ယာဥ္ စည္းကမ္းခ်ိဳးေဖာက္မႈ ႏွင့္ ယာဥ္မေတာ္တ ဆမႈမ်ား ႏွင့္ ပတ္သက္ၿပီး အြန္လိုင္းကေန တိုက္႐ိုက္ ေမးျမန္းႏိုင္ၿပီ ျဖစ္

မိမိ ပိုင္ဆိုင္ေသာ ေမာ္ေတာ္ယာဥ္အား သက္တမ္းတိုးမည္ဆိုပါက ျပစ္မႈ ကင္းရွင္းေၾကာင္း သက္ေသခံအေထာက္အထား စာ႐ြက္စာတမ္း အား ပုဇြန္ေတာင္ၿမိဳ႕နယ္၊ ၅၁ လမ္း၊ မႈေသးစစ္ဌာနတြင္လည္းေကာင္း၊ ျမင္သာ/အင္းစိန္/ဒဂုံေတာင္/႐ြာသာႀကီး( ဒဂုံအေရွ႕)/သန္လ်င္ရွိ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန One Stop Service တြင္လည္းေကာင္း ထုတ္ယူရမည္ျဖစ္ဟု အသိေပးေၾကညာထား သည္။

ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမႉး႐ုံးအေနျဖင့္ Online Complaint Centre (OCC) အား ၂၀၁၅ ခုႏွစ္ကတည္းက စတင္ဖြင့္လွစ္ခဲ့ၿပီး ယာဥ္စည္း ကမ္းခ်ိဳးေဖာက္မႈမ်ားကို ယာဥ္၏အခ်က္အလက္အေထာက္အထားႏွင့္တကြ မွတ္တမ္း၊ ဗီဒီယို အေထာက္အထားျဖင့္ ေပးပို႔တိုင္ၾကား ႏိုင္ၿပီး တိုင္ၾကားလာသည့္ ယာဥ္ စည္းကမ္းခ်ိဳးေဖာက္မႈမ်ားကို လက္ခံစိစစ္၍ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ေမာ္ေ တာ္ယာဥ္မ်ား စည္းကမ္း ခ်ိဳးေဖာက္မႈႏွင့္ ယာဥ္မေတာ္တဆမႈမ်ားအား Online Complaint Centre (OCC) တြင္ အမႈရွိမရွိ တိုက္႐ိုက္ ေမးျမန္းႏိုင္ၿပီျဖစ္ေၾကာင္း ရန္ကုန္တိုင္းအမွတ္ (၂) ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမႉး႐ုံးမွ အသိေပးေၾကညာထားသည္။ ေမာ္ေတာ္ ယာဥ္ေတြ စည္း ကမ္းခ်ိဳးေဖာက္မႈရွိမရွိ ယာဥ္တိုက္မႈရွိမရွိဆိုတာကို Online Complaint Centre (OCC) ကို တိုက္႐ိုက္ေမးလို႔ရပါၿပီ။

တစ္ႏိုင္ငံလုံးက ျဖစ္ပြားတဲ့ ယာဥ္စည္းကမ္းခ်ိဳးေဖာက္မႈေတြ အမႈေတြကို Update ထိန္းခ်ဳပ္ထားတာရွိပါတယ္။ ယာဥ္ပိုင္ရွင္ေတြက မိမိကားကို အမႈ ရွိလားမရွိဘူးလားဆိုတာ OCC ကို ေမးျမန္းလို႔ရပါတယ္”ဟု ရန္ကုန္တိုင္းေဒသႀကီး အမွတ္ ၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ ဒုရဲမႉးဝင္းလြင္က ဇူလိုင္ ၁ ရက္တြင္ ေျပာၾကားသည္။

ယာဥ္ပိုင္ရွင္မ်ားအေနျဖင့္ မိမိ၏ယာဥ္တြင္ အမႈဖြင့္ အေရးယူခံထားရသည့္ ယာဥ္မေတာ္တဆမႈ၊ ယာဥ္စည္းကမ္းခ်ိဳးေဖာက္မႈမ်ားအား ရွိ /မရွိကို အလြယ္တကူသိရွိႏိုင္ေစရန္အတြက္ အမွတ္(၂)၊ ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမႉး႐ုံး၊ Online Complaint Centre (OCC) ႏွင့္ ဒုတပ္ ဖြဲ႕ ခြဲမႉး႐ုံးမ်ားသို႔ မိမိသိလိုေသာ ယာဥ္နံပါတ္ ကိုေဖာ္ျပကာ ဖုန္းျဖင့္ျဖစ္ေစ၊ Viber မွျဖစ္ေစ ႐ုံးခ်ိန္အတြင္းေမးျမန္းႏိုင္ေၾကာင္း သိရသည္။

ဆက္သြယ္ေမးျမန္းရမည့္ ဖုန္းနံပါတ္မ်ား မွာ Online Complaint Centre (OCC) ဝ၉ ၇၇၇ ၄၃၆ ၂၃၂ (Viber Only)၊ ဝ၉ ၇၇၇ ၄၃၆ ၂၃၃ (Viber Only)၊ အမွတ္ (၆) ယာဥ္ထိန္းရဲဒုတပ္ဖြဲ႕ခြဲမႉး႐ုံး (ရန္ကုန္-အေရွ႕)၊ ဝ၁ ၂၉၂ ၂၈၈၊ အမွတ္ (၇) ယာဥ္ထိန္းရဲဒုတပ္ဖြဲ႕ခြဲမႉး႐ုံး (ရန္ကုန္-အေနာက္) ဝ၁ ၈၆၀ ၄၈၁၂၊ အမွတ္ (၈) ယာဥ္ထိန္းရဲဒုတပ္ဖြဲ႕ခြဲမႉး႐ုံး (ရန္ကုန္-ေတာင္) ဝ၅၆ ၂၃၃၆၀၊ အမွတ္ (၉) ယာဥ္ထိန္းရဲဒု တပ္ဖြဲ႕ခြဲမႉး႐ုံး (ရန္ကုန္-ေျမာက္) ဝ၉ ၄၂၀ဝ ၆၆၈ ၅၅ (Viber Only) တို႔ျဖစ္ေၾကာင္း သိရသည္။

