ယာဥ္ ‌ေမာင္းလိုင္စင္မ်ား သက္တမ္း တိုးရန္ အတြက္ အြန္လိုင္း ကေနႀကိဳတင္၍ ဘိုကင္လုပ္လို႔ ရၿပီ

ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနမွ တစ္ႏိုင္ငံလုံး၌ ယာဥ္ေမာင္းလိုင္စင္ထုတ္ေပး ထားသည့္ အေရအတြက္ မွာ ၅၅ သိန္း ေက်ာ္ အထိ ရွိေန ရာ ရန္ကုန္တိုင္းေဒသ ႀကီးတြင္ ယာဥ္ေမာင္းလိုင္စင္ အေရ အတြက္ ၉ သိန္း ၁ ေသာင္း ေက်ာ္အထိ ထုတ္ေပးထားၿပီး ရန္ကုန္ တိုင္းတြင္ ယာဥ္မွတ္ပုံတင္ထားသည္ကားအစီးေရ ၆သိန္းေက်ာ္ နီးပါးအထိ ရွိသည္။ကိုဗစ္ေ ရာဂါကူးစက္မႈ ႀကိဳတင္ကာကြယ္ႏိုင္ရန္ အတြက္ ယာဥ္ေမာင္း လိုင္စင္ သက္တမ္းတိုးျခင္း လုပ္ငန္းအား ဇူလိုင္ ၆ ရက္မွစ၍ Online Booking စနစ္ ေျပာင္းလဲ က်င့္သုံးသြားမည္ ျဖစ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနက အသိေပးေၾကညာသည္။

အဆိုပါ ယာဥ္ေမာင္းလိုင္စင္သက္တမ္းတိုးျခင္းလုပ္ငန္းအား ကုန္းလမ္းပို႔ေဆာင္ေရး ၫြန္ၾကားမႈ ဦးစီးဌာန၏ ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ ခ႐ိုင္႐ုံးမ်ားႏွင့္ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ခ႐ိုင္႐ုံး မႏၲေလး(ေတာင္)၊ ခ႐ိုင္႐ုံး( မႏၲေလးေျမာက္)တို႔၌ ဇူလိုင္ ၆ ရက္မွစ၍ Online Booking စနစ္ ေျပာင္းလဲက်င့္သုံးသြားမည္ျဖစ္ရာ ယာဥ္ေမာင္းလိုင္စင္ သက္တမ္းတိုးလိုသည့္ သူမ်ားအေနျဖင့္ ဇူလိုင္ ၃ ရက္ မွစ၍ online Booking စနစ္အား http://rtad.gov.mm/ ဝက္ဘ္ဆိုက္တြင္ အနည္းဆုံး ၁ ရက္မွ အမ်ားဆုံး ၃၀ ရက္အထိ ႀကိဳတင္ ရက္ခ်ိန္း ယူရမည္ျဖစ္ေၾကာင္း သိရသည္။ အခုက ယာဥ္ေမာင္းလိုင္စင္ သက္တမ္းတိုးတာ အရမ္းမ်ားလာတယ္။

ကိုဗစ္ျဖစ္ပြားေန တဲ့ ကာလမွာ လူစုလူေဝးမျဖစ္ေစဖို႔နဲ႔ လူေတြအမ်ားႀကီး တန္းစီေနရတာမျဖစ္ေစဖို႔ Online Booking System ကို ဇူ လိုင္ ၆ ရက္ကစၿပီး ေျပာင္းလဲက်င့္သုံးတာပါ။ ရန္ကုန္တိုင္းကညန႐ုံးေတြနဲ႔ မႏၲေလးတိုင္း ကညန ႐ုံးေတြမွာ စတင္က်င့္ သုံးမွာပါ။ ဇူလိုင္ ၃ ရက္ကစၿပီး Online Booking စတင္ေလွ်ာက္ထားလို႔ရပါပီ။ “ဟု ေနျပည္ေတာ္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနမွ အႀကီး တန္းအရာရွိတစ္ဦးက ဇူလိုင္ ၃၀ ရက္တြင္ ေျပာသည္။အဆိုပါ Online Booking စနစ္အား ယာဥ္ေမာင္းလိုင္စင္ “က”၊ “က-၁” ၊ ” ခ ” ၊ ” ဃ ” ၊ ” င ” ၊ စသည့္ သက္တမ္းတိုး ယာဥ္ေမာင္းလိုင္စင္မ်ားအတြက္သာ ေဆာင္႐ြက္ေပးမည္ျဖစ္သည္။

