အတြင္းေရးမႉး မုံ႐ြာ ေအာင္ရွင္က ေျပာဆိုသည္။

၎က “ကိုယ့္ပါတီ ႏိုင္ေရးဆိုတာထက္ ဒါကို ေလးေလးစားစားနဲ႔ ျပန္သုံးတာပါပဲ။ ဘယ္သူ႔ကိုပဲ ျဖစ္ျဖစ္ေပါ့ေလ။ က်ေနာ္တို႔က မသုံးပါ နဲ႔လို႔ မကန႔္ကြက္ခဲ့ဘူး။ ဒီဟာက သုံးလို႔ ရပါတယ္။ ဘယ္သူပဲ ျဖစ္ျဖစ္ သုံးလို႔ရပါတယ္” ဟု ဆိုသည္။ ၁၉၉၀ အေထြေထြ ေ႐ြးေကာက္ပြဲမွ ၂၀၁၅ အေထြေထြ ေ႐ြးေကာက္ပြဲ တိုင္ေအာင္ ေ႐ြးေကာက္ပြဲ မဲဆြယ္မႈမ်ားတြင္ NLD ပါတီအေနႏွင့္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ႐ုပ္ပုံကို အသုံးျပဳခဲ့သည္ ဟုလည္း မုံ႐ြာေအာင္ရွင္က ေျပာျပသည္။

ဗိုလ္ခ်ဳပ္ ေအာင္ဆန္းပုံ သုံး၍ မဲဆြယ္ျခင္း မလုပ္ရန္ ႏိုင္ငံေရး ပါတီအခ်ိဳ႕က ကန႔္ကြက္ေနျခင္းသည္ ႏိုင္ငံေရးအရ သေဘာ ထား မႀကီး သည့္သေဘာ ျဖစ္ေနၿပီး ႏိုင္ငံေရးအျမင္ က်ဥ္းေျမာင္းသည့္ သေဘာလည္း ျဖစ္ေနေၾကာင္း ၎က ဆိုသည္။ျပည္ခိုင္ၿဖိဳးပါတီမွ ေဒါက္တာ နႏၵာလွျမင့္က “အရည္အခ်င္း ရွိတဲ့ ကိုယ္စားလွယ္ေတြကိုပဲ ျပည္သူေတြကို ေ႐ြးေစခ်င္ပါတယ္။ ဗိုလ္ခ်ဳပ္ပုံျပ ၿပီး ျပည္သူေတြ ထပ္ အလိမ္ ခံရတာမ်ိဳး မျဖစ္ေစခ်င္ေတာ့ပါဘူး” ဟု ဆိုသည္။

အမ်ိဳးသား ဒီမိုကေရစီ အင္အားစု ပါတီ (NDF) ဥကၠ႒ ဦးခင္ ေမာင္ေဆြ ကလည္း ႏိုင္ငံေရး ပါတီမ်ားႏွင့္ ကိုယ္စားလွယ္ ေလာင္း မ်ား အ တြက္ ေ႐ြးေကာက္ပြဲ က်င့္ဝတ္ (COC) တြင္ ဗိုလ္ခ်ဳပ္ပုံျဖင့္ မဲမဆြယ္ရန္ အႀကံျပဳခ်က္ကို UEC က ထည့္သြင္းေပးရန္ လက္မခံျခင္းသည္ တည္ဆဲ ဥပေဒကို လ်စ္လ်ဴရႈျခင္း ျဖစ္ေၾကာင္း ေျပာသည္။

REF: ဧရာ၀တီ

UNICODE

မည်သည့် နိုင်ငံရေး ပါတီမဆို ဗိုလ်ချုပ်ပုံ သုံး၍ မဲဆွယ်ခွင့် ရှိကြောင်း (NLD)ဗဟိုမှ မုံရွာအောင်ရှင်ပြော

တရား လွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက “ဥပဒေမှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ပတ်သက်လို့ မပါဘူး။ မပါတော့ ဥပဒေအရ အများကြီး ငြင်းလို့ရတာပေါ့။ နောက်တခု က ဗိုလ်ချုပ်အောင်ဆန်းပုံကို ဘာကြောက်စရာရှိလဲဗျာ။ ဗိုလ်ချုပ် အောင်ဆန်း မရှိတာဖြင့် ကြာလှပြီ။ ကျနော်က စမ်းတောင် စမ်းချင်သေးတယ်။ အဲဒီလို ပြောတဲ့သူတွေကို ဗိုလ်ချုပ် အောင်ဆန်းပုံပေးပြီးတော့ ဒီဘက်ကလူတွေက မသုံးဘူး ဆိုရင်ရော နိုင်မှာတဲ့လား” ဟု မေးခွန်းထုတ်သည်။