REF: ျမန္မာတိုင္းမ္

UNICODE

ယာဉ် စည်းကမ်းချိုးဖောက်မှု နှင့် ယာဉ်မတော်တ ဆမှုများ နှင့် ပတ်သက်ပြီး အွန်လိုင်းကနေ တိုက်ရိုက် မေးမြန်းနိုင်ပြီ ဖြစ်

မိမိ ပိုင်ဆိုင်သော မော်တော်ယာဉ်အား သက်တမ်းတိုးမည်ဆိုပါက ပြစ်မှု ကင်းရှင်းကြောင်း သက်သေခံအထောက်အထား စာရွက်စာတမ်း အား ပုဇွန်တောင်မြို့နယ်၊ ၅၁ လမ်း၊ မှုသေးစစ်ဌာနတွင်လည်းကောင်း၊ မြင်သာ/အင်းစိန်/ဒဂုံတောင်/ရွာသာကြီး( ဒဂုံအရှေ့)/သန်လျင်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန One Stop Service တွင်လည်းကောင်း ထုတ်ယူရမည်ဖြစ်ဟု အသိပေးကြေညာထား သည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးအနေဖြင့် Online Complaint Centre (OCC) အား ၂၀၁၅ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယာဉ်စည်း ကမ်းချိုးဖောက်မှုများကို ယာဉ်၏အချက်အလက်အထောက်အထားနှင့်တကွ မှတ်တမ်း၊ ဗီဒီယို အထောက်အထားဖြင့် ပေးပို့တိုင်ကြား နိုင်ပြီး တိုင်ကြားလာသည့် ယာဉ် စည်းကမ်းချိုးဖောက်မှုများကို လက်ခံစိစစ်၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မော်ေ တာ်ယာဉ်များ စည်းကမ်း ချိုးဖောက်မှုနှင့် ယာဉ်မတော်တဆမှုများအား Online Complaint Centre (OCC) တွင် အမှုရှိမရှိ တိုက်ရိုက် မေးမြန်းနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းအမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ အသိပေးကြေညာထားသည်။ မော်တော် ယာဉ်တွေ စည်း ကမ်းချိုးဖောက်မှုရှိမရှိ ယာဉ်တိုက်မှုရှိမရှိဆိုတာကို Online Complaint Centre (OCC) ကို တိုက်ရိုက်မေးလို့ရပါပြီ။

တစ်နိုင်ငံလုံးက ဖြစ်ပွားတဲ့ ယာဉ်စည်းကမ်းချိုးဖောက်မှုတွေ အမှုတွေကို Update ထိန်းချုပ်ထားတာရှိပါတယ်။ ယာဉ်ပိုင်ရှင်တွေက မိမိကားကို အမှု ရှိလားမရှိဘူးလားဆိုတာ OCC ကို မေးမြန်းလို့ရပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးဝင်းလွင်က ဇူလိုင် ၁ ရက်တွင် ပြောကြားသည်။

ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိ၏ယာဉ်တွင် အမှုဖွင့် အရေးယူခံထားရသည့် ယာဉ်မတော်တဆမှု၊ ယာဉ်စည်းကမ်းချိုးဖောက်မှုများအား ရှိ /မရှိကို အလွယ်တကူသိရှိနိုင်စေရန်အတွက် အမှတ်(၂)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး၊ Online Complaint Centre (OCC) နှင့် ဒုတပ် ဖွဲ့ ခွဲမှူးရုံးများသို့ မိမိသိလိုသော ယာဉ်နံပါတ် ကိုဖော်ပြကာ ဖုန်းဖြင့်ဖြစ်စေ၊ Viber မှဖြစ်စေ ရုံးချိန်အတွင်းမေးမြန်းနိုင်ကြောင်း သိရသည်။

ဆက်သွယ်မေးမြန်းရမည့် ဖုန်းနံပါတ်များ မှာ Online Complaint Centre (OCC) ဝ၉ ၇၇၇ ၄၃၆ ၂၃၂ (Viber Only)၊ ဝ၉ ၇၇၇ ၄၃၆ ၂၃၃ (Viber Only)၊ အမှတ် (၆) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်-အရှေ့)၊ ဝ၁ ၂၉၂ ၂၈၈၊ အမှတ် (၇) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်-အနောက်) ဝ၁ ၈၆၀ ၄၈၁၂၊ အမှတ် (၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်-တောင်) ဝ၅၆ ၂၃၃၆၀၊ အမှတ် (၉) ယာဉ်ထိန်းရဲဒု တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်-မြောက်) ဝ၉ ၄၂၀ဝ ၆၆၈ ၅၅ (Viber Only) တို့ဖြစ်ကြောင်း သိရသည်။

REF:   မြန်မာတိုင်းမ်

Add a Comment

Your email address will not be published. Required fields are marked *