သ”၊ ” ဂ “၊ ” ဌ ” ၊ ” စ ” ၊ ” ဟ ” ၊ စသည့္ သက္တမ္းတိုးမည့္ ယာဥ္ေမာင္းလိုင္စင္မ်ား၊ နယ္ဝင္ႏွင့္ ေပ်ာက္/ပ်က္ မိတၱဴေဆာင္႐ြက္ မည့္ ယာဥ္ေမာင္းလိုင္စင္ မ်ားသည္ Online Booking ရယူရန္မလိုဘဲ ယခင္အတိုင္း လုပ္ငန္းေဆာင္႐ြက္ရမည္ ျဖစ္သည္။

REF: ျမန္မာတိုင္းမ္

UNICODE

ယာဉ် ‌မောင်းလိုင်စင်များ သက်တမ်း တိုးရန် အတွက် အွန်လိုင်း ကနေကြိုတင်၍ ဘိုကင်လုပ်လို့ ရပြီ

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တစ်နိုင်ငံလုံး၌ ယာဉ်မောင်းလိုင်စင်ထုတ်ပေး ထားသည့် အရေအတွက် မှာ ၅၅ သိန်း ကျော် အထိ ရှိနေ ရာ ရန်ကုန်တိုင်းဒေသ ကြီးတွင် ယာဉ်မောင်းလိုင်စင် အရေ အတွက် ၉ သိန်း ၁ သောင်း ကျော်အထိ ထုတ်ပေးထားပြီး ရန်ကုန် တိုင်းတွင် ယာဉ်မှတ်ပုံတင်ထားသည်ကားအစီးရေ ၆သိန်းကျော် နီးပါးအထိ ရှိသည်။ကိုဗစ်ေ ရာဂါကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရန် အတွက် ယာဉ်မောင်း လိုင်စင် သက်တမ်းတိုးခြင်း လုပ်ငန်းအား ဇူလိုင် ၆ ရက်မှစ၍ Online Booking စနစ် ပြောင်းလဲ ကျင့်သုံးသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာသည်။

အဆိုပါ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းအား ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန၏ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်ရုံးများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံး မန္တလေး(တောင်)၊ ခရိုင်ရုံး( မန္တလေးမြောက်)တို့၌ ဇူလိုင် ၆ ရက်မှစ၍ Online Booking စနစ် ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ရာ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလိုသည့် သူများအနေဖြင့် ဇူလိုင် ၃ ရက် မှစ၍ online Booking စနစ်အား http://rtad.gov.mm/ ဝက်ဘ်ဆိုက်တွင် အနည်းဆုံး ၁ ရက်မှ အများဆုံး ၃၀ ရက်အထိ ကြိုတင် ရက်ချိန်း ယူရမည်ဖြစ်ကြောင်း သိရသည်။ အခုက ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးတာ အရမ်းများလာတယ်။

ကိုဗစ်ဖြစ်ပွားနေ တဲ့ ကာလမှာ လူစုလူဝေးမဖြစ်စေဖို့နဲ့ လူတွေအများကြီး တန်းစီနေရတာမဖြစ်စေဖို့ Online Booking System ကို ဇူ လိုင် ၆ ရက်ကစပြီး ပြောင်းလဲကျင့်သုံးတာပါ။ ရန်ကုန်တိုင်းကညနရုံးတွေနဲ့ မန္တလေးတိုင်း ကညန ရုံးတွေမှာ စတင်ကျင့် သုံးမှာပါ။ ဇူလိုင် ၃ ရက်ကစပြီး Online Booking စတင်လျှောက်ထားလို့ရပါပီ။ “ဟု နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အကြီး တန်းအရာရှိတစ်ဦးက ဇူလိုင် ၃၀ ရက်တွင် ပြောသည်။အဆိုပါ Online Booking စနစ်အား ယာဉ်မောင်းလိုင်စင် “က”၊ “က-၁” ၊ ” ခ ” ၊ ” ဃ ” ၊ ” င ” ၊ စသည့် သက်တမ်းတိုး ယာဉ်မောင်းလိုင်စင်များအတွက်သာ ဆောင်ရွက်ပေးမည်ဖြစ်သည်။

သ”၊ ” ဂ “၊ ” ဌ ” ၊ ” စ ” ၊ ” ဟ ” ၊ စသည့် သက်တမ်းတိုးမည့် ယာဉ်မောင်းလိုင်စင်များ၊ နယ်ဝင်နှင့် ပျောက်/ပျက် မိတ္တူဆောင်ရွက် မည့် ယာဉ်မောင်းလိုင်စင် များသည် Online Booking ရယူရန်မလိုဘဲ ယခင်အတိုင်း လုပ်ငန်းဆောင်ရွက်ရမည် ဖြစ်သည်။

REF:  မြန်မာတိုင်းမ်

Add a Comment

Your email address will not be published. Required fields are marked *