တပ်မတော် အစိုးရလက်ထက်တွင် ဗိုလ်ချုပ် အောင်ဆန်းပုံ အသုံးပြုမှုကို ကန့်ထားသည် ဖြစ်ရာ တပ်မတော်ဘက်မှ ကူး ပြောင်းလာသူ များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံရေး ပါတီအချို့သည် ဗိုလ်ချုပ်အောင်ဆန်းပုံ အသုံးပြု မဲဆွယ်မည်ကို စိုးရိမ် နေသဖြင့် ကန့်ကွက်နေခြင်း ဖြစ်ကြောင်း ဦးသိန်းသန်းဦးက မှတ်ချက်ပေးသည်။ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီက မဲဆွယ်စည်းရုံးရာ၌ ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံများ အသုံးပြု မဲဆွယ်မှုများ ရှိခဲ့ပြီး၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။

ရွေးကောက်ပွဲကို NLD အနိုင်ရသောအခါ ရွေးကောက်ပွဲ မနိုင်သည့် နိုင်ငံရေး ပါတီအချို့က NLD နှင့် ပြိုင်ရသောကြောင့် ရွေးကောက်ပွဲ ရှုံးရခြင်းမဟုတ်ဘဲ ဗိုလ်ချုပ် အောင်ဆန်းနှင့် ပြိုင်ဆိုင်ရသဖြင့် ရွေးကောက်ပွဲ ရှုံးရသည်ဟု အကြောင်းပြ ပြောဆိုသည်များလည်း ရှိခဲ့ဖူး သည်။မည်သည့် နိုင်ငံရေး ပါတီမဆို ဗိုလ်ချုပ် အောင်ဆန်းပုံ သုံး၍ မဲဆွယ်ခွင့် ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်က ပြောဆိုသည်။

၎င်းက “ကိုယ့်ပါတီ နိုင်ရေးဆိုတာထက် ဒါကို လေးလေးစားစားနဲ့ ပြန်သုံးတာပါပဲ။ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ်ပေါ့လေ။ ကျနော်တို့က မသုံးပါ နဲ့လို့ မကန့်ကွက်ခဲ့ဘူး။ ဒီဟာက သုံးလို့ ရပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် သုံးလို့ရပါတယ်” ဟု ဆိုသည်။ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲမှ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တိုင်အောင် ရွေးကောက်ပွဲ မဲဆွယ်မှုများတွင် NLD ပါတီအနေနှင့် ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံကို အသုံးပြုခဲ့သည် ဟုလည်း မုံရွာအောင်ရှင်က ပြောပြသည်။

ဗိုလ်ချုပ် အောင်ဆန်းပုံ သုံး၍ မဲဆွယ်ခြင်း မလုပ်ရန် နိုင်ငံရေး ပါတီအချို့က ကန့်ကွက်နေခြင်းသည် နိုင်ငံရေးအရ သဘော ထား မကြီး သည့်သဘော ဖြစ်နေပြီး နိုင်ငံရေးအမြင် ကျဉ်းမြောင်းသည့် သဘောလည်း ဖြစ်နေကြောင်း ၎င်းက ဆိုသည်။ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာ နန္ဒာလှမြင့်က “အရည်အချင်း ရှိတဲ့ ကိုယ်စားလှယ်တွေကိုပဲ ပြည်သူတွေကို ရွေးစေချင်ပါတယ်။ ဗိုလ်ချုပ်ပုံပြ ပြီး ပြည်သူတွေ ထပ် အလိမ် ခံရတာမျိုး မဖြစ်စေချင်တော့ပါဘူး” ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) ဥက္ကဋ္ဌ ဦးခင် မောင်ဆွေ ကလည်း နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ် လောင်း များ အ တွက် ရွေးကောက်ပွဲ ကျင့်ဝတ် (COC) တွင် ဗိုလ်ချုပ်ပုံဖြင့် မဲမဆွယ်ရန် အကြံပြုချက်ကို UEC က ထည့်သွင်းပေးရန် လက်မခံခြင်းသည် တည်ဆဲ ဥပဒေကို လျစ်လျူရှုခြင်း ဖြစ်ကြောင်း ပြောသည်။

REF:   ဧရာ၀တီ

Add a Comment

Your email address will not be published. Required fields are marked *