လက္ရွိထမ္းေဆာင္ဆဲ ကာကြယ္ေရးဦးစီးခ်ဳပ္ထက္ ျမင့္မားေသာ တာဝန္မ်ိဳးကိုထမ္းေဆာင္ရန္ ဆႏၵရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ေျပာ

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ တပ္မေတာ္တြင္ ေျခလွ်င္တပ္စုမႉးမွ စ၍ ဗိုလ္ခ်ဳပ္မႉးႀကီး ရာ ထူး အထိ အဆင့္ဆင့္တာဝန္ထမ္းေဆာ င္ခဲ့သည့္ ႏွစ္ေပါင္း ၄၀ ေက်ာ္ စစ္ေရးအေတြ႕အႀကဳံ ရွိေၾကာင္း၊ထို႔အျပင္ ျမန္မာ့ဆိုရွယ္လစ္ လမ္း စဥ္ပါတီ ေခတ္၊တပ္မေတာ္အစိုးရ ေခတ္ ႏွင့္ ပါတီစုံဒီမိုကေရစီ ေခတ္ ဆိုသည့္ ႏိုင္ငံေရး ေခတ္(၃)ခုကို ျဖတ္သန္းခဲ့ၿပီး ထိုကာလအတြင္း တိုင္းမႉး ၊ျပည္နယ္ဥကၠ႒ စသည့္တာဝန္မ်ားထမ္းေဆာင္ခဲ့၍ အုပ္ခ်ဳပ္ေရးအေတြ႕အႀကဳံလည္း ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာသည္။

ဒီအေတြ႕အႀကဳံေတြက တပ္မေတာ္ အတြက္ ေကာ၊ တိုင္းျပည္ အတြက္ေကာ၊ ျပည္သူအတြက္ေကာ၊ ဘယ္လိုပဲျဖစ္ျဖစ္ အေထာက္အကူ ရမယ့္ ဟာလို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ ကြၽန္ေတာ္က တာဝန္ထမ္းေဆာင္ ခဲ့တဲ့ ႏွစ္ေပါင္း ၄ဝ ေက်ာ္ကာလ အတြင္းမွာ တိုင္းျပည္အ တြက္၊ ျပည္သူအတြက္လုပ္ခဲ့တာ၊ ကြၽန္ေတာ္ ဆက္ၿပီးေတာ့ ဒီလိုပဲ သြားမွာပါ၊ ကြၽန္ေတာ္ ဘာကူညီေပးရမလဲ၊ ဘာလုပ္ ေပးရမလဲ၊ တိုင္း ျပည္အတြက္ ဘယ္လို လုပ္ေပးရမလဲ” ဟု ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာဆိုခဲ့သည္။

တပ္မေတာ္သည္ လႊတ္ေတာ္အတြင္း ကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္းေနရာယူထားသည့္အတြက္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သာ ဆႏၵ ရွိပါက ဒုတိယသမၼတ အျဖစ္ တာဝန္ထမ္းေဆာင္ႏိုင္မည္ ျဖစ္ေသာ္လည္း ထိုထက္ျမင့္မား သည့္ ႏိုင္ငံေတာ္သမၼတရာထူးကို ေမွ်ာ္မွန္းေန ပုံရေၾကာင္း သီေပါၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးရဲထြန္းက မွတ္ခ်က္ ျပဳသည္။၂၀၂၀ ေ႐ြးေကာက္ပြဲက်င္းပရန္ လပိုင္းသာ လိုေတာ့သည့္ အခ်ိန္တြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ လက္ရွိတာဝန္ ကာ ကြယ္ေရးဦးစီးခ်ဳပ္ရာထူး ထက္ ျမင့္မား ေသာ တာဝန္မ်ိဳးကိုထမ္းေဆာင္ရန္ ဆႏၵရွိေၾကာင္း ႐ုရွားႏိုင္ငံ Russia Today TV သတင္းဌာနႏွင့္ေတြ႕ဆုံစဥ္ ေျပာဆိုခဲ့သည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႏွင့္ Russia Today TV သတင္းဌာနတို႔၏ေတြ႕ဆုံေမးျမန္းမႈတြင္ ႐ုရွားသတင္းဌာနက ဗိုလ္ခ်ဳပ္မႉးႀကီး အား “ဒီထက္လုပ္ပိုင္ခြင့္ရွိၿပီး ေဆာင္႐ြက္ခြင့္ရွိတဲ့ တာဝန္ ေတြကိုထမ္း ေဆာင္ၿပီး ႏိုင္ငံ့အက်ိဳး၊ ကမာၻ႔ အက်ိဳးနဲ႔ ၿငိမ္းခ်မ္းေရးရရွိေအာင္ သယ္ပိုးထမ္းေဆာင္ ႏိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္” ဟု ေျပာဆိုခဲ့သည္။ယင္းေျပာဆိုမႈကို ဗိုလ္ခ်ဳပ္မႉးႀကီးက ” ယခုလိုေျပာၾကား ေပးတဲ့ အတြက္ အေဆြေတာ္ကိုေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္ လည္း ဒီလိုမ်ိဳး စိတ္ဆႏၵရွိပါတယ္” ဟု ျပန္လည္ေျပာဆိုခဲ့သည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ၂၀၂၀ အလြန္တြင္ သမၼတ လုပ္ရန္ ရည္မွန္းခ်က္ရွိေနသူျဖစ္ေၾကာင္း ျပည္တြင္း ျပည္ပ ႏိုင္ငံေရးေလ့ လာသုံးသပ္သူမ်ားကလည္း ယူဆထားသည္။ ႐ုရွားႏိုင္ငံ Arguments and Facts သတင္းဌာနႏွင့္ ဇြန္ ၂၃ ရက္ကေတြ႕ဆုံစဥ္ ၎အေန ျဖင့္ ႏိုင္ငံေရးလုပ္ရန္ စဥ္းစားေနေၾကာင္း ေျပာဆိုခဲ့သည္။

REF: ျမန္မာတိုင္းစ္

UNICODE

လက်ရှိထမ်းဆောင်ဆဲ ကာကွယ်ရေးဦးစီးချုပ်ထက် မြင့်မားသော တာဝန်မျိုးကိုထမ်းဆောင်ရန် ဆန္ဒရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တပ်မတော်တွင် ခြေလျှင်တပ်စုမှူးမှ စ၍ ဗိုလ်ချုပ်မှူးကြီး ရာ ထူး အထိ အဆင့်ဆင့်တာဝန်ထမ်းဆော င်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော် စစ်ရေးအတွေ့အကြုံ ရှိကြောင်း၊ထို့အပြင် မြန်မာ့ဆိုရှယ်လစ် လမ်း စဉ်ပါတီ ခေတ်၊တပ်မတော်အစိုးရ ခေတ် နှင့် ပါတီစုံဒီမိုကရေစီ ခေတ် ဆိုသည့် နိုင်ငံရေး ခေတ်(၃)ခုကို ဖြတ်သန်းခဲ့ပြီး ထိုကာလအတွင်း တိုင်းမှူး ၊ပြည်နယ်ဥက္ကဋ္ဌ စသည့်တာဝန်များထမ်းဆောင်ခဲ့၍ အုပ်ချုပ်ရေးအတွေ့အကြုံလည်း ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

ဒီအတွေ့အကြုံတွေက တပ်မတော် အတွက် ကော၊ တိုင်းပြည် အတွက်ကော၊ ပြည်သူအတွက်ကော၊ ဘယ်လိုပဲဖြစ်ဖြစ် အထောက်အကူ ရမယ့် ဟာလို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်က တာဝန်ထမ်းဆောင် ခဲ့တဲ့ နှစ်ပေါင်း ၄ဝ ကျော်ကာလ အတွင်းမှာ တိုင်းပြည်အ တွက်၊ ပြည်သူအတွက်လုပ်ခဲ့တာ၊ ကျွန်တော် ဆက်ပြီးတော့ ဒီလိုပဲ သွားမှာပါ၊ ကျွန်တော် ဘာကူညီပေးရမလဲ၊ ဘာလုပ် ပေးရမလဲ၊ တိုင်း ပြည်အတွက် ဘယ်လို လုပ်ပေးရမလဲ” ဟု ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့သည်။

တပ်မတော်သည် လွှတ်တော်အတွင်း ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနေရာယူထားသည့်အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ ဆန္ဒ ရှိပါက ဒုတိယသမ္မတ အဖြစ် တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်သော်လည်း ထိုထက်မြင့်မား သည့် နိုင်ငံတော်သမ္မတရာထူးကို မျှော်မှန်းနေ ပုံရကြောင်း သီပေါမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက မှတ်ချက် ပြုသည်။၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် လပိုင်းသာ လိုတော့သည့် အချိန်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လက်ရှိတာဝန် ကာ ကွယ်ရေးဦးစီးချုပ်ရာထူး ထက် မြင့်မား သော တာဝန်မျိုးကိုထမ်းဆောင်ရန် ဆန္ဒရှိကြောင်း ရုရှားနိုင်ငံ Russia Today TV သတင်းဌာနနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် Russia Today TV သတင်းဌာနတို့၏တွေ့ဆုံမေးမြန်းမှုတွင် ရုရှားသတင်းဌာနက ဗိုလ်ချုပ်မှူးကြီး အား “ဒီထက်လုပ်ပိုင်ခွင့်ရှိပြီး ဆောင်ရွက်ခွင့်ရှိတဲ့ တာဝန် တွေကိုထမ်း ဆောင်ပြီး နိုင်ငံ့အကျိုး၊ ကမ္ဘာ့ အကျိုးနဲ့ ငြိမ်းချမ်းရေးရရှိအောင် သယ်ပိုးထမ်းဆောင် နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ပြောဆိုခဲ့သည်။ယင်းပြောဆိုမှုကို ဗိုလ်ချုပ်မှူးကြီးက ” ယခုလိုပြောကြား ပေးတဲ့ အတွက် အဆွေတော်ကိုကျေးဇူးတင်ပါတယ်။ ကျွန်တော် လည်း ဒီလိုမျိုး စိတ်ဆန္ဒရှိပါတယ်” ဟု ပြန်လည်ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၀ အလွန်တွင် သမ္မတ လုပ်ရန် ရည်မှန်းချက်ရှိနေသူဖြစ်ကြောင်း ပြည်တွင်း ပြည်ပ နိုင်ငံရေးလေ့ လာသုံးသပ်သူများကလည်း ယူဆထားသည်။ ရုရှားနိုင်ငံ Arguments and Facts သတင်းဌာနနှင့် ဇွန် ၂၃ ရက်ကတွေ့ဆုံစဉ် ၎င်းအနေ ဖြင့် နိုင်ငံရေးလုပ်ရန် စဉ်းစားနေကြောင်း ပြောဆိုခဲ့သည်။

REF:   မြန်မာတိုင်းစ်

Add a Comment

Your email address will not be published. Required fields are marked *